Ford စီအီးအိုက အီးဗီကားဈေးကွက် ဈေးနှုန်းစစ်ပွဲ ဟောကိန်းထုတ်


Ford စီအီးအိုက အီးဗီကားဈေးကွက် ဈေးနှုန်းစစ်ပွဲ ဟောကိန်းထုတ်

Ford စီအီးအို Jim Farley က အိမ်စီးအီဗီကားဈေးကွက်သည် များမကြာခင် ဈေးနှုန်းစစ်ပွဲတစ်ခုအတွင်းသို့ ဝင်ရောက်ပြီး ဈေးသက်သာသည့် အားသာချက်ဖြင့် အီးဗီဝယ်ယူမည့်သူများကို ဆွဲဆောင်ရန် ဈေးနှုန်းတိုက်ပွဲများ ဆင်နွှဲကြလိမ့်မည်။ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ပတ်လည် ရောင်းဈေးရှိ မော်ဒယ်အသစ်များဖြင့် ယှဉ်ပြိုင်ကြလိမ့်မည်လို့ ဟောကိန်းထုတ်ပါတယ်။

 အီးဗီဈေးကွက် လက်ရှိ အနေအထားမှာတော့ ဝယ်လိုအား များပြားနေပြီး ထုတ်လုပ်မှုအပိုင်းမှာ အကန့်အသတ်တွေ ရှိနေတာကြောင့် ဈေးနှုန်းစစ်ပွဲ ကင်းစင်နေပါတယ်။  အီးဗီ ဝယ်ယူသူတို့ ကားရဖို့ လချီကြာအောင် စောင့်ကြရလို့ ဆောလျင်စွာ လိုချင်လျှင် အရောင်းကိုယ်စားလှယ်များကို ပရီမီယံကြေး အများအပြား ထပ်ဆောင်းပြီး ပေးကြရပါတယ်။
 များမကြာခင်မှာ အခြေအနေတွေ ပြောင်းလဲသွားလိမ့်လို့ စီအီးအို Jim Farley က ယူဆထားပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့  Bernstein Strategic Decisions Conference မှာ Ford စီအီးအို  Jim Farley က သူ့အနေဖြင့် ကြိုတင်ခန့်မှန်းထားတာက လာမယ့်နှစ်များမှာ ဈေးသက်သာတဲ့ အီးဗီတွေ ထုတ်လုပ်လာကြလိမ့်မယ်။ ဈေးနှုန်းက $25,000 ပတ်လည် ဖြစ်လိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့ ဈေးနှုန်း စစ်ပွဲကြီး“huge price war” တစ်ခု အီးဗီလုပ်ငန်းကဏ္ဍမှာ ပေါ်ပေါက်လာလိမ့်လို့ သူက တွက်ဆထားကြောင်း စီအီးအို Jim Farley ကပြောကြားပါတယ်။ 
 
Ford မှ ထုတ်လုပ်တဲ့ Mustang Mach-E အခြေခံဈေးနှုန်းက $45,000 ဖြစ်ပါတယ်။ ကားမှာ တပ်ဆင်ပေးရတဲ့ ဘက်ထရီအတွက် $18,000 ကုန်ကျပါတယ်။ ဒီတော့ ဈေးနိမ့်ချဖို့ ခက်ခဲပါတယ်။

လောလောဆယ်မှာတော့ အီးဗီအတွက် ဘက်ထရီတွေအကြောင်းကြောင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘက်ထရီ ထုတ်လုပ်မှု ကုန်ကျစရိတ်‌များ ပိုသက်သာလာလိမ့်မယ်။ ကားထုတ်လုပ်တဲ့အပိုင်းမှာလည်း စရိတ်စကများ လျှော့ချပေးနိုင်လိမ့်မယ်လို့ Farley က ယူဆကြောင်း ပြောကြားပါတယ်။ 

Ford အနေဖြင့် ကားဖြန့်ဖြူးရေးစရိတ်စကများနှင့် ကြော်ငြာစရိတ်များကို လျှော့ချဖို့ အသင့်အနေအထားမှာ ရှိနေတယ်လို့ Farley က ပြောကြားပါတယ်။

VW က   ရောင်းဈေး $24,000 ပတ်လည်ဖြင့် ရောင်းချမယ့် ID.Life မော်ဒယ် ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

Tesla ကလည်း $25,000 တန် လျ‌ှပ်စစ်ကား မော်ဒယ် ထုတ်လုပ်ဖို့ အစီအစဉ်ရှိကြောင်း ပြောကြားပေမဲ့ လက်ရှိ ထုတ်လုပ်နေတဲ့ မော်ဒယ်တွေကို ကြိုတင်အမှာစာတွေအတွက် အလျဉ်မီအောင် ထုတ်ဖို့ လုံးပန်းနေရဆဲ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ တရုတ်ပြည်တွင်းဈေးကွက်မှာ ကြီးစိုးနေတဲ့ တရုတ် brand တွေ ပြည်ပဈေးကွက်တွေထဲ ထိုးဖောက်‌တဲ့အခါ ပရီမီယံအတန်းအစား အစား အလယ်အလတ်အတန်းအစားကို နေရာသိမ်းပိုက်ဖွယ် ရှိပါတယ်။

Honda ကတော့ တရုတ်ပြည်တွင်းဈေးကွက်ကို အလယ်အလတ်တန်းဖြင့် ဈေးကွက်ဝေစု ရဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

MyanmarAutomobileGuide 

Honda က တရုတ်အီးဗီဈေးကွက်မှာ ဈေးနှုန်းမဟာဗျူဟာဖြင့် မောင်းနှင်မည်

 

Read 3670 times