Honda ရဲ့ e:N Series


Honda China က Honda-brand ဖြင့် အီးဗီ မော်ဒယ်အသစ် ၁၀ မျိုး ထုတ်လုပ်ရန် စီစဉ်ထားပြီး လာမည့် ၅ နှစ်တာအတွင်း ထုတ်လုပ်သွားမည်ဟု ထုတ်ပြန်ကြေညာသည်။ ၂၀၃၀ ခုနှစ် နောက်ပိုင်း မော်ဒယ်အသစ် အားလုံးသည် လျှပ်စစ်မော်တော်ယာဉ်များသာ ဖြစ်မည်ဟု ဆိုသည်။

Honda ၏ အီးဗီ အမှတ်တံဆိပ် “e:N” တွင် “e” သည် energize နှင့်  electric ကို ရည်ညွှန်းထားပြီး “N” သည် new နှင့်  next ကို ရည်ညွှန်းထားသည်။ ထို brand ကို လျှပ်စစ် မော်တော်ယာဉ် စစ်စစ်တို့တွင် အသုံးပြုမည်။

အီးဗီ ထုတ်လုပ်မည့် အစီအစဉ်တွင် ဘက်ထရီသုံး အီးဗီ နှင့် လောင်စာဆဲလ်သုံး ဟူ၍ နှစ်မျိုးပါဝင်ပြီး အချိုးအစားမှာ ၂၀၃၀ တွင် ၄၀ % ၊ ၂၀၃၅ တွင် ၈၀% ၊ ၂၀၄၀ တွင် ရာနှုန်းပြည့် ဖြစ်သွားမညမ။

၂၀၂၂ တွင် “e: N” series မှ မော်ဒယ်အသစ် နှစ်မျိုး စတင် ထုတ်လုပ်ရောင်းချရန် စီစဉ်ထားသည်။
e:NS1 မော်ဒယ်ကို ဖက်စပ်လုပ်ငန်း Dongfeng Honda က ထုတ်လုပ်မည်။ လာမည့် Wuhan Auto Show တွင် ပွဲထုတ် ပြသမည်။ 
e:NP1 ကို GAC Honda က ထုတ်လုပ်မည်။ လာမည့် Guangzhou Auto Show တွင် ပြသမည်။

နောက်ထပ် မော်ဒယ် သုံးမျိုး :N COUPE ၊ e:N SUV Concept နှင့်  e:N GT တို့သည် စိတ်ကူးကို အကောင်အထည် ဖော်နေသည့် အဆင့်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
နောက်နောင်တွင် e:N brand လျှပ်စစ်ကားများကို ကမ္ဘာ့ ဈေးကွက်ထဲသို့ တင်ပို့ ရောင်းချမည် ဖြစ်သည်။
 

Read 3088 times