Nio တွင် ယူအေအီး အစိုးရ ရန်ပုံငွေ CYVN ဒေါ်လာ ၂.၂ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံ 


Nio တွင် ယူအေအီး အစိုးရ ရန်ပုံငွေ CYVN ဒေါ်လာ ၂.၂ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Nio သည် ယူအေအီး အစိုးရရန်ပုံငွေ CYVN Holdings LLC ထံမှ ရင်းနှီးမြှုပ်နှံမှု အသစ်တစ်ခုကို ထပ်မံ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။

၎င်းရင်းနှီးမြှုပ်နှံမှု အသစ် ထည့်ဝင်ပြီးလျှင် CYVN သည် Nio တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဖြစ်လာမည်။ ၂၀.၁% ပိုင်ဆိုင်မည်။ 
နီယို ထူထောင်သူ၊ ဥက္ကဋ္ဌနှင့် စီအီးအို William Li သည် ရှယ်ယာ ၁၀.၅% ပိုင်ဆိုင်မည် ဖြစ်ပြီး အထူးမဲပေးအစီအစဉ်အရ မဲပေးပိုင်ခွင့် ၄၄.၂% ရရှိမည်ဖြစ်ပြီး မဲပေးပိုင်ခွင့် အများဆုံး ရရှိထားသူအဖြစ် ဆက်ရှိမည်။

CYVN Holdings သည် Nio မှ အသစ် ထုတ်ရောငသည့် ရှယ်ယာ စုစုပေါင်း ၂၉၄ သန်းကို ငွေသား ကန်ဒေါ်လာ ၂.၂ ဘီလီယံဖြင့် ဝယ်ယူမည်။ 


NIO မှာ ယူအေအီးက ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ
https://www.automobiledirectory.com.mm/article/nio-cyvn-holdings.html
 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

CYVN သည် ၂၀၂၃ ဇူလိုင်လတွင် အကြမ်းအားဖြင့် ကန်ဒေါ်လာ ၁.၁ ဘီလီယံကို နီယိုတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ရှယ်ယာ စုစုပေါင်း ၁၂၅ သန်း ဝယ်ယူခဲ့ပြီး နီယိုတွင် ရှယ်ယာ ၇% ပိုင်ဆိုင်ထားသူ ဖြစ်လာခဲ့သည်။ ထို့ပြင် ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ဒါရိုက်တာတဦး ခန့်ထားခွင့်လည်း ရရှိသည်။
အသစ်ထပ်မံရင်းနှီးမြှုပ်နှံခြင်းကြောင့် ဒါရိုက်တာ ၂ ဦးအထိ ခန့်ထားခွင့် ရရှိသည်။ 

နီယို၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် အဖွဲ့ဝင် ခုနစ်ဦး ထားရှိပါသည်။


Source CnEVData
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 199 times