Huawei အနီရောင် အီးဗီအားသွင်းစက်များ ထုတ်လုပ်


Huawei အနီရောင် အီးဗီအားသွင်းစက်များ ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 
စမတ်ဖုန်းများအတွက် လူသိများသည့် တရုတ်နည်းပညာကုမ္ပဏီကြီး Huawei သည် တရုတ်နိုင်ငံတွင်  အီးဗီ စမတ်ကားများ ထုတ်လုပ်ရေးအတွက် ကားထုတ်လုပ်သူများနှင့် ပူးပေါင်းပြီး အီးဗီကဏ္ဍမှာ ထဲထဲဝင်ဝင် လုပ်ကိုင်လျက် ရှိပါသည်။
ယခုအခါ အီးဗီအားသွင်းစက်များ စတင် ထုတ်လုပ်ပါသည်။ 
600kW Huawei charger station ကို Huawei ၏ ပင်တိုင်အရောင် ဖြစ်သည့်  အနီရောင် signature red ဖြင့် ထုတ်လုပ်ပါသည်။
အတိုင်းအတာမှာ 295 x 340 x 1700 mm ဖြစ်ပါသည်။ အရည်သုံး အအေးပေးစနစ်ကို အောက်ပိုင်းတွင် တပ်ဆင်ထားပါသည်။ ၎င်း အားသွင်းစက် မော်ဒယ်နံပါတ်မှာ DT600L1-CNA1 ဖြစ်ပါသည်။
DC fast charging သွင်းနိုင်ပြီး single-gun output အမျိုးအစား ဖြစ်ပါသည်။ အထွက်ဗို့အားမှာ 200-1000V ဖြစ်ပါသည်။ အများဆုံး လျှပ်စီး  current မှာ 600A ဖြစ်ပါပြီး အများဆုံး 600kW အထိ ထုတ်ပေးနိုင်ပါသည်။

 


 
Huawei 600kW EV charger ကို “FusionCharge” ဟု အမည်ပေးထားပါသည်။
Huawei FusionCharge ကို ၂၀၂၅ တွင် ကျယ်ကျယ်ပြန့်ပြန့် စတင်ရောင်းချရန် လျာထားသော်လည်း Huawei AITO Wenji M9 မော်ဒယ် အီးဗီကို ယခုနှစ်အတွင်း ထုတ်လုပ်မည် ဖြစ်သဖြင့် ၎င်းကားများအတွက် FusionCharge ကို ဆောလျင်စွာ ဖြန့်ဖြူးမည်ဟု ယူဆရပါသည်။

FusionCharge ကို ဗားရှင်း ၃ မျိုးဖြင့် ထုတ်လုပ်ပါသည်။

  • DC Supercharger
  • DC Fast Charger
  • DC Split Charger

တို့ ဖြစ်ပါသည်။

 

Source Gizmochina

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 301 times