Great Wall လိပ်ခုံးကား Ora Good Cat ထိုင်းတွင် ၄၈ နာရီအတွင်း ကြိုတင်အဝယ် ၆,၀၀၀ ကျော် ရရှိ


လျှပ်စစ်အိမ်စီးကား Great Wall Ora Good Cat ကို ထိုင်းကားဈေးကွက်အတွက် ကြိုတင်အဝယ် ဖွင့်လှစ်လိုက်ပြီး ၄၈ နာရီအတွင်း စီးရေ ၆၀၀၀ ကျော် ရောင်းချခဲ့ရသည်။ 
ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံမှာ  Ora Good Cat ကို Great Wall က မိတ်ဆက်ပေးခဲ့သည်။
 ထိုင်းဈေးကွက်တွင် အောက်တိုဘာလ ၂၉ ရက်တွင် စတင်ဖြန့်ဖြူးမည်ဖြစ်ပြီး ကြိုတင်မှာကြား နိုင်ပြီ ဖြစ်သည်။

Ora Good Cat ရောင်းဈေးနှုန်းများ တရားဝင် ကြေညာခြင်း မပြုသေးသောလည်း ဘတ် ၉၀၀,၀၀၀ မှ ၁.၂ သန်းအထိ အစားစား ဖြစ်လိမ့်မည်ဟု CNEVPost က သတင်းဖော်ပြခဲ့သည်။ တရုတ်ပြည်တွင်းဈေးကွက်ထဲ ရောင်းဈေးများထက် ဈေးအနည်းငယ်ပိုများသည်ဟု ဖော်ပြထားသည်။
 
Ora Good Cat သည် Great Wall Motors ၏ ထိုင်းဈေးကွက်ထဲ မောင်းဝင်သည့် အဦးဆုံး ရာနှုန်းပြည့် လျှပ်စစ်ကား ဖြစ်သည်။ 
မော်ဒယ်မူကွဲ ၃ မျိုး ရွေးချယ်စရာ ရှိသည်။
 ဘက်ထရီ နှစ်မျိုး ကွဲပြားသည်။
Tech နှင့်  Pro တို့တွင် ခရီးတာ ကီလိုမီတာ ၄၀၀ ဘက်ထရီ ထည့်ပေးထားသည်။ 7.8 kWh ဘက်ထရီ အမျိုးအစားဖြစ်သည်။
 Ultra တွင် ခရီးတာ ကီလိုမီတာ ၅၀၀ ဘက်ထရီ ထည့်ပေးထားသည်။ 59.1 kWh ဘက်ထရီ အမျိုးအစား ဖြစ်သည်။
AC ဖြင့် အားသွင်းလျှင် အားအပြည့်အထိ ၈ နာရီကြာမည်။ DC အမြန်သွင်းဖြင့် အားသွင်းလျှင် ၃၀%မှ၈၀% သို့ ရောက်ရန် နာရီဝက် ကြာမည်။


အခြားအချက်အလက်များ ဖတ်ရှုရန်
ခေါင်းစဉ်ငယ်ကို ထိလိုက်ပါ။

Great Wall ရဲ့ လိပ်ခုံးကားမော်ဒယ်အသစ် စတင်ရောင်းချတော့မည်

Read 5883 times