VINFAST လျှပ်စစ်ကားများ အမေရိကန်သို့ စတင်ရောက်ရှိ 


VINFAST လျှပ်စစ်ကားများ အမေရိကန်သို့ စတင်ရောက်ရှိ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယခုနှစ် လော့စ်အိန်ဂျလိစ် မော်တော်ကားပြပွဲတွင် ဗီယက်နမ် ကားထုတ်လုပ်သူ VinFast က ယခုနှစ်ကုန်တွင် အမေရိကန်၌ ကားများ စတင် ရောင်းချပေးမည်ဟု ကတိပြုခဲ့သည်။
2023 VinFast VF 8 crossover အီးဗီ ၉၉၉ စီးကို လွန်ခဲ့သည့်တစ်လခန့်က ဗီယက်နမ်တွင် သင်္ဘောတင်ဆောင်ခဲ့ပြီး ကယ်လီဖိုးနီးယားသို့ ပေးပို့ခဲ့သည်။


ယခင်ဖော်ပြချက်
VinFast အီးဗီများ အမေရိကန်သို့ ပထမအသုတ် ၉၉၉  စီး  တင်ပို့
https://www.automobiledirectory.com.mm/article/vinfast-999.html


အဆိုပါကားများသည် Silver Queen Ocean ကားတင်သင်္ဘောဖြင့် ဗီယက်နမ်မှ ခရီးရှည်ခရီးထွက်ပြီး ၂၆ ရက်အကြာတွင် အမေရိကန်နိုင်ငံ   Benicia ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

 

 

 

ယင်းကားများသည် အမေရိကန်သို့ တရားဝင် ပထမဆုံးရောက်ရှိသည့် ဗီယက်နမ်ကားများဖြစ်သည်။
VinFast သည် ယခုလနှောင်းပိုင်းတွင် လိုအပ်သည့် အတည်ပြုချက် ခွင့်ပြုချက် စာရွက်စာတမ်းများ ရယူပြီးလျှင် မှာကြားထားသူများထံ အီးဗီများကို စတင်ပေးပို့မည် ဖြစ်သည်။

 

Vingroup ၏ ဒုဥက္ကဌ နှင့် VinFast Singapore ၏ CEO Madam Le Thi Thu Thuy

 

"ယနေ့သည် VinFast အတွက် အလွန်အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည်။  Las Vegas တွင် ယခုနှစ်အစောပိုင်းတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လျှပ်စစ် SUV အမျိုးအစားအားလုံးကို ကြေညာခဲ့ပြီး ၂၀၂၂ နှစ်ကုန်တွင် စျေးကွက်သို့ အရောက်ပို့ပေးရန် ရဲရဲတင်းတင်း ကတိပြုခဲ့သည်" ဟု  Vingroup ၏ ဒုဥက္ကဌ နှင့် VinFast Singapore ၏ CEO Madam Le Thi Thu Thuy က ကြေညာချက် ထုတ်ပြန်သည်။

ပထမဆုံး ၉၉၉ စီးကို VF 8 City Edition ဟု ခေါ်ဝေါ်ပြီး အစောပိုင်း VinFast ကြိုတင်မှာယူသူများကိုသာ ရောင်းချသည့် စီးရေ ကန့်သတ်ထုတ်လုပ်သည့် မော်ဒယ်ဖြစ်သည်။

Tesla ကဲ့သို့ပင် VinFast သည်လည်း ကားများကို ကြားခံ အရောင်းကိုယ်စားလှယ် မထားဘဲ ဝယ်ယူသူများထံ တိုက်ရိုက်ရောင်းချသည်၊ ကွာခြားသည်မှာ Tesla က အရောင်းပြခန်းများ မဖွင့်လှစ်ချေ။ VinFast က ကယ်လီဖိုးနီးယားတွငါ အရောင်းပြခန်းများ ဖွင့်လှစ်ထားသည်။

VF 8 City Edition ကားတိုင်းတွင် ဘက်ထရီ ၁၀ နှစ် အာမခံ အပါအဝင် ကားကို ၁၀ နှစ် အာမခံ ပေးထားသည်။
VF 8 မော်ဒယ် Eco နှင့် Plus တို့သည် ခရီးတာ ၁၇၉ မိုင် သွားနိုင်သည်။ ၂၀၂၃ တွင် software update ပေးပြီးလျှင် သွားနိုင်မည့်ခရီးတာ ပိုများလာမည်ဟု ဆိုသည်။
နောက်နောက် ထုတ်လုပ်မည့်  VF 8 တွင် ဘက်ထရီထုပ် ပိုကြီးမည်ဖြစ်ပြီး ခရီးတာ မိုင် ၃၀၀ အထိ ရမည်ဟု ဆိုသည်။
VF 8 ပြီးလျှင် အရွယ်အစား ပိုကြီးသည့် VF 9 မော်ဒယ်များကို ဆက်လက်ထုတ်လုပ်မည်။ ထို့နောက် VF 6 နှင့်  VF 7 မော်ဒယ်များ ဆက်လက်ထုတ်လုပ်မည် ဖြစ်သည်။
Source carbuzz

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 4955 times