Ford အီးဗီမော်ဒယ် ၃ မျိုး ရောင်းအား ၃ ဆကျော် မြင့်တက်


 Ford အီးဗီမော်ဒယ် ၃ မျိုး ရောင်းအား ၃ ဆကျော် မြင့်တက်

 

Ford သည် မော်တော်ယာဉ် ထုတ်လုပ်မှုကို လျှပ်စစ်အဖြစ်သို့ ပြောင်းလဲရန် အကြီးအကျယ် ကြိုးပမ်းအားထုတ်ခဲ့ပြီး ယခုအခါ အသီးအပွင့်များ စတင်ရရှိလာပြီဟု ဆိုနိုင်ပါသည်။ Ford ၏ အီးဗီ‌မော်ဒယ်များအတွက် ဝယ်လိုအား ဆက်လက် မြင့်မားနေဆဲ ဖြစ်ပြီး ဩဂုတ်လတွင် အီး‌ေီမော်ဒယ် ၃ မျိုး စုစုပေါင်း ရောင်းချစီးရေ  ဇူလိုင်လထက်  သုံးဆကျော် မြင့်တက်ခဲ့ပါသည်။

 

Ford က ၎င်း၏ လူကြိုက်များသော မော်ဒယ်များကို အီးဗီအဖြစ်သို့ ပြောင်းလဲပြီး ထုတ်လုပ်ပါသည်။ ၂၀၂၀ ဒီဇင်ဘာလတွင် Mustang Mach-e ဖြင့် စတင်ခဲ့ပါသည်။ ထို့နောက် Ford က လုပ်ငန်းသုံးဗင်  E-Transit ကို ထုတ်လုပ်ခဲ့ရာတွင်လည်း လုပ်ငန်းသုံးအတွက် လူကြိုက်များပါသည်။  အီးဗီဈေးကွက်ထဲတွင် ထဲထဲဝင်ဝင် နေရာယူရန်အတွက် Ford က အပြည့်အဝ လျှပ်စစ်ကားဖြစ်သည့် ပစ်ကပ်ထရပ် F-150 Lightning ကို ထုတ်လုပ်ပါသည်။ ထို့နောက် နောက်ဆက်တွဲအဖြစ် F-series မော်ဒယ်များကို ထုတ်လုပ်ပါသည်။ 

 

မေလတွင် မှာကြားထားသူများထံ ကားများ စတင်ပေးအပ်ခဲ့ပါသည်။ ဩဂုတ်လတွင် Ford က အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၅၉ ခုသို့ ကားများ စတင်ပေးပို့ပါသည်။ အမှာစာများ များပြားသဖြင့် အလျဉ်မီ ထုတ်လုပ်နိုင်ရန် Ford ကြိုးပမ်းနေရပါသည်။ Ford စီအီးအို James Farley က ပထမမျိုးဆက် အီးဗီများအတွက် ဝယ်လိုအား ပြည့်လျှံနေကြောင်း ပြောကြားပါသည်။ 

 

ပထမမျိုးဆက် အီးဗီ မော်ဒယ်များ ဖြစ်ကြသည့် Mustang Mach-E, Lightning,  E-Transit ၃ မျိုးစလုံး ရောင်းအားကောင်းနေသည်။ စက်ရုံမှ မထုတ်လုပ်ရသေးခင်မှာပင် ရောင်းပြီးသား ဖြစ်နေသည်။  Ford သည် လာမည့်နှစ်အကုန်တွင် တစ်နှစ်လျှင် အီးဗီ စီးရေ ၆၀၀,၀၀၀ ထုတ်လုပ်ဖို့ မျှော်မှန်းထားသည်။ ထုတ်လုပ်မှုစွမ်းရည်ကို ၂၀၂၆ ခုနှစ်တွင် စီးရေ  ၂ သန်းအထိ မြှင့်တင်ရန် မျှော်မှန်းထားသည်။

 

ပထမတစ်ကြိမ် အမှာစာ လက်ခံပြီးနောက် အမှာစာအသစ်များ လက်ခံခြင်း ရက်ဆိုင်းထားခဲ့သည်။ ထို့နောက် ဈေးနှုန်းများ မြှင့်တင်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ဆက်စပ် ဖတ်ရှုရန် 

Ford Motor  ရဲ့ အီးဗီများ ဈေးနှုန်းမြှင့်တင် သတ်မှတ်

 

Ford သည် F-150 Lightning ကို စျေးနှုန်းအသစ်နှင့် အဆင့်မြှင့်တင်ထားသော အရောင်များဖြင့် ဩဂုတ်လအစောပိုင်းတွင် အမှာစာများ လက်ခံရန် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ စက်တင်ဘာလ လဆန်းပိုင်းတွင် Ford သည် Mustang Mach-e ကိုလည်း  အမှာစာများ လက်ခံရန် ပြန်လည်ဖွင့်လှစ်ခဲ့ရာ စျေးနှုန်းမြှင့်ထားပြီး အရောင်သစ် နှစ်မျိုး ပေးထားသည်။

 

F-150 Lightning ကို ဇူလိုင်လတွင် စီးရေ ၂၁၇၃  ရောင်းချခဲ့ပြီး ဩဂုတ်လတွင် စီးရေ ၂,၃၇၃ ရောင်းချခဲ့ပါသည်။  Mustang Mach-e သည် ဈေးကွက်ထဲ ရောက်နေသည်မှာ ယခုအခါ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ရောင်းအားကောင်းနေဆဲ ဖြစ်သည်။ ဩဂုတ်လတွင် စီးရေ ၃,၁၂၀ ရောင်းချခဲ့သည်။ အမှာစာအသစ် စီးရေ ၇,၈၀၀ ကျော် ရရှိသည်။

 

E-Transit van ၄၀၄ စီးကို ဩဂုတ်လတွင် ရောင်းချခဲ့သည်။  ဩဂုတ်လ အမေရိကန် အီးဗီဈေးကွက်တွင် Tesla သည် စီးရေ အများဆုံး ရောင်းချခဲ့ပြီး Ford သည်  စီးရေ ဒုတိယအများဆုံး ရောင်းချခဲ့ပါသည်။ ၂၀၂၂ ခုနှစ်အတွင်း Ford ၏ အီးဗီမော်ဒယ်များကို ရောင်းချခဲ့သည့် စီးရေနှင့်တကွ ဖော်ပြအပ်ပါသည်။ 

 

မော်ဒယ် - စီးရေ

F-150 lighting – 6,842

Mustang Mach-e – 25, 765

E-Transit – 3,938

Source Electrek

#MyanmarAutomobileGuide 

 Telegram Channel  https://t.me/Guid4U

Read 1646 times