VinFast အီးဗီများ အမေရိကန်သို့ ပထမအသုတ် ၉၉၉  စီး  တင်ပို့


VinFast အီးဗီများ အမေရိကန်သို့ ပထမအသုတ် ၉၉၉  စီး  တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗီယက်နမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်က ကျောထောက်နောက်ခံပြုထားတဲ့ ဗီယက်နမ်အခြေစိုက် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း  VinFast သည် အမေရိကန်ဈေးကွက်အတွက် ပထမဆုံးအသုတ် SUV ကားများကို တင်ပို့ပါသည်။  တန်းမြင့်ကားများကို ထုတ်လုပ်ရန် လွန်ခဲ့သောငါးနှစ်က ချမှတ်ခဲ့သည့် မိခင် Vingroup JSC အတွက် မှတ်တိုင်တစ်ခု ဖြစ်ပါသည်။
.
မော်တော်ယာဥ်များကို ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ Haiphong တွင် သင်္ဘောကိုယ်ထည် နံရံ အဖြူ‌ရောင်ပေါ်တွင် VinFast ဟု အပြာရောင် စာလုံးများဖြင့် ဖော်ပြထားသော အဖြူရောင်နှင့် အနီရောင် ကားတင်သင်္ဘောပေါ်သို့  ပို့ဆောင်ခဲ့ပါသည်။
.
ဗီယက်နမ်မှ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားသို့ အီးဗီများကို ကားသင်္ဘောဖြင့် တင်ပို့ရာ၌ ထူးခြားချက်မှာ တင်ပို့သည့် စီးရေ ဖြစ်ပါသည်။ 

၉၉၉  စီး တိတိကို ၎င်းသင်္ဘောဖြင့် တင်ပို့ကြောင်း VinFast ၏ ကြေညာချက်မှာ ဖော်ပြထားပါသည်။

အမေရိကန်မှ အမှာစာများထံ ပေးပို့မည့် ကားများ ဖြစ်ပါသည်။ 

 

ကားသင်္ဘောပေါ်သို့ ကားတင်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် Pham Minh Chinh  တက်ရောက်ခဲ့ပါသည်။ 

ကမ္ဘာ့ထိပ်တန်း မော်တော်ယာဥ်အမှတ်တံဆိပ်များအကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုကို ရင်ဆိုင်ပြီး ကုမ္ပဏီက ယခုလအတွင်း အမေရိကန်၊ ကနေဒါနှင့် ဥရောပရှိ အမှာစာများထံ ကားအစီးရေ ၅,၀၀၀ ခန့် တင်ပို့မည်ဖြစ်ကြောင်း စက်တင်ဘာလတွင် ပြောကြားခဲ့သည်။

 

VinFast သည်  VF 8 နှင့် VF 9 မော်ဒယ်များအတွက် ကမ္ဘာတစ်ဝှမ်း အမှာစာ ၆၅,၀၀၀ လက်ခံရရှိထားကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။ 
Source gcaptain
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


 


 

Read 4043 times