Geely က ဂျိန်းစ်ဘွန်း ကား brand Aston Martin ရှယ်ယာတိုးမြှင့်ဝယ်ယူ


Geely က ဂျိန်းစ်ဘွန်း ကား brand Aston Martin ရှယ်ယာတိုးမြှင့်ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်ကားထုတ်လုပ်သူ Geely က ဂျိန်းစ်ဘွန်း ကား brand Aston Martin ရှယ်ယာများ ထပ်မံဝယ်ယူလိုက်ပြီး တတိယအများဆုံး ရှယ်ယာပိုင်ဆိုင်သူ ဖြစ်လာပါသည်။
ရှယ်ယာများ ဒုတိယအများဆုံး ပိုင်ဆိုင်ထားသူမှာ ဆော်ဒီအာရေဗျမှ Public Investment Fund (PIF) ဖြစ်ပါသည်။


Aston Martin သည် ဗြိတိန်၏ အကျော်ကြားဆုံး အထက်တန်းစား အိမ်စီးပြိုင်ကား အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်သည်။ ဂျိန်းစ်ဘွန်း ရုပ်ရှင်ကားများထဲမှာ ဂျိန်းစ်ဘွန်း စီးသည့်ကားလည်း ဖြစ်တာကြောင့် ဂျိန်းစ်ဘွန်းကား brand အဖြစ် လူသိများပါသည်။

တရုတ်နိုင်ငံမှ  Zhejiang Geely Holding Group က  Aston Martin Lagonda Global Holdings မှာ ရှယ်ယာများကြာသပတေးနေ့ (မေ ၁၈) မှာ 
 ထပ်တိုး ဝယ်ယူခဲ့သည့်အတွက် ၁၇% ပိုင်ဆိုင်ထားသူ ဖြစ်လာပါသည်။
ယခင်ဝယ်ထားသည့် ရှယ်ယာများနှင့် ယခု ဝယ်ယူသည့် ရှယ်ယာ စုစုပေါင်း ပေါင် ၂၃၄ သန်း (ကန်ဒေါ်လာ သန်း ၂၉၀) ရင်းနှီးမြှုပ်နှံခဲ့ပါသည်။
အသစ်ဝယ်ယူသည့် ရှယ်ယာများအတွက် ပေါင် ၉၅ သန်း ငွေသား ပေးချေခဲ့ပါသည်။ Aston Martin ဥက္ကဋ္ဌ Lawrence Stroll ၏ Yew Tree ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိတွင် Yew Tree သည် Aston Martin  တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားပါသည်။

Geely သည် ယခင်က ရှယ်ယာ ၇.၆% ကို ၂၀၂၂ တွင် ဝယ်ယူခဲ့ပါသည်။
ယခု ရှယ်ယာထပ်တိုး ဝယ်ယူသည့်အတွက် ဒါရိုက်တာဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ပါဝင်ခွင့် ရရှိပါသည်။

Geely က ၂၀၁၀ မှာ ဆွီဒင်မှ Volvo Cars ကို ဝယ်ယူခဲ့ပါသည်။ 
၂၀၁၇ တွင် မလေးရှားမှ ကားထုတ်လုပ်ရေး လုပ်ငန်း Proton မှာ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။
Proton လက်ထဲ ရောက်ရှိနေသည့် ဗြိတိသျှ အိမ်စီးပြိုင်ကား brand Lotus တွင်လည်း ရှယ်ယာများ ဝယ်ယူပြီး ရှယ်ယာအများစု ပိုင်ဆိုင်သူ ဖြစ်လာပါသည်။
Volvo နှင့် အတူပူးပေါင်းပြီး လျှပ်စစ်ကားလုပ်ငန်း Polestar ကို ထူထောင်ခဲ့ပါသည်။

 ဥရောပကားလုပ်ငန်းကဏ္ဍတွင် Geely က ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နေပါသည်။ ၎င်းလျှပ်စစ်ကား brand Zeekr ကို ဥရောပ ဈေးကွက်ထဲသို့ ယခုနှစ်အတွင်း ပို့ဆောင်ပါမည်။
 
Geely က ရှယ်ယာများ ဝယ်ယူပြီး ငွေသွန်ထည့်လိုက်သဖြင့် Aston Martin ရှယ်ယာများ စတော့ရှယ်ယာဈေးကွက်တွင် ဈေးတက်သွားပါသည်။ ၂၃၁.၂ ပဲနီ ရှိခဲ့ရာမှ ၂၈၈.၀ ပဲနီအထိ ခုန်တက်သွားခဲ့ပါသည်။

Aston Martin အနေဖြင့် ‌ရှေ့ရေး ရေရှည်အတွက် ငွေသားအရင်းအနှီး ရရှိသွားသည့်အပြင် အသားတင်အကြွေး အချို့အဝက်‌ ပေးဆပ်နိုင်မည် ဖြစ်ပါသည်။ 

Aston Martin သည် မတ်လကုန်တွင် အသားတင်အကြွေး ပေါင် ၈၆၈.၁ သန်း ရှိပါသည်။
Aston Martin နှစ်‌ေပါင်းတစ်ရာ သက်တမ်းတစ်လျှောက် ဒေဝါလီ ၃ ကြိမ် ခံခဲ့ဖူးပါသည်။

Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 190 times