Honda Motor က ဂျပန်မှ အဓိကကျတဲ့ ကားစက်ရုံ ပိတ်သိမ်း


Honda Motor က ဂျပန်မှ အဓိကကျတဲ့ ကားစက်ရုံ ပိတ်သိမ်း

Honda Motor က ဂျပန်မှ စာယာမာ Sayama ကားစက်ရုံတစ်ခုကို ၂၀၂၁ ဒီဇင်ဘာလမှာ စက်ရုံပိတ်ပွဲ ကျင်းပပြီး ပိတ်သိမ်းလိုက်ပါတယ်။ ကားအပြီးသတ် ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး Honda Motor ရဲ့ အဓိကျတဲ့ စက်ရုံတစ်ခု ဖြစ်ပါတယ်။ 


Honda Motor က အင်ဂျင်တွေ ရပ်ပြီး မော်တာသုံးတဲ့ လျှပ်စစ်ကား အနာဂတ်အတွက် အကူးအပြောင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ဂျပန်ပြည်တွင်း အင်ဂျင်သုံး မော်တော်ယာဉ် ထုတ်လုပ်မှုများကို တစ်နှစ်လျှင် စုစုပေါင်း စီးရေ ၈၀၀,၀၀၀ ‌သာသာအထိ လျှော့ချလိုက်ပါတယ်။ ၂၀၀၂ ခုနှစ်ကထက် ၄၀% ဝန်ကျင် လျော့ကျသွားပြီ ဖြစ်ပါတယ်။
အင်ဂျင်သုံးတဲ့  Formula One ကားပြိုင်ပွဲအတွက် အစီအစဉ်ကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
 ထုတ်လုပ်မှုအပိုင်း လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ဖို့ စက်ကိရိယာများ ပြောင်းလဲတပ်ဆင်နေပါတယ်။

Honda Motor ရဲ့ အကြီးအကဲ Toshihiro Mibe က ပိတ်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားနေပုံ
 
 ၂

၀၄၀ မှာ Honda Motor က လျှပ်စစ်ကားများကိုသာ ထုတ်လုပ်တော့မယ်လို့ အသိပေးကြေညာထားပါတယ်။
 ပြည်တွင်းနှင့်ပြည်ပမှ ကားသုံးစွဲသူတွေအတွက် လိုက်လျောညီထွေရှိတဲ့ ကားများကိုသာ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ e:N Series  မော်ဒယ်များဖြင့် လျှပ်စစ်မော်တော်ယာဉ်များကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
Honda  ရဲ့ e:N Series 


Honda ရဲ့  Sayama Plant ကို ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Saitama စီရင်စုမှာ တည်ရှိပြီး တိုကျိုမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဖြစ်ပါတယ်။
ပြည်ပဈေးကွက်တွေမှာ Honda ကားတွေ ရောင်းအား ကောင်းလာတဲ့အတွက် Sayama Plant ကို စတင်ခဲ့ပါတယ်။ Civic နဲ့ Accord ကားမော်ဒယ်တွေ ထုတ်လုပ်နေတဲ့ စက်ရုံဖြစ်ပါတယ်။
Sayama Plant ကို ကားအပြီးသတ် စက်ရုံအဖြစ်မှ ယာဉ်အစိတ်အပိုင်း ထုတ်လုပ်မယ့်စက်ရုံအဖြစ် ပြောင်းလဲအသုံးပြုမှာ ဖြစ်ပါတယ်။
နှစ်နှစ်တန်သည် သုံးနှစ်တန်သည် အသုံးပြုပြီးတဲ့အခါ အပြီးအပိုင် ပိတ်သိမ်းလိုက်မှာ ဖြစ်ပါတယ်။ 
စက်ရုံမှာ လုပ်ကိုင်နေတာတွေကို Honda Motor ရဲ့ နောက်ထပ်စက်ရုံတစ်ခု ဖြစ်ပြီး Saitama စီရင်စုမှာပဲ တည်ရှိတဲ့ Yorii Plant မှာ ပြောင်းရွှေ့ လုပ်ကိုင်မှာ ဖြစ်ပါတယ်။
Sayama Plant မှ လုပ်သားတွေက Yorii Plant နဲ့ Honda Motor ရဲ့ အခြား စက်ရုံတွေမှာ ပြောင်းရွှေ့ လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။

 

 

Read 22468 times