ဗီယက်နမ်မှ THACO ကားကုမ္ပဏီက ကားသစ်များ မြန်မာနိုင်ငံသို့ တင်ပို့


Truong Hai Auto (THACO) အဖွဲ့အစည်းသည် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းမော်တော်ကားထုတ်လုပ်သည့်

ကုမ္ပဏီတစ်ခုဖြစ်ပြီး မကြာသေးမီက Kia Solutos ၈၀ စီးကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။

၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက တစ်သုတ်ပြီး တစ်သုတ် မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ရာမှာ ယခုအသုတ်သည် တတိယအသုတ် အိမ်စီးကားများ ဖြစ်ပါတယ်။
အဆိုပါ မော်တော်ယာဉ်များကို Quang Nam ပြည်နယ်ရှိ THACO Chu Lai Industrial Park ရှိ THACO Kia Plant တွင် ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုနှစ်အတွင်း အာဆီယံနိုင်ငံများသို့ အိမ်စီးကား ၁၂၀၀ ပို့ဆောင်ရန် စီစဉ်ထားပြီး ၎င်းတို့အနက် အစီး ၆၀၀ ကျော်ကို မြန်မာနိုင်ငံသို့ တင်ပို့မှာဖြစ်ပါတယ်။

Ceratos နှင့် Solutos တင်ပို့မှုများအပြီး အခြားအမျိုးအစားများကိုလည်း မြန်မာနိုင်ငံသို့ တင်ပို့ရန်အခြေအနေ သုံးသပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကားအသစ်ကျပ်ချွတ် ရောင်းအား ကြီးထွားလာနေတဲ့အတွက် ယခုလို သုံးသပ်နေတာဖြစ်ပြီး အရှေ့တောင်အာရှအတွက် Kia Motors ၏ ကုန်ထုတ်လုပ်မှုနှင့် တင်ပို့မှု အချက်အချာဖြစ်လာရန် THACO ၏ ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။


THACO သည်ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်းက Kia Ceratos အစီး ၁၂၀ ကို မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်ပို့ဆောင်ခဲ့တာဖြစ်ပြီး ထို့နောက်မေလတွင် ကား ၈၀ စီးထပ်မံ တင်ပို့ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တွင် ရောင်းအားသည် ၂၂၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး လွန်ခဲ့သည့်သုံးနှစ်အတွင်း ငါးဆမြင့်တက်ခဲ့သည်ဟု မြန်မာနိုင်ငံမော်တော်ယာဉ်အသင်းက ဖော်ပြခဲ့ပါတယ်။ ကိုဗစ်ကာလ စီးပွားရေးစေ့ဆော်ဖို့ တင်သွင်းတဲ့ကားတွေအပေါ် စည်းကြပ်တဲ့ အခွန်အခတွေ လျှော့ချသတ်မှတ်ပေးတာကြောင့် ကားရောင်းအား ကောင်းနေမည်လို့ ခန့်မှန်းထားကြပါတယ်။ ဇွန်လတွင် ကားအစီးရေ ၂,၆၃၀ ကို ရောင်းချခဲ့ပြီး မေလနှင့် နှိုင်းယှဉ်လျှင် ၂၀.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။

Read 27356 times