ထိုင်းနိုင်ငံသို့ Neta V EV စီးရေ ၃,၆၀၀ ရောက်ရှိ


ထိုင်းနိုင်ငံသို့ Neta V EV စီးရေ ၃,၆၀၀ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံမှ ပင်လယ်ရေကြောင်းဖြင့် တင်ပို့သည့် Neta V EV စီးရေ ၃,၆၀၀ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်။ 
မေလတွင် ကြိုတင်အမှာစာများထံ စတင်ပေးပို့မည်။
Neta Auto (Thailand) ၏ မန်နေးဂျင်းဒါရိုက်တာ Alex Bao က “ထိုင်းလျှပ်စစ်ကားစျေးကွက်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာပါတယ်။ Neta အမှတ်တံဆိပ် စိတ်ဝင်စားမှု အမြောက်အမြား ရှိခဲ့ပါတယ်။ အမှာစာတွေလည်း လက်ခံရရှိခဲ့ပါတယ်"ဟု ပြောကြားသည်။
ယခုရောက်လာသည့် စီးရေ ၃,၆၀၀ သည် ယခင်ရရှိထားသော အမှာစာများထံ အရင်ဆုံးပေးပို့မည်။ ပြီးမှ မကြာသေးခင်က ကျင်းပခဲ့သော Bangkok International Motor Show တွက် လက်ခံရရှိခဲ့သည့် အမှာစာအသစ်များထံ ဆက်လက်ပေးပို့သွားမည်ဟု ပြောကြားသည်။


ယခင်ကနဦးဖော်ပြချက်
ထိုင်းနိုင်ငံသို့ Neta V EV စီးရေ ၃,၆၀၀ တင်ပို့
https://www.automobiledirectory.com.mm/article/-neta-v-ev.html


Source Bangkokpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 351 times