NIO မှာ ယူအေအီးက ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ


NIO မှာ ယူအေအီးက ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ အခြေစိုက် နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း CYVN Holdings က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အခြေစိုက် အီးဗီလုပ်ငန်း NIO မှာ ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။


မော်တော်ယာဉ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု စူးစိုက်လုပ်ကိုင်သည့် CYVN Holdings က NIO ၏ အစုရှယ်ယာ ၈၄.၆ သန်းကို တစ်စုလျှင် $8.72 ဖြင့် ဝယ်ယူခဲ့ကြောင်း NIO က ပြောကြားပါသည်။ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၇၃၈ သန်းခန့် ဖြစ်ပြီး ငွေသားဖြင့် ပေးချေပါသည်။

NIO ၏ အစုရှယ်ယာများ ပိုင်ဆိုင်ထားသော တရုတ်နိုင်ငံ အကြီးဆုံး အင်တာနက်လုပ်ငန်းကြီးတစ်ခု ဖြစ်သော Tencent ထံမှ NIO ရှယ်ယာ ၄၀.၁ သန်းကိုလည်း CYVN Holdings က ဝယ်ယူပါသည်။ ထို့အတွက် CYVN က ကန်ဒေါ်လာ သန်း ၃၅၀ ပေးချေခဲ့ပါသည်။
သို့ဖြစ်ရာ ရှယ်ယာဝယ်ယူမှု နှစ်ကြိမ် စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁.၀၉ ဘီလီယံ ဖြစ်ပါသည်။
ယခုအခါ CYVN သည် NIO အစုရှယ်ယာ ၇% ကို ပိုင်ဆိုင်ထားပါသည်။ ဒါရိုက်တာဘုတ်အဖွဲ့တွင် ဒါရိုက်တာတစ်ဦး ပါဝင်ခွင့် ရရှိပါသည်။

NIO ဥက္ကဋ္ဌ William Li သည် ၂၀၁၄ ခုနှစ်တွင် NIO ကိုတည်ထောင်ခဲ့သည်။ ယခုအခါ William Li ၏ ကြွယ်ဝမှုမှာ Forbes ၏ အဆိုအရ ကန်ဒေါ်လာ ၁.၄ ဘီလီယံ ဖြစ်ပါသည်။ 
Forbes Global 2000 စာရင်းတွင် NIO ၏ အဆင့်မှာ ၁,၉၁၅ ဖြစ်ပါသည်။
NIO သည် New York Stock Exchange တွင် ၂၀၁၈ ခုနှစ်မှာ ရှယ်ယာများ စတင်ရောင်းချခဲ့ပါသည်။
Source forbes

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 296 times