ပရီမီယံ အီးဗီ HiPhi ထုတ်လုပ်မှု ၆ လ ရပ်နား


ပရီမီယံ အီးဗီ HiPhi ထုတ်လုပ်မှု ၆ လ ရပ်နား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နှစ်သစ်ကူး အားလပ်ရက်ရှည်အပြီး အလုပ်ပြန်ဖွင့်သည့် ဖေဖော်ဝါရီလ ၁၈ ရက်တွင် တရုတ်နိုင်ငံမှ ပရီမီယံ အီးဗီထုတ်လုပ်သူ Human Horizons ၏ HiPhi အမှတ်တံဆိပ်သည် ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဟု ကြေညာသည်။

ရှန်ဟိုင်းအခြေစိုက် HiPhi သည် ဖေဖော်ဝါရီ ၁၈ ရက်က ကုမ္ပဏီတွင်း အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ မှ စ၍ ခြောက်လကြာ ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

 

ဖေဖော်ဝါရီလ ၁၈ ရက်အထိ လစာကို ပုံမှန်အတိုင်း ပေးအပ်မည်။ ပုံမှန်အားဖြင့် HiPhi သည် လစာကို လစဉ် ၁၅ ရက်ရောက်တိုင်း ပေးသော်လည်း ဇန်နဝါရီလ လစာထုတ်ရက်ဖြစ်သည့် ဇန်နဝါရီလ ၁၅ ရက်တွင် လစာမပေးဘဲ ဆိုင်းငံ့ခဲ့သည်။ ၎င်းလစာကို ဖေဖော်ဝါရီလစာနှင့် တပေါင်းတည်း ပေးအပ်မည်ဟု ဆိုသည်။ နှစ်ကုန်ဆုကြေး မပေးခဲ့ချေ။

ဒါရိုက်တာများ၏ လစာများ လျှော့ချခဲ့သည်။

HiPhi တွင် ဆက်ရှိနေမည့် ဝန်ထမ်းများကို မတ်လ ၁၅ ရက် လစာထုတ်ရက်အထိ လစာပေးမည်ဖြစ်ပြီး အခြေခံလစာကိုသာ ပေးအပ်မည်။  

မတ်လ ၁၅ ရက်နောက်ပိုင်းတွင် ရှန်ဟိုင်းရုံးချုပ်မှ ဝန်ထမ်းများသာ လစာ ရရှိမည်ဖြစ်ပြီး အခြေခံလစာကိုသာ ပေးအပ်မည်။

HiPhi ကို ၎င်း၏မိခင်ကုမ္ပဏီ Human Horizons Technology တည်ထောင်သူနှင့် ဥက္ကဋ္ဌ Ding Lei မှ ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

Ding Lei သည် ယခင်က တရုတ်ကားကုမ္ပဏီကြီး SAIC Motor တွင် အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သည်။

 

HiPhi သည်  ယွမ် ၅ သိန်း ($69,500) မှ ယွမ် ၈ သိန်းအထိ ရောင်းဈေး သတ်မှတ်သည့် ဈေးအမြင့်တန်း ပရီမီယံ အီးဗီ စျေးကွက်ကို ပစ်မှတ်ထားသည်။

 

Huaren Horizons နှင့် ဆော်ဒီအာရေးဗီးယား ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့သည် ပြီးခဲ့သော ၂၀၂၃ ဇွန်လတွင် ဖက်စပ်လုပ်ငန်းတစ်ခု ဖွဲ့စည်းရန် အမေရိကန်ဒေါ်လာ ၅.၆ သန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး မော်တော်ယာဉ် ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုနှင့် ရောင်းချမှုများတွင် ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားသည်။

ပထမဆုံးမော်ဒယ် HiPhi X ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ထုတ်ဖော်ပြသခဲ့သည်။ ၂၀၂၁ မေလတွင် ဝယ်ယူသူများထံ စတင်ပေးပို့ခဲ့သည်။ ရောင်းဈေးမှာ ယွမ် ၅၇၀,၀၀၀ အနိမ့်ဆုံးဈေး ဖြစ်သည်။ 

 

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် HiPhi သည်  ဒုတိယမော်ဒယ် HiPhi Z ကို မိတ်ဆက်ခဲ့သည်။ ရောင်းဈေးမှာ ယွမ် ၅၁၀,၀၀၀ အနိမ့်ဆုံးဈေး ဖြစ်သည်။ 

 

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် HiPhi သည် စျေးမကြီးဆုံးမော်ဒယ် HiPhi Y ကို မိတ်ဆက်ခဲ့သည်။ ရောင်းဈေးမှာ ယွမ် ၃၃၉,၀၀၀ အနိမ့်ဆုံးဈေး ဖြစ်သည်။ ဇူလိုင် ၂၉ တွင် ကားများ စတင်ပေးပို့သည်။

 

ထိုသို့ ဈေးလျော့ကျလာသော်လည်း HiPhi ၏ X, Y,  Z မော်ဒယ် ၃ ခုစလုံးသည် တရုတ်ဈေးကွက်တွင် ဈေးအကြီးဆုံး အတန်းအစားထဲ ပါဝင်နေသည်။

၂၀၂၁ တွင် ၄,၂၇၃ စီး၊ ၂၀၂၂ တွင် ၄,၅၂၀ စီး၊ ၂၀၂၃ ပထမ ၁၁ လတွင် ၄,၂၆၅ စီး ရောင်းချခဲ့ကြောင်း စာရင်းထုတ်ပြန်ခဲ့သည်။

 

Source cnevpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 277 times