Hyundai Motor ကားအဟောင်း ဝယ်ရောင်းလုပ်ငန်း စတင်


Hyundai Motor ကားအဟောင်း ဝယ်ရောင်းလုပ်ငန်း စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Hyundai Motor မှ ဝယ်ရောင်းလုပ်ကိုင်သည့် တပတ်ရစ်ကားများကို  South Gyeongsang ပြည်နယ်၊ Yangsan ရှိ ကုမ္ပဏီ၏ လက်မှတ်ရ အရောင်းစင်တာတွင် ရပ်ထားသည်ကို တွေ့ကြရသည်။

 

• ကုမ္ပဏီသည် တစ်ပတ်ရစ်ကား ဝယ်ရောင်း လုပ်ငန်းကို အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ 

• Hyundai နှင့် Kia တို့မှ ထုတ်လုပ်သည့် ကားများကိုသာ ဝယ်ယူပါသည်။ 

• သက်တမ်း ၅ နှစ်အောက် ကားများကိုသာ ရောင်းချမည် ဖြစ်သည်။


Hyundai Motor သည် တပတ်ရစ်ကား ဝယ်ယူသူများအတွက် သင့်တင့်လျောက်ပတ်သော ဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အွန်လိုင်း မှသာ ရောင်းချမည် ဖြစ်သည်။

ရောင်းချသည့် ကားတိုင်းအတွက် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးပေးထားသည့် လက်မှတ် ထုတ်ပေးမည် ဖြစ်သည်။

ဟွန်ဒေး လက်မှတ်ရ တပတ်ရစ်ကား Hyundai-certified used car များကို အောက်တိုဘာလ ၂၄ ရက်တွင် စတင်ရောင်းချမည်။
ကုမ္ပဏီသည်  ဝင်ငွေရမည့် လမ်းကြောင်းတစ်ခုအဖြစ် တပတ်ရစ်ကား ဝယ်ရောင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် ကြေညာခဲ့ပြီး ၃ နှစ်အကြာတွင် စတင်လိုက်ခြင်း ဖြစ်သည်။

တောင်ကိုရီးယား တပတ်ရစ်ကားဈေးကွက်တွင် ကားဝယ်ယူသူ အများစုက ယုံကြည်စိတ်ချရမှု မရရှိသည့်အတွက် Hyundai Motor က တပတ်ရစ်ကား ဝယ်ယူသူများအကြား ယုံကြည်အားကိုးမှု ရရှိအောင် စနစ်တကျ လုပ်ကိုင်ပေးသွားမည် ဖြစ်သည်။ 

တပတ်ရစ်ကား ဝယ်စီးဖို့ စိတ်မချရသဖြင့် မဝယ်ကြသူများအတွက်လည်း ရည်ရွယ်သည်။

တပတ်ရစ်ကား ဝယ်ယူသည်မှအစ ကားကို စစ်ဆေးပြုပြင်ပေးခြင်းအလယ်၊ ဝယ်ယူသူထံ ရောင်းချသည့် အဆုံးသတ်အထိ ကုမ္ပဏီက အစစအရာရာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။ 

ယမန်နှစ်က ကားဟောင်း ၂.၃၈ သန်းကျော် ရောင်းချခဲ့သည်။ ကားအသစ် ကနဦးမှတ်ပုံတင်သည့် အစီးရေထက် ၁.၄ ဆ ပိုများခဲ့သည်။ 
၎င်းကားတွင် Hyundai နှင့် Genesis အစီးရေ ၉ သိန်းဝန်းကျင်ပါဝင်သည်။ ဈေးကွက်ဝေစု ၃၈% ရရှိခဲ့သည်။ 

Hyundai က ယခုနှစ် လက်ကျန်လများအတွက် ရောင်းအားကို  အစီးရေ ၅,၀၀၀ ဟု လျာထားသည်။ 


Hyundai ထံသို့ ကားအဟောင်းကို ရောင်းချရန်အတွက် အွန်လိုင်းပလက်ဖောင်းတစ်ခု ထားရှိပေးမည်။ 

Hyundai လက်မှတ်ရ တပတ်ရစ်ကားအတွက် ၂ နှစ် သို့မဟုတ် ကီလိုမီတာ ၂ သောင်း အာမခံသည်။

သက်တမ်း ၅ နှစ်ကျော်သည့် ကားများ၊ ကီလိုမီတာ ၁ သိန်းကျော် မောင်းနှင်ထားသည့် ကားများကို Hyundai က ဝယ်ယူမည် မဟုတ်ကြောင်း အသိပေး ကြေညာထားသည်။ ထို့ပြင် ယာဉ်တိုက်မှု ဖြစ်ပွားထားသောကားများကိုလည်း လက်ရှောင်ထားသည်။

Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1302 times