လက်မှတ်ရ တပတ်ရစ် အီးဗီများ ရောင်းချရန် ဟွန်ဒိုင်း ရည်မှန်းထား


 လက်မှတ်ရ တပတ်ရစ် အီးဗီများ ရောင်းချရန် ဟွန်ဒိုင်း ရည်မှန်းထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Hyundai Motor သည် လက်မှတ်ရ ကားအစီးရေ ၁၅,၀၀၀ ကို ယခုနှစ်တွင် ရောင်းချရန် ရည်မှန်းထားပြီး မတ်လမှ စတင်ကာ လျှပ်စစ်ကားများကိုလည်း စတင် ထည့်သွင်းရောင်းချမည် ဖြစ်သည်။ 

 

အကြောင်းကြောင်းကြောင့် နှောင့်နှေးကြန့်ကြာနေခဲ့ပြီးနောက် ဟွန်ဒိုင်းသည် ၂၀၂၃ ခုနှစ်  အောက်တိုဘာလတွင် ကြံ့ခိုင်မှု စစ်ဆေးထားသည့် လက်မှတ် ရရှိသော တပတ်ရစ် မော်တော်ယာဉ်များ ရောင်းချသည့်လုပ်ငန်းကို စတင်ခဲ့သည်ကို AutomobileGuide တွင် တင်ပြခဲ့ပါသည်။

 


 

Hyundai Motor ကားအဟောင်း ဝယ်ရောင်းလုပ်ငန်း စတင်

https://www.automobiledirectory.com.mm/article/hyundai-certified-used-car.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


လုပ်ငန်းစတင်ချိန် ယမန်နှစ် အောက်တိုဘာလမှစ၍ ယခုနှစ် ဇန်နဝါရီလအထိ ၁,၀၅၇ စီးကို အွန်လိုင်းနှင့် မြေပြင်အရောင်းပြခန်းတို့တွင် ရောင်းချခဲ့သည်။ 

 

ဟွန်ဒိုင်းသည် အင်ဂျင်သုံး တပတ်ရစ်ကားများကိုသာ ဝယ်ရောင်း လုပ်ကိုင်လျက် ရှိသည်။

 

လာမည့်မတ်လမှစ၍ တပတ်ရစ် အီးဗီများကိုလည်း ဝယ်ရောင်း လုပ်ကိုင်တော့မည် ဖြစ်သည်။ 

တပတ်ရစ် အီးဗီမှ ဘက်ထရီထုပ်အတွက် အာမခံချက် ပေးနိုင်ရန် Namyang R&D Center နှင့် ဟွန်ဒိုင်းတို့ ပူးပေါင်းပြီး နည်းလမ်း ရှာဖွေနေသည်။

မည်သို့မည်ပုံ စစ်ဆေးပြီး မည်သို့သော အာမခံချက်ပေးမည်ဆိုသည်ကို မတ်လမတိုင်ခင် ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်။ 

 

ဟွန်ဒိုင်းမှ ထုတ်လုပ်သည့် IONIQ စီးရီးအပြင် Kona Electric အပါအဝင် အခြားအီးဗီမော်ဒယ်များကိုပါ ရောင်းချမည် ဖြစ်သည်။ 

 

 ဟွန်ဒိုင်းသည် ကိုရီးယားတွင်Yongin နှင့် Yangsan တို့တွင် တပတ်ရစ်ကား အရောင်းစင်တာ တခုစီ ဖွင့်လှစ်ထားသည်။ နောက်ထပ် တပတ်ရစ်ကား အရောင်းစင်တာများ ဖွင့်လှစ်ရန် စီစဉ်နေသည်။ 

 

Source koreatimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 234 times