Kawasaki က လျှပ်စစ်မော်တော်ဆိုင်ကယ် ပွဲထုတ်ပြသ


Kawasaki က လျှပ်စစ်မော်တော်ဆိုင်ကယ် ပွဲထုတ်ပြသ

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

ဂျာမနီနိုင်ငံ ကူလုံမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ မော်တော်ဆိုင်ကယ်၊ စကူတာ၊ လျှပ်စစ်စက်ဘီး ကုန်စည်ပြပွဲ  Intermot (international trade fair for motorcycles, scooters, and e-bikes) မှာ Kawasaki က လျှပ်စစ်မော်တော်ဆိုင်ကယ် ရှေ့ပြေးပုံစံတစ်ခုကို ပြသခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ကူလုံမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ မော်တော်ဆိုင်ကယ်၊ စကူတာ၊ လျှပ်စစ်စက်ဘီး ကုန်စည်ပြပွဲ  Intermot (international trade fair for motorcycles, scooters, and e-bikes) မှာ Kawasaki က လျှပ်စစ်မော်တော်ဆိုင်ကယ် ရှေ့ပြေးပုံစံတစ်ခုကို ပြသခဲ့ကြောင်း Myanmar Automobiles Guide တွင် တင်ပြခဲ့ပါသည်။ 


Kawasaki က လျှပ်စစ်မော်တော်ဆိုင်ကယ် ပွဲထုတ်ပြသ

https://www.automobiledirectory.com.mm/article/kawasaki-ev-production.html



မော်တာဖြင့် မောင်းနှင်တာဖြစ်လို့ ဆိုက်ကယ်သံတညံညံ မမြည်ဘဲ အသံဗလံတိတ်ဆိတ်ပါတယ်။
ယခုနှစ် မကုန်ခင်မှာ ထုတ်လုပ်ဖို့ လျာထားပါတယ်။


.
Kawasaki က လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် ဟိုက်ဘရစ်မော်တော်ဆိုင်ကယ် မော်ဒယ် စုစုပေါင်း ၁၀ မျိုးကို ၂၀၂၅ နောက်ဆုံးထားပြီး ထုတ်လုပ်သွားမယ်လို့  ယမန်နှစ်က ကြေညာခဲ့ပါတယ်။

Intermot ပြပွဲမှာ  Kawasaki Motors Europe မန်နေးဂျင်းဒါရိုက်တာ Mr. Masaya Tsuruno က Kawasaki Motors  ဥက္ကဋ္ဌ Mr. Hiroshi Ito ၏ မျှော်မှန်းချက်နှင့် ကတိကဝတ်များကို အမှာစကား ပြောကြားခဲ့ပါတယ်။
၂၀၂၂ နှစ်မကုန်ခင်တွင် ကမ္ဘာတစ်လွှားအတွက် အနည်းဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ် ၃ မျိုး ပွဲထုတ်ပြသရန် ကတိပြုထားပါတယ်။

 


.
Kawasaki ရဲ့ ရှေ့ပြေးပုံစံ လျှပ်စစ်မော်တော်ဆိုင်ကယ်က ဓာတ်ဆီအင်ဂျင်နှင့် နှိုင်းစာပါက 125cc မော်တော်ဆိုင်ကယ်နှင့် တန်းတူညီမျှပါတယ်။
ရှေ့ပြေးပုံစံလို့ ဆိုပေမယ့် များများစားစား အပြောင်းအလဲ ရှိမှာမဟုတ်ဘဲ လာမယ့်နှစ်မှာ စတင်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ 
 .
Mr. Tsuruno က Kawasaki အနေဖြင့် ဓာတ်ဆီအင်ဂျင်သုံး မော်တော်ဆိုင်ကယ် မော်ဒယ်များကိုလည်း ဆက်လက်ထုတ်လုပ်မယ်လို့ ပြောကြားပါတယ်။ ဓာတ်ဆီအစား ဘိုင်အိုလောင်စာဆီ၊ ဟိုက်ဒြိုဂျင် စသည်တို့ကို အစားထိုးသုံးစွဲနိုင်ဖို့ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားပါတယ်။
Source: Kawasaki

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 2640 times