အမြန်အားသွင်းစက် ၁ သိန်း ဟွာဝေး  ဖြန့်ကျက် ထားရှိမည်


အမြန်အားသွင်းစက် ၁ သိန်း ဟွာဝေး  ဖြန့်ကျက် ထားရှိမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယခုနှစ်အတွင်းမှာ တရုတ်နိုင်ငံတွင် အမြန်အားသွင်းစက်များ ခုရေ တသိန်း ဖြန့်ကျက်ထားရှိရန် Huawei Technologies အစီအစဉ် ရေးဆွဲထားသည်။

 

ဟွာဝေးမှ ထုတ်လုပ်သည့် အနီရောင် အားသွင်းစက်အကြောင်းကို Automobile Guide တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။


Huawei အနီရောင် အီးဗီအားသွင်းစက်များ ထုတ်လုပ်

https://www.automobiledirectory.com.mm/article/huawei-ev-charger.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

၎င်းအမြန်အားသွင်းစက်များတွင် တက်စလာ၏ စူပါအားသွင်းစက်ထက် ၂ ဆ မြန်သည့် အားသွင်းစက်များလည်း ပါဝင်သည်။ 

.

 Huawei Technologies ရုံးချုပ်တည်ရှိရာ ရှန်ကျန်းမြို့တွင် ဟွာဝေးက အလွန်မြန် အားသွင်းစက်ကို ဈေးဆိုင်စင်တာတခု၏ ယာဉ်ရပ်နားရန်နေရာတွင် ထားရှိပေးထားသည်။ တစက္ကန့်လျှင် ၁ ကီလိုမီတာအတွက် အားဖြည့်ပေးနိုင်သည်အထိ မြန်ဆန်သည့် အားသွင်းစက် ဖြစ်သည်ဟု ကြော်ငြာသည်။ ၎င်းအားသွင်းစက်သည် ဝပ်အား "600kW" အထိ ထုတ်ပေးနိုင်သည်။ 

 

အလွန်မြန် အားသွင်းစက်ကို ဟွာဝေး လက်အောက်ခံလုပ်ငန်း Huawei Digital Power မှ ဖွံ့ဖြိုး ထုတ်လုပ်သည်။ ယခင်က အားသွင်းစက်အတွက် အစိတ်အပိုင်းများကို ထုတ်လုပ်သည်။ ယခုအခါ အားသွင်းစခန်းများ ထူထောင်သည်အထိ လုပ်ငန်းတိုးချဲ့ထားသည်။

 

၁ စက္ကန့်လျှင် ၁ ကီလိုမီတာ 1 km-per-second ဖြင့် အားသွင်းပေးသဖြင့် အလွန်မြန်ဆန်သည်။ ဓာတ်ဆီကားတစီး စက်သုံးဆီဆိုင်တွင် ဓာတ်ဆီဖြည့်လျှင် ခဏတဖြုတ်ဖြင့် ဆီတိုင်ကီပြည့်သည့်နည်းတူ ဘက်ထရီကို ခဏတဖြုတ်ဖြင့် အားပြည့်စေမည်ဟု Huawei Digital Power မှ Liu Dawei က ပြောကြားသည်။

 

ဟွာဝေးသည် အားသွင်းစခန်း ထူထောင်လုပ်ကိုင်မည့် လုပ်ငန်းများသို့လည်း ၁ စက္ကန့်လျှင် ၁ ကီလိုမီတာ အလွန်မြန် အားသွင်းစက်များ ရောင်းချမည် ဖြစ်သည်။ 

 

1 km-per-second အားသွင်းနှုန်းဖြင့် တွက်ချက်ကြည့်လျှင် ခရီးတာ ကီလိုမီတာ ၆၀၀ ရသည့် 80-kilowatt-hour ဘက်ထရီထုပ်ကို အားမရှိသည့် အခြေအနေမှ အားအပြည့်အထိ အားသွင်းရန် ၈ မိနစ်ခန့် ကြာမည် ဖြစ်သည်။ အကယ်၍ တက်စလာ စူပါအားသွင်းစက် သုံးမည်ဆိုလျှင် ၁၉ မိနစ်ကြာမည် ဖြစ်သည်။ 

 

အားသွင်းစက်မှ ထုတ်ပေးသော 600 kW သည် လက်ရှိတွင် ကမ္ဘာ့အများဆုံး ပမာဏဖြစ်သည်။

တက်စလာ စူပါအားသွင်းစက်သည် တရုတ်နိုင်ငံတွင် အများဆုံး 250 kW အထိ ထုတ်လုပ်ပေးနိုင်သည်။

 

ဟွာဝေး၏ အနီရောင် အားသွင်းစက်များကို Tesla အပါအဝင် အီးဗီများ အားလုံးတွင် အသုံးပြုနိုင်ကြောင်း Huawei မှ ပြောကြားသည်။

အားသွင်းကိရိယာ၏ အထွက်ဝပ်အားကို တိုးမြှင့်ခြင်းသည် ထုတ်လွှတ်သည့် အပူပမာဏကို တိုးစေသည်။  Huawei သည် အရည် coolant ကိုသုံးသော အအေးပေးစနစ်ဖြင့် အပူပြဿနာကို ဖြေရှင်းထားသည်။ အားသွင်းစက် အများစုသည် ပန်ကာသုံးစွဲပြီး လေဖြင့် အေးအောင် စီမံထားကြသည်။

 

China Electric Vehicle Charging Infrastructure Promotion Alliance မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် တရုတ်နိုင်ငံတွင် အားသွင်းစက် ၂ ဒသမ ၇ သန်း ဖြန့်ကျက်ထားပါသည်။ 

 

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 490 times