စင်ကာပူတွင် နည်းပညာမြင့် လျှပ်စစ်ကားစက်ရုံ ဟွန်ဒိုင်း ဖွင့်လှစ်


စင်ကာပူတွင် နည်းပညာမြင့် လျှပ်စစ်ကားစက်ရုံ ဟွန်ဒိုင်း ဖွင့်လှစ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


ဟွန်ဒိုင်းသည် စင်ကာပူတွင် အဆင့်မြင့်နည်းပညာသုံး လျှပ်စစ်ကားစက်ရုံ Hyundai Motor Group Innovation Centre Singapore ကို အင်္ဂါနေ့ (နိုဝင်ဘာ ၂၁ ရက်)တွင် ဖွင့်လှစ်လိုက်သည်။

၎င်းစက်ရုံသည် လာမည့်ဆယ်စုနှစ်များအတွင်း ကုမ္ပဏီ၏ လျှပ်စစ်ကား မဟာဗျူဟာအတွက် မဏ္ဍိုင်တစ်ခုဖြစ်လာမည်ဟု ဟွန်ဒိုင်းက ပြောကြားသည်။

 

 Hyundai Motor Group Innovation Centre Singapore တွင် လုပ်ငန်းဆောင်တာများ၏ ထက်ဝက်ကို ရိုဘော့ ၂၀၀ က လုပ်ကိုင်ပေးသည်။ ရိုဘော့များသည် တပ်ဆင်ခြင်းနှင့် စစ်ဆေးခြင်းများ ပြုလုပ်မည် ဖြစ်သည်။
ကားထုတ်လုပ်သည့် နည်းလမ်းသစ်ကို အသုံးပြုထားသည်။ သမားရိုးကျ ကွန်ဗေယာ သုံးသည့် နည်းလမ်းကို မသုံးတော့ချေ။

 

စက်ရုံကို ယခုနှစ် အစောပိုင်းကတည်းက လည်ပတ်ခဲ့ပြီး ယခုမှ တရားဝင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
စက်ရုံသည် တနှစ်လျှင် အီးဗီ အစီးရေ ၃ သောင်းအထိ ထုတ်လုပ်နိုင်သည်။

 ရင်းနှီးမြှုပ်နှံမှု ပမာဏကို ပြောကြားခြင်း မပြုသော်လည်း  ယခင်က မီဒီယာများတွင်စင်ကာပူဒေါ်လာ သန်း ၄၀၀ (အမေရိကန်ဒေါ်လာ သန်း ၃၀၀) ဟု ဖော်ပြခဲ့ပါသည်။


ယခင်တင်ပြချက်

Hyundai  အီးဗီများ စင်ကာပူတွင် တပ်ဆင်ထုတ်လုပ်တော့မည်

https://www.automobiledirectory.com.mm/article/hyundai-to-roll-out-first-spore-assembled-car.html


လက်ရှိတွင် အဆိုပါစက်ရုံသည် IONIQ 5 လျှပ်စစ်ကားနှင့် အပြည့်အဝ ပင်ကိုမောင်းနှင်သည့် IONIQ 5 "robotaxi" ကို ထုတ်လုပ်လျက်ရှိသည်။ IONIQ 5 ရိုဘိုတက္ကဆီသည် ယာဉ်မောင်း မလိုအပ်သည့် မောင်းသူမဲ့ယာဉ်အမျိုးအစား ဖြစ်ပါသည်။
၎င်းရိုဘိုတက္ကဆီများကို အမေရိကန်နိုင်ငံ မြို့ကြီးများတွင် အသုံးပြုမည်ဖြစ်ပြီး လပ်စ်ဗေးဂတ်မြို့တွင် ပွဲဦးထွက် စတင်အသုံးပြုမည်။
ယခုနှစ်တွင် IONIQ 5 ရိုဘိုတက္ကဆီ အစီး ၃၀ ထုတ်လုပ်မည် ဖြစ်ပြီး ၂၀၂၄ တွင် အစီး ၁၅၀ ထုတ်လုပ်မည်။

နောက်နှစ်တွင်  IONIQ 6 ဆီဒင် စတင်ထုတ်လုပ်မည်။


Source: AFP
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1105 times