Great Wall ရဲ့ လိပ်ခုံးကားမော်ဒယ်အသစ် စတင်ရောင်းချတော့မည်


တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Great Wall Motors ရဲ့ လိပ်ခုံးကားမော်ဒယ် Ora Good Cat ကို ဖေဖော်ဝါရီလမှာ ပြသခဲ့တယ်။ ယခု လမယ့် အောက်တိုဘာလ၂၉ ရက်မှာ ထိုင်းကားဈေးကွက်ထဲ မောင်းဝင်လာတော့မှာ ဖြစ်ကြောင်း ထိုင်းနိင်ငံထုတ်  Headlightmag မှာ ဖော်ပြထားပါတယ်။ 
Ora Good Cat ဟာ  Great Wall Motors ရဲ့ ထိုင်းဈေးကွက်ထဲမှာ ရောင်းချမယ့် ပထမဆုံးသော ရာနှုန်းပြည့် လျှပ်စစ်ကား  ဖြစ်ပါတယ်။ မူကွဲ သုံးမျိုးဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။  Tech နဲ့  Pro မော်ဒယ်တွေက 47.8 kWh  ဘက်ထရီ တပ်ဆင်ပေးထားပြီး ဘက်ထရီခရီးတာ ကီလိုမီတာ ၄၀၀ အထိ ရနိုင်ပြီး Ultra က 59.1 kWh ဘက်ထရီတပ်ဆင်ပေးထားပြီး ကီလိုမီတာ ၅၀၀ အထိ ရနိုင်မှာ ဖြစ်ပါတယ်။ 

 

 

ပုံမှန် အေစီအားသွင်းဆိုရင် အားအပြည့်သွင်းဖို့ ရှစ်နာရီ ကြာမြင့်ပြီး ဒီစီအမြန်သွင်းဖြင့် အားသွင်းရင် ၃၀% မှ ၈၀% အားပြည့်ဖို့ မိနစ် ၃၀ ကြာမယ်လို့ ဆိုပါတယ်။ 
Ora Good Cat ယာဉ်အလေးချိန် ၁,၅၁၀ ကီလိုဂရမ် ဖြစ်ပြီး အထုပ်အပိုးတင်ဖို့ နေရာ ၂၂၈ လီတာ ရှိပါတယ်။ နောက်ထိုင်ခုံတွေ ချိုးကျပြီး တင်မယ်ဆိုရင် ၈၅၈ လီတာအထိ ရနိုင်ပါတယ်။ 

 

 

ကားမှာ ယာဉ်မောင်းထောက်ကူ စနစ်တွေ ထည့်ပေးထားပါတယ်။ လမ်းအကွေ့မှာ ကားကို အလိုက်တသိ ထိန်းကျောင်းပေးခြင်း၊ အလိုအလျက် တစ်စိတ်တစ်ဒေသ ကူမောင်းပေးခြင်း၊ ခရုစ်ကွန်ထရို စတာတွေ ပါဝင်ပါတယ်။ 

 

 

ယာဉ်မောင်းကို ကူကြည့်ပေးတဲ့ အလုပ်တွေလည်း လုပ်ပေးဖို့ စနစ်တွေ ထည့်ပေးထားတယ်။ နောက်ကား အရမ်းနီးလာရင် သတိပေးခြင်း၊ ဘေးဘက်ယာဉ်ကြောမှာ တိုက်မိစရာ ရှိနေရင် လက်ရှိယာဉ်ကြောမှာပဲ ကားကို ဆက်မောင်းနေစေခြင်း၊ ရှေ့ကို ဝင်မတိုင်အောင် ရပ်ပေးခြင်း၊ ယာဉ်ကြောကူးပြောင်း အချက်ပေးခြင်း၊ မမြင်ကွယ်ရာနေရာတွေကို ကြည့်ပေးနေခြင်း စတာတွေ လုပ်ကိုင်ပေးမှာ ဖြစ်ပါတယ်။ 

ပါကင်ထိုးဖို့ ဉာဏ်ရည်တု AI ဖြင့် ကူညီပေးမယ်။ ကားက ပါကင်ထိုးတာကို သင်ယူမှတ်သားသွားမယ်။ ကားရပ်ဖူးတဲ့ နေရာတွေကိုလည်း မြေပုံဖြင့် မှတ်သားပေးထားမယ်။ မှတ်သားထားတဲ့နေရာကို ရောက်ရင် ကားက သူ့ဘာသာသူ ရပ်ဖို့ နေရာလိုက်ရှာပြီး နေရာလွတ်မှာ ကားကို ပါကင်ထိုးပေးမယ်လို့ ဆိုပါတယ်။ 

Great Wall Motor က ထိုင်းနိုင်ငံကို ဗဟိုချက်အဖြစ် ထားရှိပြီး စက်ရုံနေရာချထားပါတယ်။ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ပြီး အာဆီယံနိုင်ငံတွေကို ဖြန့်ချိမှာ ဖြစ်ပါတယ်။ 

 


ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

တရုတ်လိပ်ခုံးကား GWM Ora Punk Cat

 

 

 

 

 

Read 3098 times