ရေကြောင်းပို့ဆောင်ရေးကို တရုတ်ကားလုပ်ငန်းကြီးများ အာရုံစိုက်
တရုတ်ပြည်တွင်း ကား brand တွေ ကမ္ဘာ့ဈေးကွက်ထဲ ထိုးဖောက်ဝင်ရောက် နေရာယူနိုင်လာကြပြီဖြစ်လို့ တရုတ်ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကားများကို ပင်လယ်ရပ်ခြားသို့ ရေကြောင်းဖြင့် ပေးပို့ဖို့ လိုအပ်လာပါတယ်။ တင်ပို့တဲ့ စီးရေ များလာတာနဲ့အမျှ ကားသင်္ဘောလိုအပ်ချက်လည်း ပိုများလာပါတယ်။
၂၀၂၂ စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ မော်တော်ကား လုပ်ငန်းများသည် ကားအစီးရေ ၃ သိန်းကျော် ပြည်ပသို့ တင်ပို့ခဲ့ကြပါတယ်။
၂၀၂၂ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာအတွင်း စီးရေ ၂.၁၂ သန်း တင်ပို့ခဲ့ကြပါတယ်လို့ တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers မှ အချက်အလက် ထုတ်ပြန်ပါတယ်။
လစဉ်တင်ပို့စီးရေ ၃ သိန်းကျော်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပြည်တွင်း ထုတ်လုပ်တဲ့ကားများ ပြည်ပတင်ပို့မှုမှာ ဂျပန်က အများဆုံးဖြစ်ပါတယ်။
ယခုအခါ တရုတ်က ဂျာမနီကို ကျော်တက်ပြီး ဒုတိယနေရာ ရောက်ရှိနေပါတယ်။
ပင်လယ်ရပ်ခြား ကားများ အလုံးအရင်းဖြင့် တင်ပို့လာကြတဲ့အခါ ကုမ္ပဏီပိုင် ကားသင်္ဘော ထားရှိဖို့ ခြေလှမ်းများ စလှမ်းလာကြပါတယ်။
၂၀၂၂ ဇန်နဝါရီ ၁၇ ရက်မှာ SAIC Motor က သင်္ဘောတည်ဆောက်ပေးဖို့ China State Shipbuilding Corporation (CSSC) နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် Liquidfied Natural Gas LNG နှစ်မျိုးသုံး အင်ဂျင် သုံးစွဲတဲ့ ကားသင်္ဘော ၂ စီး တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။
SAIC Motor မှ အပြည့်အဝ ပိုင်ဆိုင်တဲ့ လက်အောက်ခံလုပ်ငန်းဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး logistics ကဏ္ဍကို တာဝန်ယူရတဲ့ SAIC Anji Logistics Co အတွက် ဖြစ်ပါတယ်လို့ Global Times ရဲ့ သတင်းမှာ ဖော်ပြပါတယ်။
ယခုအခါ တရုတ်ပြည်မှ ကားများ ပြည်ပတင်ပို့တဲ့ စီးရေ တိုးလာတဲ့ နှုန်းက ပိုမြန်လာနေပါတယ်။ တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) အဆိုအရ
တစ်နှစ်လျှင် အကြမ်းမ်ားအားဖြင့် စီးရေ ၁ သန်း တိုးနေပါတယ်။ ယခုနှစ် ၂၀၂၂ မှာ ၃ သန်းနီးပါးဖြစ်လာမယ်လို့ အသင်းအထွေထွေ အတွင်းရေးမှူး Cui Dongshu က Global Times ကို ပြောကြားပါတယ်။
Graphic: Tang Tengfei/GT
တရုတ်နိုင်ငံမှ BYD က ကားတင်သင်္ဘော ၈ စီး တည်ဆောက်ပေးဖို့ သင်္ဘောကျင်းကို မှာကြားထားတဲ့အကြောင်း Myanmar Automobile Guide မှ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ Read more . . .
သင်္ဘောအသစ်များ မှာကြားခြင်းအပြင် တရုတ် ကား brand တွေက ကားသင်္ဘောတွေ ပြေးဆွဲတဲ့အခါ စီမံခန့်ခွဲဖို့ တရုတ်ပြည်တွင်း သင်္ဘောလိုင်းများနှင့် စီးပွားဖက်အဖြစ် လက်တွဲကြပါတယ်။
SAIC Motor က တရုတ်မှ China COSCO Shipping Corporation နှင့် ၂၀၂၂ အောက်တိုဘာလမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ China COSCO Shipping Corporation က ၎င်းရဲ့ ရှယ်ယာ ၅% ကို SAIC ထံ အခမဲ့ ပေးအပ်မှာ ဖြစ်ပြီး အပြန်အလှန်အားဖြင့် SAIC Motor က ၎င်းရဲ့ ရှယ်ယာ ၅.၈၂% ကို China COSCO Shipping Corporation ထံ အခမဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။
Source globaltimes