Geely က ထိုင်းနိုင်ငံသို့ မောင်းဝင်ရန် ဘီးစလှိမ့်


Geely က ထိုင်းနိုင်ငံသို့ မောင်းဝင်ရန် ဘီးစလှိမ့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံ၏ အဓိက ကားထုတ်လုပ်သူ Geely သည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ကား စျေးကွက်သို့ ဝင်ရောက်ရန် စီစဉ်နေပါသည်။
တင်သွင်းရောင်းချရန် သင့်လျော်သည့် မော်ဒယ်များ ချိန်ဆခြင်းနှင့် ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုအတွက် လေ့လာစူးစမ်းခြင်းများ ဆောင်ရွက်နေပါသည်။


ထိုင်းနိုင်ငံတွင် ဈေးအနိမ့်တန်း လျှပ်စစ်ကား နှင့် ၎င်း၏  အမှတ်တံဆိပ် အသစ် Radar  လျှပ်စစ် ပစ်ကပ်ထရပ်ကားများ ထိုင်းစျေးကွက်သို့ တင်သွင်း ရောင်းချရန် သင့်မသင့် ချင့်ချိန်နေပါသည်။ 

ထိုင်းနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BOI) သည် ဧပြီလတွင် တရုတ်နိုင်ငံတွင် Geely အပါအဝင် တရုတ် အီးဗီ ကုမ္ပဏီကြီးငါးခုနှင့် ဆွေးနွေးခဲ့ကြောင်း BOI အထွေထွေအတွင်းရေးမှူး Narit Therdsteerasukdi က ပြောကြားသည်။
 ကျန်သည့် ကုမ္ပဏီကြီး ၄ ခုမှာ 
 • BYD Co Ltd, 
 • Chongqing Changan Automobile Co Ltd, 
 • JAC Motors 
 • Jiangling Motors Corp Ltd
 တို့ ဖြစ်ပါသည်။

BYD နှင့် Great Wall Motor Co Ltd တို့သည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်ရန် လုပ်ဆောင်နေကြပြီ ဖြစ်သည်။

Geely ကုမ္ပဏီ အလုပ်လုပ်ပုံမှာ Geometry , Radar Auto အစရှိသည့် Geely ၏ brand အသီးသီးသည် brand တစ်ခုအနေဖြင့် ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရရှိပါသည်။ သို့ဖြစ်ရာ ထိုင်းဈေးကွက်တွင် မည်သည့်မော်ဒယ်များ ရောင်းချမည် ဆိုသည်ကို brand ကသာ ဆုံးဖြတ်ပါသည်။

Geely သည်  Volvo၊ Polestar၊ Lotus နှင့် Zeekr အပါအဝင် အမှတ်တံဆိပ် အတော်များများကို ပိုင်ဆိုင်သည်။
အိမ်စီးပြိုင်ကား Aston Martin တွင် မေလတွင် ရှယ်ယာပိုင်ဆိုင်မှု ၂ ဆ တိုးမြှင့်ခဲ့သည်။

မလေးရှားမှ Proton တွင် ရှယ် ၄၉.၉% ပိုင်ဆိုင်သည်။ 


Geely က ဂျိန်းစ်ဘွန်း ကား brand Aston Martin ရှယ်ယာတိုးမြှင့်ဝယ်ယူ

https://www.automobiledirectory.com.mm/article/geely-brand-aston-martin.html


Geometry သည် Geely ၏ လျှပ်စစ်ကားအမှတ်တံဆိပ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။

Geely သည် တရုတ်နိုင်ငံ၏ ပထမဆုံး အမြောက်အမြား ထုတ်လုပ်သည့်  လျှပ်စစ် ပစ်ကပ်ထရပ်ကား Radar RD6 ကို ဖေဖော်ဝါရီလတွင် စတင်ထုတ်လုပ်ခဲ့သည်။

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 382 times