HiPhi  ကုမ္ပဏီပြိုလဲရသည်မှာ သူ့ကြောင့်ဟု ထူထောင်သူ ပြောကြား


HiPhi  ကုမ္ပဏီပြိုလဲရသည်မှာ သူ့ကြောင့်ဟု ထူထောင်သူ ပြောကြား


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံမှ HiPhi အီးဗီကုမ္ပဏီသည် လာမည့် ၆ လ ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်ကို  AutomobileGuide တွင် ဖော်ပြခဲ့ပါသည်။

 


 

ပရီမီယံ အီးဗီ HiPhi ထုတ်လုပ်မှု ၆ လ ရပ်နား

#AutomobileGuide

https://www.automobiledirectory.com.mm/article/-hiphi-halt.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ဟိုင်ဖိုင် ကားလုပ်ငန်း ထူထောင်သူ Ding Lei က ကုမ္ပဏီပြိုလဲရသည်မှာ သူ့ကြောင့်ဟု ပြောကြားပါသည်။ 

ဒင်းလေက သူ့ဝန်ထမ်းများအား တံခါးပိတ် အစည်းအဝေး ခေါ်ယူပြီး ပြောကြားခဲ့ရာ၌ သူ၏ ခေတ်မမီတော့သည့် စီးပွားရေးဗျူဟာများသည် အဖတ်ဆယ်မရနိုင်တော့သည့် အဖြစ်ဆီသို့ ဦးတည် ရောက်ရှိသွားစေခဲ့သည်ဟု ပြောကြားသည်။

 

ဟိုင်ဖိုင် တည်ထောင်သူ ဒင်းလေက သူ၏ ခေတ်နောက်ကျနေသော စီးပွားရေး လုပ်ပုံကိုင်ပုံများသည် ခေတ်မီ "အင်တာနက်"ခေတ် ကုမ္ပဏီများနှင့် မလိုက်ဖက်ကြောင်း ဝန်ခံသည်။

 

ကုမ္ပဏီသည် သုံးလသာ ဆက်လက်ရပ်တည်နိုင်တော့မည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ထိပ်တန်းဦးစားပေးမှာ လုပ်ငန်း စုံးစုံးမြှုပ် မသွားအောင် ထိန်းသိမ်းထားရန်ဖြစ်ပြီး ကုမ္ပဏီကို အခြားလုပ်ငန်းက ဝယ်ယူခြင်းနှင့် အလားအလာရှိသော ရင်းနှီးမြုပ်နှံမှုများ ရရှိခြင်းတို့ဖြင့်သာ ရှေ့ခရီး ဆက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

HiPhi သည် ကမ်းလှမ်းချက်များကို လက်ခံရရှိထားပြီးဖြစ်ပြီး ၎င်းကမ်းလှမ်းချက်များကို စိစစ်နေဆဲ ဖြစ်ပါသည်။

ကုမ္ပဏီ အနာဂတ် မရေရာသည့်အတွက် ဟိုင်ဖိုင်မှ ထုတ်လုပ်သည့် ကားများ လက်ထဲ ရှိနေသူတို့အဖို့မှာလည်း လိုအပ်သည့် ဝန်ဆောင်မှုများကို ကုမ္ပဏီထံမှ ရယူနိုင်ဖို့ မသေချာတော့ချေ။ 

ရောင်းချပြီးနောက် ဝန်ဆောင်မှုများသည် ယခုအခါ ဟိုင်ဖိုင်၏ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ကုမ္ပဏီက  ထုတ်ဖော်ပြောကြားခဲ့သော်လည်း မရေရာတော့ပါ။ 

Source areanaev


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 478 times