Ford Motor  ရဲ့ အီးဗီများ ဈေးနှုန်းမြှင့်တင် သတ်မှတ်


Ford Motor  ရဲ့ အီးဗီများ ဈေးနှုန်းမြှင့်တင် သတ်မှတ်


Ford Motor  က ပစ္စည်းဈေးနှုန်းများ သိသိသာသာ မြင့်တက်ခြင်းနှင့် အခြားအကြောင်းအချက်များကြောင့် လျှပ်စစ်ပစ်ကပ်ကား F-150 Lightning ရဲ့ စက်ရုံထုတ်ဈေး ဈေးနှုန်းများကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။  အခြေခံအကျဆုံး မော်ဒယ်အတွက် ဈေးနှုန်းက $47,000မှ $97,000 သို့ တိုးမြှင့်လိုက်ပါတယ်။ ယေဘုယျအားဖြင့် မော်ဒယ်အပေါ် မူတည်ပြီး  အနည်းဆုံး $6,000 တိုးမြှင့်ပြီး အများဆုံး $8,500 အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ 

အီးဗီအသစ်ဆုံး အသစ်တွေ ဈေးနှုန်းတိုးမြှင့် သတ်မှတ်နေကြတာမှာ Ford လည်း ပါဝင်လာတာ ဖြစ်ပါတယ်။ အခုလို ဈေးတက်လိုက်တာအတွက် ကားမှာကြားထားပြီး ကားရဖို့ စောင့်နေသူများ အကျုံး မဝင်ကြောင်းလည်း Ford  က ထုတ်ပြန်ကြေညာပါတယ်။ F-150 Lightning အမှာစာ စီးရေ ၂ သိန်း လက်ခံရရှိပြီးချိန်မှာ အမှာစာ လက်ခံတာကို ယာယီပိတ်ထားခဲ့ရာမှ ပြန်မဖွင့်ခင် တစ်ပတ်အလိုမှာ ဈေးနှုန်းအသစ်တွေကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

 

ဘက်ထရီအတွက် သုံးစွဲရတဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ ဈေးနှုန်းတွေက မြင့်တက်ခဲ့လို့ ဘက်ထရီဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။ မေလမှာ စတင်ထုတ်လုပ်ပေးပို့ခဲ့ပြီး ဇူလိုင်လကုန်အထိ စီးရေ ၄,၄၀၀ ခန့်ကိုသာ ထုတ်လုပ်ပြီးစီးပြီး အမှာစာများထံ ပေးပို့ခဲ့ပါတယ်။ 

Source: cnbc

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

Read 1830 times