ကားရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဆုံလည်နှင့် ဂဏန်းလျှောက်


ကားရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဆုံလည်နှင့် ဂဏန်းလျှောက်

 

  • Rivian R1T ရဲ့ ဆုံလည်စွမ်းရည်
  • GMC Hummer EV ရဲ့ ဂဏန်းလမ်းလျှောက်
  • Mercedes-Benz EQG ရဲ့ G-Turn



အချို့လျှပ်စစ်ကားတွေမှာ ဘီးတွေကို တစ်ဘီးချင်းစီ လိုချင်သလို လှည့်ပေးတာကြောင့် ကားကို ရှေ့နောက်မရွေ့ဘဲ tank turn လို့ခေါ်ကြတဲ့ ဆုံလည်လှည့်ခြင်းကို ကားက တွက်ချက်လုပ်ဆောင်ပေးနိုင်ပါတယ်။

Rivian မှ ထုတ်လုပ်တဲ့ လျှပ်စစ်ပစ်ကပ် R1T မော်ဒယ်မှာ ဘီးတစ်ဘီးချင်းစီအတွက် မော်တာတစ်လုံးစီ တပ်ဆင်ပေးထားပါတယ်။ ဘယ်ဘက်က ဘီးတွေနဲ့ ယာဘက်က ဘီးတွေကို ပြောင်းပြန်လားရာဖြင့် ကွန်ပျူတာက လည်ခိုင်းတဲ့အခါ ကားက ရှေ့လည်းမတိုး နောက်လည်းမဆုတ် ၃၆၀ ဒီဂရီ လည်နေပါတော့တယ်။

 

 

 

GMC Hummer EV မှာ ဂဏန်းလမ်းလျှောက် crab walk လုပ်ဆောက်ချက်အင်္ဂါရပ် ထည့်ပေးထားပါတယ်။ ရှေ့ဘီး နောက်ဘီး ဘီး၄ဘီးစလုံးကို ကွန်ပျူတာစတီယာရင်က ၁၀ ဒီဂရီ စောင်းပေးပြီး ဘီးတွေကို လှည့်ပေးလိုက်တဲ့အခါ ကားက ဒါးလွယ်ခုတ် ဘေးတိုက်ရွေ့သွားပါတယ်။
 

 



Mercedes-Benz လျှပ်စစ်ကား electric G-Class EQG ကလည်း ဆုံလည် tank turn လှည့်ပေးနိုင်ပါတယ်။ Mercedes က G-Turn လို့ အမည်ပေးထားပါတယ်။
 

 

 

 

Read 708 times