Hino Motors မှ ထရပ်ကား ၂မျိုး အနည်းဆုံး ၁ နှစ် ထုတ်လုပ်မှု ရပ်


 Hino Motors မှ ထရပ်ကား ၂မျိုး အနည်းဆုံး ၁ နှစ် ထုတ်လုပ်မှု ရပ်


ဂျပန်နိုင်ငံ၏ Toyota Motor Corp ၏ ထရပ်ကားနှင့် ဘတ်စ်ကားယူနစ် Hino Motors သည် အချက်အလက် စာရွက်စာတမ်း အတုအယောင် တင်ပြခဲ့သည့်လုပ်ရပ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးအနေဖြင့် အလတ်စားနှင့် အကြီးစား ထရပ်ကားမော်ဒယ်အချို့ ထုတ်လုပ်မှုကို အနည်းဆုံး တစ်နှစ်ကြာ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Nikkei Asia က သတင်းဖော်ပြခဲ့သည်။


အလတ်စား အရွယ်အစား အကြမ်းခံ Ranger ထရပ်ကားနှင့် အကြီးစား အရွယ်အစား အကြမ်းခံ Profia ထရပ်ကားတို့ကို ၂၀၂၃ ဩဂုတ်လအထိ ထုတ်လုပ်မှု ရပ်ဆိုင်းထားမည် ဖြစ်သည်။ Hino Motors ကိစ္စရပ်ကို Myanmar Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

Read more

အင်ဂျင်ပြဿနာကြောင့် ဂျပန်မှာ Dyna အပါအဝင် Hino  အင်ဂျင်ထရပ်ကားအားလုံး  အရောင်းရပ်ထား

 

အင်ဂျင်အချက်အလက် အတုအယောင်များနှင့် ပတ်သက်၍ ဂျပန် Hino Motors ၏ ကျယ်ပြန့်သော အရှုပ်တော်ပုံသည် Hino တွင် ရှယ်ယာ ၅၀.၁% ကို ပိုင်ဆိုင်ထားသည့် မိခင် Toyota အတွက် ခေါင်းကိုက်စရာ ဖြစ်လာသည်။ Hino သည် ၂၀၀၁ ခုနှစ်တွင် Toyota ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခု ဖြစ်လာခဲ့ပါသည်။

 

Source Nikkei Asia

#MyanmarAutomobileGuide

Telegram Channel  https://t.me/Guid4U

Read 368 times