စင်ကာပူ Formula One ကားပြိုင်ပွဲ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး


စင်ကာပူ Formula One ကားပြိုင်ပွဲ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး

စင်ကာပူက Formula One ကားပြိုင်ပွဲ သဘောတူညီချက်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပါတယ်။ ယခုနှစ် ပြိုင်ပွဲကို အောက်တိုဘာလ ၂ ရက်မှာ ကျင်းပပါမယ်။

စင်ကာပူ ခရီသွားလုပ်ငန်း ဘုတ်အဖွဲ့ Singapore Tourism Board (STB) နှင့် Singapore GP တို့က ဇန်နဝါရီလ ၂၇ ရက်မှာ Formula One (F1)ကားပြိုင်ပွဲကို စင်ကာပူမှာ ဆက်လက်ကျင်းပဖို့ ၇ နှစ် သက်တမ်းတိုးကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Formula One Group နှင့် သဘောတူညီချက် သက်တမ်းတိုးတာ နှစ်အများဆုံး ဖြစ်ပါတယ်။ ယခင်သက်တမ်းတိုးခဲ့တဲ့ အကြိမ်များမှာ ၄ နှစ် နှင့် ၅ နှစ် သက်တမ်းတိုးခဲ့ပါတယ်။

 

 

စင်ကာပူမှ Formula One (F1)ကားပြိုင်ပွဲကို  ညပြိုင်ပွဲအဖြစ် ညအခါမှာ ကျင်းပပါတယ်။
ညပြိုင်ပွဲ နှစ်ကြိမ်ကို ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။ ၂ နှစ်တာ ကင်းကွာနေခဲ့တဲ့ F1 night race ဒီနှစ်မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

 

 ပြီးခဲ့နှစ်မှာ ၂၀၁၇ မှာ ၄ နှစ် သက်တမ်းတိုးခဲ့တာ ပြီးခဲ့နှစ် ၂၀၂၁ မှာနှစ်စေ့ခဲ့လို့ ယခုနှစ်မှာ ၇ နှစ် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။Singapore Airlines က စပွန်ဆာပေးထားတာလည်း ယမန်နှစ်က သက်တမ်းကုန်ဆုံးခဲ့ပါတယ်။

ယခုနောက်ဆုံး သဘောတူညီချက် ကန်ထရိုက်က ၂၀၂၂ မှ ၂၀၂၈ အထိ ဖြစ်ပါတယ်။ ယခုနှစ် ပြိုင်ပွဲကို အောက်တိုဘာလ ၂ ရက်မှာ Marina Bay Street Circuit မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပြိုင်ပွဲကျင်းပရေးမှာ လုပ်ကိုင်ကြသူတွေက ပြိုင်ပွဲ ဝင်ပြိုင်သူများ၊ ဝန်ထမ်းများ၊ စင်ကာပူမှ အမာခံ ပရိသတ်များ၊ ပြည်ပမှ လာရောက်မယ့် အမာခံ ပရိတ်သတ်များ အစရှိသူတွေ အားလုံးရဲ့ ကျန်းမာရေး၊ ဘေးကင်းရေး စိတ်ချလက်ချ ရှိစေဖို့ အစိုးဌာနများနှင့်အတူ လုပ်ကိုင်သွားမယ်လို့ ဖော်ပြထားပါတယ်။

 


ပြီးခဲ့တဲ့ ပြိုင်ပွဲ ၂၂ ပွဲအနက် အီတလီ၊ ပေါ်တူဂီနှင့် အဇာဘိုင်ဂျန် တို့မှာ တစ်ပွဲစီ ကျင်းပခဲ့ရာမှာ ပရိသတ် လာရောက်အားပေးကြည့်ရှုခွင့် မပေးဘဲ တံခါးပိတ် ကျင်းပခဲ့ပါတယ်။ ကျန်တဲ့ ပွဲတွေမှာတော့ ပွဲကြည့်ပရိသတ် လာရောက်ခွင့် ပေးခဲ့ပါတယ်။ သို့သော် အထူးတန်း grandstand တစ်မျိုးသာ လက်ခံပါတယ်။

ဘာရိန်း၊ စပိန်နှင့် မိုနာကိုတို့မှာ ပွဲကြည့်ပရိသတ်ကို အကန့်အသတ်ဖြင့်သာ လက်ခံပါတယ်။ ဩစတီးယား၊  အင်္ဂလန်နှင့် အမေရိကန် တို့မှာ ကွင်းလုံးပြည့် လက်ခံခဲ့ပါတယ်။

ပြိုင်ပွဲအများစုမှာ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးသူများ၊ ဆေးစစ်ချက် ပိုးမတွေ့ ရလဒ် ရသူများ ကိုသာ လက်ခံပါတယ်။ ကွင်းထဲမှာ အချိန်ပြည့် မတ်စ်တပ်ထားဖို့နဲ့ လူချင်းခပ်ခွာခွာ နေဖို့ စည်းကမ်းထုတ်ပြန် ထားပေမဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခြင်း မပြုဘဲ လျော့ပေါ့ပေးခဲ့ပါတယ်။

Singapore Grand Prix က ပရိသတ် များပြားပါတယ်။

 ၂၀၁၉ မှာ ၃ ရက်ကြာ ကျင်းပတဲ့ F1 ကားပြိုင်ပွဲကို ပရိသတ်ဦးရေ စုစုပေါင်း ၂၆၈,၀၀၀ လာကြည့်ခဲ့ပါတယ်။ ၂၀၀၈ မှာ ပရိသတ် ၃၀၀,၀၀၀ လာရောက်ခဲ့ပါတယ်။ ပြည်ပမှ ဧည့်ပရိသတ် ၄၀% ပါဝင်ပါတယ်။ 

ညပြိုင်ပွဲ ကုန်ကျစရိတ် စင်ကာပူဒေါ်လာ ၁၃၅ သန်း ကုန်ကျပါတယ်။ ကုန်သွယ်စက်မှု ဝန်ကြီးဌာနနှင့် STB တို့က ၆၀% ကျခံပြီး ကျန်ငွေကို Singapore GP က ကျခံပါတယ်။


၂၀၂၂ အတွက် ပွဲစဉ်အချိန်ဇယား ပြက္ခဒိန်ကို F1 က ၂၀၂၁ အောက်တိုဘာလမှာ ပြိုင်ပွဲ ၂၃ ခုဖြင့် ထုတ်ပြန်ပေးခဲ့ပါတယ်။

၂၀၂၂ ပြိုင်ပွဲရာသီကို မတ်လမှာ စတင်မှာ ဖြစ်ပါတယ်။ ဘာရိန်းမှာ စတင်ပါမယ်။ တရုတ်နိုင်ငံက ကိုဗစ်ကြောင့် ပွဲလက်မခံတာ ယခုနှစ် အပါအဝင် ၃ နှစ်ဆက်တိုက် ရှိပါပြီ။ အရှေ့အလယ်ပိုင်းဒေသကို ထည့်မတွက်ရင် အာရှမှာ ၂ ပွဲသာ ကျင်းပမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂ ရက်မှာ  စင်ကာပူမှာ  ကျင်းပမှာ ဖြစ်ပြီး တစ်ပတ်အကြာမှာ ဂျပန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ယခင်က မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယ တို့မှာ တစ်ပွဲစီဖြင့် အာရှမှာ စုစုပေါင်း ၆ ပွဲ ကျင်းပခဲ့ပါတယ်။

 

 

Read 455 times