F1 Singapore Grand Prix အတွက် Singapore Airlines စပွန်ဆာ သက်တမ်းတိုး


F1 Singapore Grand Prix အတွက် Singapore Airlines စပွန်ဆာ သက်တမ်းတိုး

Singapore Airlines (SIA) က စင်ကာပူမှာ နှစ်စဉ် ကျင်းပတဲ့  Formula 1 Singapore Grand Prix ပြိုင်ကားပြိုင်ပွဲအတွက် စပွန်ဆာ သက်တမ်းကို ၃ နှစ် တိုးမြှင့်ကြောင်း မေလ ၁၄ ရက် စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Formula 1 Singapore Grand Prix ကို ရှေးယခင်က Singtel က စပွန်တာပေးခဲ့တာ ၂၀၀၈ မှ ၂၀၁၃ ခုနှစ်အထိ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် title sponsor အဖြစ် SIA လက်မှတ်ရေးထိုးခဲ့ပြီး  ၂၀၁၈ နှင့် ၂၀၂၀ တို့မှာ သက်တမ်း၂နှစ်စီ ထပ်တိုးခဲ့ပါတယ်။
ယခုတစ်ကြိမ် သက်တမ်းတိုးလိုက်တာက SIA အနေဖြင့် ၂၀၂၄ ခုနှစ် Singapore Grand Prix  ပြိုင်ပွဲအထိ အကျုံးဝင်ပါတယ်။

COVID-19 ကြောင့် Formula 1 Singapore Grand Prix ကို ၂ နှစ်တိုင်တိုင် မကျင်းပခဲ့ရာမှ ယခုနှစ်မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

စင်ကာပူက Formula 1 ပြိုင်ကားပြိုင်ပွဲ ကျင်းပဖို့ ၂၀၂၂ ဇန်နဝါရီလမှာ ၇ နှစ် သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ပါတယ်။ စတုတ္တအကြိမ်မြောက် သက်တမ်းတိုးခြင်းဖြစ်ပြီး ကာလအရှည်ကြာဆုံး သက်တမ်းတိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ယခုနှစ်မှာ Formula 1 Singapore Grand Prix ပြိုင်ကားပြိုင်ပွဲကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာဘ ၂ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

စင်ကာပူ Formula One ကားပြိုင်ပွဲ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး

 

Read 331 times