ထိုင်းနိုင်ငံသို့ Neta V EV စီးရေ ၃,၆၀၀ တင်ပို့


ထိုင်းနိုင်ငံသို့ Neta V EV စီးရေ ၃,၆၀၀ တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ် အီးဗီ ထုတ်လုပ်သူ Neta Motors သည် ထိုင်းနိုင်ငံသို့ Neta V လျှပ်စစ်ကား အစီးရေ ၃,၆၀၀ တင်ပို့ကြောင်း သတင်းထုတ်ပြန်ကြေညာသည်။
Neta Motors အနေဖြင့် အသုတ်တစ်သုတ်တည်းတွင် စီးရေအများဆုံး တင်ပို့ခြင်း ဖြစ်သည်။
ကားတင်သင်္ဘောသည် တရုတ်နိုင်ငံ ကွမ်ကျိုးရှိ နန်ရှာဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ မတ်လ ၂၁ ရက်တွင် ထွက်ခွာခဲ့ပါသည်။


Neta Motors ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံမှ မော်တော်ကားထုတ်လုပ်သူ Hozon Auto ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပါသည်။
ပြည်ပဈေးကွက်များသို့ တင်ပို့ရန်အတွက် 
Neta U International Edition
Neta V International Edition
Neta V Right-hand Edition
မော်ဒယ် ၃ မျိုး ထုတ်လုပ်ပါသည်။
အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသ ဈေးကွက်များသို့ တင်ပို့ပါသည်။

Neta V  အရွယ်အစားမှာ
အလျား 4070 mm
အကျယ် 1690 mm
အမြင့် 1540 mm
ခါးလျား  2420 mm
ဖြစ်ပါသည်။
ပါဝါအရ ဗားရှင်း ၃ မျိုး ထုတ်လုပ်ပါသည်။
40 kW (54 hp), 
55 kW (75 hp),  
70 kW (95 hp)
တို့ ဖြစ်ပါသည်။

ဘက်ထရီအရ ဗားရှင်း ၃ မျိုး ထုတ်လုပ်ပါသည်။
 31.15 kWh (ခရီးတာ 301 km), 
 31 kWh (ခရီးတာ 301 km),
 38.5 kWh (ခရီးတာ 401)
 တို့ ဖြစ်ပါသည်။
 
ထိုင်းဈေးကွက်အတွက် ဘက်ထရီ 38.5-kWh တပ်ဆင်ထားသည့် Neta V ဗားရှင်း တစ်မျိုးတည်းသာ တင်ပို့ပါသည်။
ထိုင်းဈေးကွက်တွင် Neta V ရောင်းဈေးမှာ ဘတ် ၅၄၉,၀၀၀ ($16,000) ဖြစ်ပါသည်။

 Neta V လျှပ်စစ် SUV ကို ထိုင်းဈေးကွက်တွင် ၂၀၂၂ ဩဂုတ်လတွင် စတင်မိတ်ဆက်ခဲ့ပါသည်။
 ခရီးတာ ၃၈၄ ကီလိုမီတာအထိ သွားနိုင်ပြီး အဖြူ၊ မီးခိုးရောင်၊ အစိမ်းနု၊ အပြာ၊ ပန်းရောင်၊ နှင့် အစိမ်းရောင် ကိုယ်ထည်အရောင် ၆ မျိုး ရွေးချယ်နိုင်ပါသည်။

Neta Motors သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကား ထုတ်လုပ်ရန် Neta Motors Thailand Factory ကို မတ်လ ၁၄ ရက်တွင် ပန္နက်ချခဲ့ပါသည်။ ၂၀၂၄ ဇန်နဝါရီလတွင် ၎င်းစက်ရုံမှ ကားထုတ်လုပ်မှု စတင်မည် ဖြစ်ပြီး တစ်နှစ် စီးရေ ၂ သောင်း ထုတ်လုပ်ပါမည်။

Neta Motors သည် ဝယ်ယူသူများထံ ကားစီးရေ ၂,၀၀၀ ကျော် ပေးပို့ခဲ့ပြီးပြီ ဖြစ်ပါသည်။
ထိုင်းနိုင်ငံတွင် အရောင်းရဆုံး လျှပ်စစ်ကားစစ်စစ် မော်ဒယ်မှာ BYD ATTO 3 ဖြစ်ပြီး Neta V က ဒုတိယအရောင်းရဆုံး ဖြစ်ပါသည်။
Source: iTHome; AutoHome; Dongchedi
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 251 times