ကားကုမ္ပဏီများ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြမည့် ရှန်ဟိုင်း ကားပြပွဲ 


ကားကုမ္ပဏီများ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြမည့် ရှန်ဟိုင်း ကားပြပွဲ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံတွင် Covid ပိတ်ပင်မှုများ ရုပ်သိမ်းပြီးနောက် ပထမဆုံး အဓိက မော်တော်ကားပြပွဲအဖြစ်  ရှန်ဟိုင်း မော်တော်ကားပြပွဲကို National Exhibition and Convention Center တွင် ဧပြီ ၁၈-၂၇ ပြသမည်။ 
၁၈ နှင့် ၁၉ မှာ မီဒီယာသမားများအတွက် ဖြစ်သည်။
၁၈ နှင့် ၁၉ မှာ ကားကုမ္ပဏီများက သတင်းစာ ရှင်းလင်းပွဲ ၁၅၀ ခု ကျင်းပမည်။ 
၂၀ နှင့် ၂၁ မှာ ကားလုပ်ငန်းကဏ္ဍ သက်မွေးကြသူများအတွက် ဖြစ်သည်။ 
အများပြည်သူ လာရောက်ကြည့်ရှုရန်အတွက်မှာ ၂၂ မှ ၂၇ အထိ ဖြစ်သည်။
.
.
ရှန်ဟိုင်းမော်တော်ကားပြပွဲ (20th Shanghai International Automobile Industry Exhibition) တွင် လျှပ်စစ် SUV ၊ လျှပ်စစ် ဆီဒင်၊ အကြမ်းခံ လျှပ်စစ်ကားများ ပွဲထုတ် ပြသဖို့ စီစဉ်နေကြသည်။ ကိုဗစ်ကြောင့် ရှန်ဟိုင်းကားပြပွဲ မကျင်းပခဲ့သည့် လေးနှစ်အတွင်း ပထမဆုံးသော အရောင်းပြပွဲကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြတော့မှာ ဖြစ်ပါသည်။
ကားတွေ ပြသတဲ့အပြင် ပင်ကိုမောင်းနှင် နည်းပညာ၊ ဘက်ထရီနည်းပညာ အစရှိသည့် နည်းပညာအမျိုးမျိုး အလုပ်ရုံ ဆွေးနွေးပွဲများလည်း ကျင်းပမည် ဖြစ်သည်။
.
ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ကားဈေးကွက်သည် လျှပ်စစ်ကားများဆီသို့ ခုန်ကူးနေသည်။ 
ယမန်နှစ်က လျှပ်စစ်ကားစစ်စစ် စီးရေ ၅.၄ သန်း ဝယ်စီးခဲ့ကြသည်။ ကမ္ဘာ့ရောင်းအား စီးရေ ၈ သန်း၏ သုံးပုံနှစ်ပုံနှင့် ညီမျှသည့်ပမာဏ ဖြစ်သည်။
ယမန်နှစ်က  ဓာတ်ဆီလျှပ်စစ် နှစ်မျိုးစပ်ဟိုက်ဘရစ် စီးရေ ၁.၅ သန်း ဝယ်စီးခဲ့ကြသည်။
.
“ဒီမှာ ကားဝယ်စီးသူတွေက ဓာတ်ဆီကားတွေကို စိတ်ဝင်စားမှု နည်းလာတယ်။  ဒါဟာ တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်ဖို့ နိုင်ငံခြား အမှတ်တံဆိပ်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ သူတို့ရဲ့ အကောင်းဆုံး အီးဗီကားတွေကို ပြသကြရမှာ ဖြစ်ပါတယ်" ဟု LMC Automotive မှ လေ့လာဆန်းစစ်သူ John Zeng က ပြောကြားသည်။

 

 


ပြပွဲကျင်းပသည့် National Exhibition and Convention Center  NECC သည် စတုရန်းပေ ၁၆ သန်း ကျယ်ဝန်းသည်။ ကမ္ဘာ့အကြီးဆုံး ပြပွဲ အဆောက်အဦများထဲမှ တစ်ခု ဖြစ်သည်။
.
တရုတ်နိုင်ငံတွင် စီးရေအရ အရောင်းရဆုံး အမှတ်တံဆိပ်ဖြစ်သည့် Volkswagen AG သည် မော်ဒယ် ၂၈ မျိုးကို ပြသရန် စီစဉ်ထားပြီး ထက်ဝက်သည် လျှပ်စစ်သုံး ကားများဖြစ်သည်။ 
တစ်ကြိမ် အားအပြည့်သွင်းရုံဖြင့် ၇၀၀ ကီလိုမီတာ (၄၃၅ မိုင်) အကွာအဝေးကို  သွားနိုင်မည်ဟု ကတိပေးထားသည့် ID.7 limousine ကို  စတင်မိတ်ဆက်မည်ဟု VW မှ ပြောကြားခဲ့ပါသည်။
 .
ကမ္ဘာ့အရောင်းရဆုံး လျှပ်စစ်ကားထုတ်လုပ်သူအဖြစ် Tesla Inc. နှင့် ယှဉ်ပြိုင်‌ေနသည့် တရုတ်ကားလုပ်ငန်း BYD Auto သည် ၎င်း၏ ဇိမ်ခံ Yangwang အမှတ်တံဆိပ်မှ  U9 စူပါကားကို ပထမဆုံးအကြိမ် ပြသသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရောင်းဈေး ယွမ် ၁ သန်း (ဒေါ်လာ ၁၄၅,၀၀၀) ရှိသော  U9 သည်  ၂ စက္ကန့်အတွင်း သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀(မိုင် ၆၀)သို့ အရှိန်မြှင့်နိုင်သည်ဟု ကားထုတ်လုပ်သူက ပြောသည်။ ထိုအတိုင်း အရှိန်တင်လျှင် ကားပေါ် ထိုင်လျက်သားမှာ လည်ပင်း နောက်လန်သွားနိုင်သည်။ 
.
 တရုတ်အမှတ်တံဆိပ် Aito သည် Huawei Technologies Ltd နှင့် လက်တွဲပြီး ထုတ်လုပ်ထားသည့်   M5 SUV ကားသစ်ကို ပြသရန် စီစဉ်နေသည်။
.
BMW AG က လျှပ်စစ်သုံး ကားမော်ဒယ်များ ပြသမည်။ မော်ဒယ်အသစ်အနေဖြင့် i7 M70L, XM Red Label, M760Le တို့ကို ပြသမည်။ 
M760Le သည် တရုတ်ပြည်တွင် ပထမဆုံးအကြိမ် ပြသခြင်း ဖြစ်သည်။
.
Ferrari အရည်အသွေးမြင့် အင်ဂျင်များဖြင့် ကားထုတ်လုပ်သော အီတလီမှ Maserati သည် Stellantis ၏ ကားလုပ်ငန်းတစ်ခု ဖြစ်ပြှီး ရှန်ဟိုင်းကားပွဲတွင် ၎င်း၏ ပထမဆုံး လျှပ်စစ် SUV ကို ပြသမည်။ 
.
တရုတ်ဇိမ်ခံ အီးဗီ အမှတ်တံဆိပ် NIO Inc. သည်  စျေးကွက်၏ ပရီမီယံ အမြင့်တန်းတွင်Tesla နှင့် ယှဉ်ပြိုင်နေသည်။ နောက်ဆုံးထုတ် SUV ဖြစ်သော ES6 မော်ဒယ်ကို ပြသမည်။ ခရီးတာ ကီလိုမီတာ ၆၁၀ (မိုင် ၃၈၀) အထိ သွားနိုင်သည့် SUV ဖြစ်သည်။
.
 Mercedes Benz က လျှပ်စစ် SUV ကို Maybach အမှတ်တံဆိပ်ဖြင့် ပြသမည်။ 
Geely Group နှင့်လည်းကောင်း၊ BYD Auto နှင့်လည်းကောင်း ဖက်စပ်လုပ်ငန်းများမှ လျှပ်စစ်ကားများကိုလည်း ပွဲထုတ်မည်။
.
Toyota သည်  bZ လိုင်းမှ မော်ဒယ်အသစ်နှစ်မျိုးကို ထုတ်ဖော်ပြသရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
.
Nissan က  Max-Out လျှပ်စစ်ကား နမူနာပုံစံကို ပြသမည်။
.
Honda တရုတ်ပြည်အတွက် ထုတ်လုပ်သည့် လျှပ်စစ်ကား အမှတ်တံဆိပ်  e:N မော်ဒယ် ရှေ့ပြေးပုံစံအသစ်တစ်ခု ပြသမည်။

Source apnews
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 276 times