Mercedes-Benz က မော်ဒယ်ရွေးချယ်မှု ဗျူဟာသစ် ကျင့်သုံး 


Mercedes-Benz က မော်ဒယ်ရွေးချယ်မှု ဗျူဟာသစ် ကျင့်သုံး 

Mercedes-Benz က ဈေးသက်သာတဲ့ မော်ဒယ် သုံးခု ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး ဖွံ့ဖြိုးရေးစရိတ်များကို ထိပ်တန်းမော်ဒယ်များ ဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမယ်လို့ Mercedes-Benz ရဲ့ စီအီးအို အိုလာ ရှာလေးနီးယပ်စ်က ပြောကြားပါတယ်။ 
    
ပိုဈေးကြီးတဲ့ ထုတ်ကုန်တွေကို စူးစိုက်လုပ်ကိုင်ပြီး အမြတ်ရာခိုင်နှုန်း မြင့်မြင့်မားမား ရရှိစေတဲ့ လမ်းကြောင်းကို မောင်းနှင်တော့မှာ ဖြစ်ပါတယ်။

 VW ကလည်း အမြတ်အရနည်းတဲ့ မော်ဒယ်အချို့တို့ကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။ 

ဆက်စပ် ဖတ်ရှုရန်
Volkswagen Group က လက်ရှိမော်ဒယ်များတွင် ၄၀% ကိုသာ ဆက်လက်ထုတ်လုပ်မည်


Mercedes-Benz က ၂၀၂၅ ဝန်းကျင်မှာ အမြတ် ၁၃~၁၅% ရရှိမယ့် မော်ဒယ်များကိုသာ ထုတ်လုပ်မယ်လို့ စီးအီးအို  အိုလာ ရှာလေးနီးယပ်စ်က ပြောကြားပါတယ်။

luxury အဆင့်အတန်းမှာ ရှိတဲ့ ထုတ်ကုန်များဖြင့် အမြတ်ရာခိုင်နှုန်း များများစားစား ရယူတာမှာ luxury ပစ္စည်းများ ထုတ်လုပ်ရောင်းချတဲ့ LVMH က အမြတ်မာဂျင် ၂၇% ရယူပါတယ်။ luxury ကား ထုတ်လုပ်တဲ့ Ferrari က အမြတ်၂၅%  ရယူပါတယ်။ Mercedes-Benz က ၁၅% အမြတ်မာဂျင် ထားရှိတာ နှိုင်းယှဉ်လိုက်ရင် နည်းနေတယ်လို့ Mercedes-Benzမှာ ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများက ရှုမြင်ကြပါတယ်။ ယခု‌လို ပြောကြားလိုက်ပြီးချိန်မှာ ရှယ်ယာဈေးနှုန်း ၄% ကျဆင်းသွားပါတယ်။
ဈေးသက်သာတဲ့ မော်ဒယ် ၇ မျိုးအနက် ၄ မျိုးကိုပဲ ဆက်လက်လုပ်ကိုင်မယ်လို့ ပြောကြားခဲ့ပြီး ဘယ်မော်ဒယ်တွေ ရပ်ဆိုင်းမယ် ဆိုတာကိုတော့ အသိပေးခြင်း မပြုသေးပါဘူး။
ဖြစ်နိုင်ခြေများတာက A-class နှင့် B- class တို့မှ မော်ဒယ်များ ဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်။

performance အဓိကထားတဲ့ AMG brand ၊ လမ်းကြမ်းမောင်း G-Class ၊ luxury brand Maybach တို့ကို စူးစိုက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ brand တွေ အကုန်လုံး လာမယ့်နှစ်အနည်းငယ်အတွင်း လျှပ်စစ်ကားမော်ဒယ်များ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

Read 552 times