Kia Bongo ကိုယ်ရေးရာဇဝင်အကျဉ်း


Kia Bongo ကို မွေးဖွားပေးတဲ့ Kia Corporation ကို  Kia လို့ လူသိများတယ်။ ရှေးယခင်က  Kyungsung Precision Industry အမည်ဖြင့် လုပ်ငန်း လုပ်ကိုင်ခဲ့ပြီး နောက်တော့ Kia Motors Corporation ဖြစ်လာခဲ့ပြီး Kia Corporation ဖြစ်လာခဲ့ပါတယ်။ အခုတော့ Kia Corporation  ဖြစ်လာတယ်။ လူအများက အဖျားဆွတ်ပြီး Kia လို့ ခေါ်ဝေါ်ကြတယ်။ အသံထွက်က’ ကီယာ’ လို့ ထွက်ကြပေမဲ့ ကိုရီးယားသံမှာတော့ G သံနဲ့ ထွက်လို့ ဂီယာ လို့ ထွက်တယ်။ မော်တော်ကားအစိတ်အပိုင်း ဂီယာနဲ့ ဆင်ဆင်တူသလိုလို ဖြစ်နေလို့ ကီယာလို့ပဲ ထွက်ကြတာ ပိုကောင်းပါတယ်။ 
တောင်ကိုရီးယား နိုင်ငံတကာ မော်တော်ယာဉ်လုပ်ငန်းအဖြစ် ရောက်ရှိခဲ့ပါတယ်။ ဆိုးလ်မြို့တော်မှာ ရုံးချုပ် ထားရှိတယ်။  Kia Corporation မှာ Hyundai ရှယ်ယာ ၃၃.၈၈% ပါဝင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလျံ ဝန်းကျင် ရှိပါတယ်။ Hyundai လက်အောက်ခံ လုပ်ငန်း ခုရေ ၂၀ က ကျန်တဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ကြတာမှာ အနည်းဆုံး ၄ ဒသမ ၉ % မှ အများဆုံး ၄၅ ဒသမ ၃၇ အထိ ရှိပါတယ်။ 

Kia Bongo ကို  Kia K-Series သို့မဟုတ်  Kia Besta လို့ လည်း သိကြပြီး ၁၉၈၀ ခုနှစ်မှာ  Kia က ပစ်ကပ်ထရပ်အဖြစ် မွေးထုတ်ခဲ့ပါတယ်။ 

မွေးမွေးချင်းမှာ Bongo လို့ အမည်တွင်တယ်။ ၁၉၉၇ ခုနှစ် တတိယမျိုးဆက်မှာ Bongo Frontier လို့ အမည်ပေးခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ စတုတ္ထမျိုးဆက် ဖွားမြင်တဲ့အခါ အမည်မှာ "Frontier" မထည့်ထားတော့ဘဲ  Kia Bongo လို့ အမည်ပေးထားပြီး ဈေးကွက်တင်တဲ့အခါ  Kia Bongo III လို့ အမည်တပ်ပြီး ရောင်းပါတယ်။ 

Kia က တောင်ကိုရီးယား ပြည်တွင်းဈေးကွက်အတွက် ထရပ်ကား အသေးအကြီးတွေ ထုတ်လုပ်ခဲ့တာ အနည်းဆုံး နစ်ပေါင်း ၂၅ နှစ် ရှိပါပြီ။ နောက်ဘီးယက် Bongo ထရပ်တွေ ကိုရီးယားလမ်းတွေပေါ် ရောက်လာတာ ၁၉၀၈ ပြည့်နှစ်လွန်မှာ ဖြစ်ပါတယ်။ ဆလင်ဒါလေးလုံး ဒီဇယ်အင်ဂျင် ထိုင်ပေးထားတယ်။ Bongo Frontier က  ဥရောပနဲ့ တောင်အမေရိက ဈေးကွက်တွေကို အဉီးဆုံး တင်ပို့တဲ့ Kia မော်တော်ယာဉ်တွေထဲမှာ ပါဝင်တယ်။ 

ဥရောပ၊ ဩစတေးလျနဲ့ တောင်အမေရိက ဈေးကွက်တွေထဲမှာ Kia K-Series သို့မဟုတ် the Kia Frontier လို့ ခေါ်ဝေါ်တယ်။ အဲဒီကားတွေမှာ K2400 နဲ့ K2700 မော်ဒယ်တွေ ပါဝင်တယ်။ ထိုင်ဝမ်မှာ Kia Kaon လို့ ခေါ်ကြတယ်။ 
ဗီယက်နမ်မှာ  ပြည်တွင်း ကားထုတ်လုပ်ရေးလုပ်ငန်း THACO က ထုတ်လုပ်ခွင့် လိုင်စင်ဖြင့် ထုတ်လုပ်တာမှာ THACO Kia New Frontier ဆိုတဲ့ တရားဝင်အမည်ကို သုံးစွဲပါတယ်။ ဗီယက်နမ်ရှိ စက်ရုံမှာ ထုတ်လုပ်တဲ့ Kia  ကားအချို့ကို မြန်မာပြည် ဈေးကွက်ထဲသို့ တင်ပို့ပါတယ်။ 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

ဗီယက်နမ်မှ THACO ကားကုမ္ပဏီက ကားသစ်များ မြန်မာနိုင်ငံသို့ တင်ပို့

စတုတ္ထမျိုးဆက်

လက်ရှိထုတ်လုပ်နေတဲ့ မျိုးဆက်က စတုတ္ထမျိုးဆက် ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာKia Bongo III ကို စတင်ထုတ်လုပ်ခဲ့တယ်။ လေထုညစ်ညမ်းမှု ကာကွယ်ရေးစည်းမျဉ်း ဥပဒေတွေ ရှိတာကြောင့် 1.2-ton နဲ့ 1.4-ton အမျိုးအစားတွေ ထုတ်လုပ်မှုကို ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ရပ်ဆိုင်းခဲ့တယ်။ ရောင်းအား မကောင်းတာကြောင့် 1-ton နဲ့  1.3-ton မော်ဒယ်ထရပ်တွေကလွဲရင် ကျန်တာတွေ ထုတ်လုပ်မှုကို ၂၀၀၇ ခုနှစ်ကုန်မှာ ရပ်ဆိုင်းခဲ့တယ်။ 

ဖိလစ်ပိုင် ပြည်တွင်းဈေးကွက်မှာ  Bongo III  ကို K2700 မော်ဒယ်အဖြစ် ၂၀၀၅ မေလမှ ၂၀၁၈ ဩဂုတ်လအထိ ရောင်းချခဲ့တယ်။ နောက်တစ်လဖြစ်တဲ့စက်တင်ဘာလ ၂၀၁၈ မှာ K2500 ကို ရောင်းချတယ်။ အဲဒီမော်ဒယ်မှာ ယာဉ်မောင်းထိုင်ခုံအတွက် လေအိတ်ထည့်ပေးထားတယ်။ ၂၀၁၉ ခုနှစ်မှာ  K2500 Karga ကို စတင်ရောင်းချတယ်။ Karga က ဖိလစ်ပိုင်လို  "carry" လို့ ဆိုလိုတယ်။ 
ထိုင်းမှာတော့ Bongo III ကို Kia Jumbo လို့ ၂၀၀၅ ခုနှစ်ကတည်းက သိခဲ့ကြတယ်။
အင်ဒိုနီးရှားမှာတော့ Bongo III ကို Kia Big-Up လို့ ၂၀၀၄ ခုနှစ်ကတည်းက သိခဲ့ကြတယ်။ 

၂၀၀၇ ခုနှစ် အနှောင်းပိုင်းမှာ ဥရောပဈေးကွက်ထဲမှာ Kia K-Series ရောင်းချတာကို ရပ်လိုက်တယ်။ ရုရှားနဲ့ တူရကီတို့မှာတော့ ဆက်လက် ရောင်းချခဲ့တယ်။ 

Kia Bongo K2500, K2700, K3000S
၂၀၁၄ ခုနှစ်မှာ  Kia Bongo ကို ပြန်သတယ်။  ဂီယာ ၆ ချက် ဂီယာဘောက်စ်သုံးတဲ့ အင်ဂျင်ထိုင်ပေးထားတယ်။ ဘော်ဒီဒီဇိုင်းကိုလည်း ပြန်သပေးထားတယ်။ ရှေ့မျက်နှာကိုလည်း ယခင်နဲ့ မတူအောင် ပုံပြောင်းပေးပြီး လေဇကာ ထည့်ပေးထားတယ်။ ဘီးခွေက ၁၅ လက်မ အရွယ်ရှိတယ်။ 
 K2500, K2700, K3000S တို့မှာ ရွေးချယ်စရာအဖြစ် အင်ဂျင် ၃ မျိုးဖြင့် ထုတ်လုပ်ပေးထားတယ်။
တစ်မျိုးက  2.5 litre တာဘိုအင်ဂျင် ဖြစ်ပြီး 130 hp အထိ ပါဝါထုတ်ပေးနိုင်စွမ်း ရှိတယ်။ 
နောက်တစ်မျိုးက  2.7 litre အင်ဂျင်ဖြစ်ပြီး 80 hp ပဲ ပါဝါထုတ်ပေးနိုင်တယ်။ 
နောက်တစ်မျိုးက 3.0 liter အင်ဂျင်ဖြစ်ပြီး 85 hp ပဲ ပါဝါထုတ်ပေးနိုင်တယ်။ 
Cab ကိုလည်း ၃မျိုး ထုတ်လုပ်တယ်။ standard, super , double cabin နှစ်သက်ရာကို ရွေးနိုင်တယ်။ 
 K2500, the K2700 နဲ့  the K3000II တို့ထက် အရွယ်ပိုကြီးတဲ့  K400S နဲ့ K4000G တို့ကိုလည်း ထုတ်လုပ်တယ်။ 

လျှပ်စစ်ကား

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ လျှပ်စစ်ကား (EV - electric vehicle ) ကို တောင်ကိုရီးယား ပြည်တွင်းဈေးကွက်အတွက် စတင်မိတ်ဆက်ခဲ့တယ်။ အားအပြည့် တစ်ခါသွင်းထားရင် ခရီးတာ ၂၁၁ ကီလိုမီတာအထိ သွားနိုင်တယ်။ 
 

Read 1048 times