Honda နှင့် GM  စျေးသက်သာသော အီးဗီများ ပူးပေါင်းဖန်တီးရန် ဒေါ်လာ ၅ ဘီလီယံ အစီအစဉ်ဖျက်သိမ်း


 

Honda နှင့် GM  စျေးသက်သာသော အီးဗီများ ပူးပေါင်းဖန်တီးရန် ဒေါ်လာ ၅ ဘီလီယံ အစီအစဉ်ဖျက်သိမ်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Honda Motor နှင့် General Motors တို့သည် တမ်ဖိုးသင့် လျှပ်စစ်ကားများ ပူးပေါင်းထုတ်လုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြ‌ေကြာင်း ကြေညာသည်။
 
ကန်ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ၎င်းအစီအစဉ်ကို သဘောတူခဲ့ကြပြီးတစ်နှစ်အကြာမှာ ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်ပါသည်။

GM ၏ မဟာဗျူဟာ  အပြောင်းအလဲသည် အမြတ်အစွန်း ရရှိမှုအပေါ်  အလေးပေးမည် ဖြစ်သဖြင့် ချက်ချင်းလက်ငင်း အမြတ်ပေါ်မည် မဟုတ်သည့်  မော်ဒယ်အသစ် အီးဗီများ ထုတ်လုပ်ခြင်းကို ရွှေ့ဆိုင်းထားသည်။

ဟွန်ဒါသည် ၂၀၄၀ ခုနှစ်တွင် အီးဗီများသာ ထုတ်လုပ်တော့မည် ရည်မှန်းချက်ကို ဆက်လက်ကိုင်စွဲထားသည်ဟု ပြောကြားသည်။

GM စီအီးအိုက Mary Barra ဈေးအနိမ့်တန်း အီးဗီမော်ဒယ်များ ကြိုးပမ်းအားထုတ်မှုများအတွက် ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားသည်။ 
သို့ဖြစ်ရာ ဟွန်ဒါနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် အစီအစဉ်ကိုလည်း ရုပ်သိမ်းလိုက်သည်။
GM ၏ Bolt EV မော်ဒယ်အတွက် လာမည့်နှစ်များအတွင်း ကန်ဒေါ်လာ ၅ ဘီလီယံ သုံးစွဲရန်ကိုလည်း ရွှေ့ဆိုင်းထားလိုက်သည်။


 GM နှင့် ဟွန်ဒါတို့သည် ပူးတွဲပလက်ဖောင်းအသစ်ကို အခြေခံ၍ ဈေးနှုန်းသက်သာသော အီးဗီများကို ထုတ်လုပ်ကြရန် ယမန်နှစ် ဧပြီလတွင် သဘောတူညီခဲ့ကြသည်။ ၂၀၂၇ ခုနှစ်တွင် တန်ဖိုးသင့် အီးဗီများကို ကားအစီးရေ သန်းချီ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။

Honda သည် GM နှင့် မောင်းသူမဲ့ ရိုဘိုတက္ကဆီလုပ်ငန်းCruise တို့နှင့် ဖက်စပ်လုပ်ငန်းတစ်ခုကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ထူထောင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် မောင်းသူမဲ့စီးနင်းဝန်ဆောင်မှုကို စတင်နိုင်ရန် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည့်အကြောင်း Automobile Guide တွင် တင်ပြခဲ့ပါသည်။ ၎င်းအစီအစဉ်ကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ပါသည်။


Honda နှင့် GM ဂျပန်နိုင်ငံမှာ မောင်းသူမဲ့ အငှားယာဉ် စတင်မည်
#AutomobileGuide
.
https://www.automobiledirectory.com.mm/article/honda-gm-driverless-taxi.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Source Asia Nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 721 times