အိန္ဒိယမှ Tata Motors အီးဗီ SUV မော်ဒယ်အသစ် ၂ စီး ပွဲထုတ် ပြသ


အိန္ဒိယမှ Tata Motors အီးဗီ SUV မော်ဒယ်အသစ် ၂ စီး ပွဲထုတ် ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tata Motors သည် လျှပ်စစ် sport utility vehicle -SUV  နှစ်စီးကို ထုတ်ဖော်ပြသခဲ့သည်။
အိန္ဒိယအီးဗီဈေးကွက်တွင် ဦးဆောင်သူနေရာ ရရှိထားသည်ကို ထပ်မံအားဖြည့်တင်းပေးလိုက်ခြင်း ဖြစ်သည်။

 

 

လျှပ်စစ် SUV မော်ဒယ်အသစ်ကို Sierra ဟု အမည်ပေးထားသည်။ Tata Motors ၏ လူကြိုက်များသော SUV Harrier ၏ မူကွဲမော်ဒယ် အဖြစ် Sierra ကို ထုတ်လုပ်သည်။
နောက်ထပ် အီးဗီမော်ဒယ်မှာ စိတ်ကူးပုံဖော်အဆင့် မော်ဒယ်ဖြစ်ပြီး Avinya ဟု အမည်ပေးထားသည်။ သက္ကတဝေါဟာရဖြစ်ပြီး ဆန်းသစ်တီထွင်ခြင်းဟု အဓိပ္ပာယ်ရသည်။ Avinya သည် ၂၀၂၅ တွင် ဈေးကွက်ထဲ ရောက်လာမည် ဖြစ်သည်။
Tata Motors က ၂၀၂၅ တွင် ထုတ်လုပ်သည့်ကားများ၏ ၂၅% သည် အီးဗီဖြစ်ရမည်၊ ၂၀၃၀ တွင် ၅၀% ဟု ရည်မှန်းချက် ချမှတ်ထားသည်ဟု 
Tata Motors Passenger Vehicles နှင့် Tata Passenger Electric Mobility ၏ မန်နေဂျင်းဒါရိုက်တာ Sailesh Chandra က ပြောကြားသည်။

"လျှပ်စစ်ဖြင့် ရွေ့လျားသွားလာရေးဆီသို့ အသွင်ကူးပြောင်းရေးဟာ ကျွန်တော်တို့ မျှော်မှန်းထားတာထက် အများကြီး ပိုမြန်လိမ့်မယ်" ဟု အိန္ဒိယမှ ကုမ္ပဏီစုကြီး Tata Sons ၏ အမှုဆောင် ဥက္ကဋ္ဌ Chandrasekaran က ပြောကြားသည်။
ကုမ္ပဏီသည် ၂၀၄၀ ခုနှစ်တွင် အိမ်စီးကားဌာနခွဲတွင် ကာဗွန် အသားတင် ထုတ်လွှတ်မှု သုညဖြစ်စေရေးကို ရရှိရန် ရည်မှန်းထားသည်။ ၂၀၄၅ တွင် လုပ်ငန်းသုံးယာဉ်များသည်လည်း ကာဗွန် အသားတင် ထုတ်လွှတ်မှု သုညဖြစ်ရမည်ဟု ရည်မှန်းထားသည်။

အိန္ဒိယကားဈေးကွက်တွင် ဂျပန်ကုမ္ပဏီ Maruti Suzuki သည် စီးရေ အများဆုံး ရောင်းရပြီး ပထမနေရာ ရရှိထားသည်။ တောင်ကိုရီးယား ကုမ္ပဏီ Hyundai Motor က ဒုတိယနေရာတွင် ရှိသည်။ အိန္ဒိယပြည်တွင်းလုပ်ငန်းဖြစ်သော Tata Motors က တတိယနေရာ ရရှိထားသည်။
မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် အီးဗီ စီးရေ ၅၀,၀၀၀ ရောင်းချနိုင်ဖို့ Tata Motors ရည်မှန်းထားသည်။

အိန္ဒိယအီးဗီဈေးကွက်တွင် ၂ ဘီးတပ်ယာဉ်များက အများစုဖြစ်သည်။ ၄ ဘီးတပ်ယာဉ်သည် ၂၀၂၂ တွင် ၃.၉% မျှသာ ဈေးကွက်ဝေစု ရရှိသည်။

Tata Motors သည် အီးဗီလုပ်ငန်းခွဲအတွက် ၂၀၂၁ တွင် ပုဂ္ဂလိကပိုင် ရှယ်ယာရင်းနှီးမြှုပ်နှံမှု လုပ်ငန်း TPG နှင့် Abu Dhabi  အစိုးရရန်ပုံငွေ ADQ တို့ထံမှ ရင်းနှီးမြှုပ်နှံမှု ရူပီ ၇၅ ဘီလီယံ (ကန်ဒေါ်လာ ၉၁၆ သန်း) ရရှိထားသည်။

အိန္ဒိယဈေးကွက်ထဲသို့ နိုင်ငံတကာ အီးဗီလုပ်ငန်းများ အရှိန်တင် ဝင်လာပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာနေသည်ကို Tata Motors ရင်ဆိုင်နေရသည်။

အိန္ဒိယအစိုးရ၏ အီးဗီရည်မှန်းချက်မှာ ၂၀၃၀ ခုနှစ် ရောင်းအားတွင် လုပ်ငန်းသုံးယာဉ်နှင့် ထရပ် ၇၀% ၊ အိမ်စီးကား ၃၀% ၊ ဘတ်စ်ကား ၄၀%၊ ၂ ဘီးတပ်နှင့် ၃ ဘီးတပ် ၈၀% သည် အီးဗီဖြစ်ရမည်။ 
အိန္ဒိယအစိုးရသည် အီးဗီများ လမ်းများပေါ် ရောက်ရှိလာစေရန် အခွန်များ လျှော့ပေါ့ပေးသည်။ မက်လုံးပေးသည့် အစီအစဉ် ၂ ခု ထားရှိသည်။
မက်လုံးပေးအစီအစဉ်တစ်ခုမှာ ရူပီ ၂၆၀ ဘီလီယံကို ၂၀၂၂ မှ ၂၀၂၇ အထိ ကာလအတွင်း သုံးစွဲမည်။ လျှပ်စစ်ကား၊ ဟိုက်ဒြိုဂျင်လောင်စာဆဲလ်ကားတို့ကို အိန္ဒိယပြည်တွင်းမှာ ထုတ်လုပ်လျှင် သတ်မှတ်ထားသည့် ထောက်ပံ့ကြေးကို ရရှိမည်။
ကျန်အစီအစဉ်မှာ ရူပီ ၁၈၀ ဘီလီယံ သုံးစွဲမည်ဖြစ်ပြီး အိန္ဒိယပြည်တွင်းမှာ အီးဗီဘက်ထရီ ထုတ်လုပ်ရေးအတွက် ရည်ရွယ်ထားသည်။

အိန္ဒိယ အီးဗီဈေးကွက်ထဲမှာ တောင်ကိုရီးယားမှ Hyundai က Ioniq 5 EV မော်ဒယ် ရောင်းချသည်။ တရုတ်ပြည်မှ BYD က လျှပ်စစ်ဆီဒင် Seal ဖြင့် အိန္ဒိယ အီးဗီဈေးကွက်ထဲ ဝင်မည်။ 
အိန္ဒိယပြည်တွင်း ကားစီးရေ အများဆုံး ထုတ်လုပ်သည့် Maruti Suzuki က ၎င်း၏ ပထမဆုံး အီးဗီကို ပြသခဲ့သည်။

 ဈေးနှုန်း အတန်းအစားအရ ကြည့်လျှင် Hyundai  နှင့် BYD တို့သည် ပရီမီယံတန်းမှာ ဖြစ်ပြီး ရောင်းဈေး ကန်ဒေါ်လာ ၃၀,၀၀၀ အထက်မှာ ရှိသည်။ Tata Motors က ကန်ဒေါ်လာ ၁၀,၀၀၀ ဝန်းကျင် အနိမ့်မှာ ရောင်းချသည်။ Tata Motors မှ ထုတ်လုပ်သော အီးဗီ Tiago မော်ဒယ်သည် အိန္ဒိယ အီးဗီဈေးကွက်တွင် ဈေးအပေါဆုံး ဖြစ်သည်။
 
Tata Motors သည် compressed natural gas CNG အင်ဂျင်ဖြင့်လည်း Altroz hatchback နှင့် Punch SUV တို့ကို ထုတ်လုပ်ပါသည်။


XPRES T EV အမှာစာ စီးရေ ၁၀,၀၀၀ အမှာစာ Tata Motors ထပ်မံရရှိ

https://www.automobiledirectory.com.mm/article/xpres-t-ev-tata-motors.html



Source Asia nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 4470 times