ပထမဆုံး လျှပ်စစ်မီးသတ်ကား ဟောလီဝုဒ်မှာ စတင်အသုံးပြု


ပထမဆုံး လျှပ်စစ်မီးသတ်ကား ဟောလီဝုဒ်မှာ စတင်အသုံးပြု

လော့စ်အိန်ဂျယ်လိစ် မီးသတ်ဌာန Los Angeles Fire Department (LAFD) က Rosenbauer RTX လျှပ်စစ်မီးသတ်ကားတစ်စီးကို လက်ခံရယူပြီးနောက် ဟောလီဝုဒ်မှ မီးသတ်စခန်း အမှတ် (၈၂) မှာ ထားရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။ 

LAFD က ဩစတီးယားနိုင်ငံမှ ထရပ်ကားထုတ်လုပ်ရေးလုပ်ငန်း Rosenbauer  ထံမှ လျှပ်စစ်မီးသတ်ကား တစ်စီး မှာကြားထားကြောင်း ၂၀၂၀ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ မီးသတ်ကားကို ၂၀၂၂ မေလမှာ လက်ခံရရှိပြီး ယခုအခါ ဟောလီဝုဒ်မှာ နေရာချထားပေးလိုက်တာ ဖြစ်ပါတယ်။

RTX က လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်သော်လည်း အားသွင်းဖို့အတွက် မီးစက်ကို ဒီဇယ်အင်ဂျင် အသုံးပြုထားပါတယ်။

မီးစက် ဂျင်နရေတာက ဘက်ထရီ အထုပ်ကို 132-kwh ဖြင့် အားသွင်းပေးပါတယ်။ အင်ဂျင်က BMW အင်ဂျင် ဖြစ်ပါတယ်။

ဘက်ထရီထဲမှာ အားလက်ကျန် ၂၀% သာ ကျန်ရှိတဲ့အခါ အင်ဂျင်က အလိုအလျောက် စက်နိုးပြီး ဂျင်နရေတာကို လှည့်ပေးကာ ဓာတ်အားထုတ်စေပြီး ဘက်ထရီကို အားသွင်းပေးလိုက်ပါတယ်။ အားပြည့်ဖို့ ၄၅ မိနစ် အားသွင်းရပါတယ်။ 

RTX က ၄ ဘီးယက် ဖြစ်ပြီး ဘီးတွေကို မော်တာများဖြင့် လှည့်ပေးပါတယ်။  မော်တာများ စုစုပေါင်း ပါဝါ  350 hp ပုံမှန် ထုတ်ပေးပြီး လိုအပ်လျှင် 490 hp အထိ ထုတ်ပေးနိုင်ပါတယ်။ 

မီးသတ်ကားကို ဗိုက်လွတ်အောင် မြှင့်ပေးထားတဲ့ ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပါတယ်။ လမ်

သားအထက် ၁၉ လက်မ မြင့်ပါတယ်။ ရေကြီးတဲ့နေရာ ကယ်ဆယ်ရေး သွားဖို့အတွက် ရေအမြင့် ၃ ပေထဲမှာ မောင်းနှင်နိုင်ပါတယ်။ 

စတီယာရင်က တစ်ဘီးချင်းစီကို ထိန်းကျောင်းတာ ဖြစ်လို့ GMC Hummer EV လိုမျိုး ကဏန်းသွား သွားလို့ ရပါတယ်။ 

RTX  က ဘက်ထရီဖြင့် ၂ နာရီကြာ လုပ်ကိုင်နိုင်ပြီး ဒီဇယ်အင်ဂျင်ဖြင့် နောက်ထပ် ၆ နာရီ လုပ်ကိုင်နိုင်ပါတယ်။ ကားပေါ်မှ ရေပန့်ကို ဘက်ထရီလျှပ်စစ်စွမ်းအင်ဖြင့်ဖြစ်စေ၊ ဒီဇယ်အင်ဂျင်ဖြင့် ဖြစ်စေ လည်ပတ်နိုင်ပါတယ်။ 

ဘက်ထရီအထုပ်ကို နှစ်ခုခွဲထားပါတယ်။ တစ်ခုက အခြား လျှပ်စစ်ကားများနည်းတူ ကြမ်းခင်းအောက် ဝမ်းဗိုက်မှာ ကပ်ထိုင်ပေးထားပါတယ်။ နောက်တစ်ထုပ်ကိုတော့ ရှေ့ခေါင်းခန်းနောက်ဘက်မှာ ထောင်လိုက်အနေအထားဖြင့် တပ်ဆင်ပေးထားပါတယ်။

LAFD က ယခုတစ်စီးကို စမ်းသပ်သုံးစွဲဖို့ အတွက် မှာယူခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် နောက်ထပ် မှာယူဖို့ အစီအစဉ် မရှိသေးပါဘူး။ 

 #MyanmarAutomobileGuide

 Telegram Channel https://t.me/Guid4U

Source:motorauthority

Read 2159 times