စွမ်းအင်သစ် ကားလုပ်ငန်း BYD က ကုမ္ပဏီပိုင် ကားသင်္ဘော ထားရှိရန် ကားသင်္ဘော အသစ် ၈ စီး မှာကြား


စွမ်းအင်သစ် ကားလုပ်ငန်း BYD က ကုမ္ပဏီပိုင် ကားသင်္ဘော ထားရှိရန် ကားသင်္ဘော အသစ် ၈ စီး မှာကြား


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ ကားထုတ်လုပ်ရေး လုပ်ငန်း BYD (Build Your Dreams) က ကားသင်္ဘောအသစ် ၈ စီး တည်ဆောက်ပေးဖို့ တရုတ်နိုင်ငံမှ Yantai သင်္ဘောကျင်းကို မှာကြားထားပါတယ်။

ကားသင်္ဘော ၈ စီးအနက် ၆ စီးအတွက် BYD နှင့် Yantai သင်္ဘောကျင်းတို့ ကန်ထရိုက် စာချုပ်ချုပ်ဆိုခဲ့ပြီး ကျန် ၂ စီးကို‌ လိုအပ်ခဲ့ရင် တည်ဆောက်ခိုင်းမယ်လို့ မတင်မကျအနေအထားဖြင့် မှာကြားထားပါတယ်။ 

ကန်ထရိုက်တန်ဖိုး ယွမ် ၅ ဘီလီယံ(ကန်ဒေါ်လာ သန်း ၆၈၀ ကျော်) ရှိတယ်လို့ Caixai သတင်းဌာနရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ကားသင်္ဘောအရွယ်အစားက ကားစီးရေ ၇,၇၀၀ တင်ဆောင်နိုင်တဲ့ အရွယ်အစား ဖြစ်ပါတယ်။

အင်ဂျင်က လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် LNG ၂ မျိုးသုံးနိုင်တဲ့ အင်ဂျင်အမျိုးအစား ဖြစ်ပြီး သင်္ဘောအမျိုးအစားက PCTC Pure Car Truck Carrier ဖြစ်ပါတယ်။

တရုတ်ပြည်မှ သင်္ဘောကျင်း ၃ ခုနှင့် ၂၀၂၂ ဇူလိုင်လမှာ ဆွေးနွေးခဲ့ပါတယ်။ China Shipping Gazette သတင်းအရ တစ်စီးကို အခြေခံ ကန်ဒေါ်လာ ၈၄ သန်းဖြင့် BYD က ဈေးစကား ပြောခဲ့ပါတယ်။ တရုတ်သင်္ဘောကျင်း ဈေးကွက်မှာ အဆိုပါကားသင်္ဘောမျိုးကို တည်ဆောက်ရင် ကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် ပေါက်ဈေးရှိပါတယ်။ အဆုံးသတ်မှာတော့  BYD  က Yantai သင်္ဘောကျင်း တစ်ခုတည်းကိုသာ ရွေးချယ်ခဲ့ပါတယ်။

ကားသင်္ဘောတွေ ပြေးဆွဲတဲ့အခါ လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲဖို့အတွက် ကန်ထရိုက်ပေးဖို့ တရုတ်နိုင်ငံမှ သင်္ဘောလိုင်းများနှင့် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ 

.

BYD က ကမ္ဘာတစ်လွှား ဈေးကွက်များ တိုးချဲ့လျက်ရှိရာ ကားများ ပေးပို့တဲ့အခါ ကားသင်္ဘော ရဖို့ အထစ်အငေါ့၊ အခက်အခဲ မရှိရအောင် ကုမ္ပဏီပိုင် သင်္ဘော ထားရှိဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လတ်တလော ကမ္ဘာ့ကားသင်္ဘောဈေးကွက်ထဲမှာ ပို့ဆောင်လိုတဲ့ ကားစီးရေက ကားသင်္ဘောများ ပို့ဆောင်ပေးနိုင်တဲ့ ပမာဏထက် များနေတဲ့အတွက် မော်တော်ယာဉ် ရေကြောင်း ပို့ဆောင်ခများ တရိပ်ရိပ် မြင့်တက်နေပါတယ်။

.

BYD က မြောက်အမေရိကမှတစ်ပါး ကျန်တဲ့ အာရှ၊ တောင်အမေရိက၊ ဥရောပနှင့် အာဖရိကတို့ရဲ့ ဈေးကွက်များသို့ ချဲ့ထွင်နေပါတယ်။ အာရှအနေဖြင့် ထိုင်း၊ လာအို၊ မွန်ဂိုလီးယား၊ နီပေါ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား အစရှိတဲ့ နိုင်ငံများမှာ ခြေကုပ်ရယူထားပြီး ဖြစ်ပါတယ်။ 

မကြာသေးခင်က မော်ရစ်သျှ ကျွန်းနိုင်ငံမှ ထိပ်တန်း ကားတင်သွင်းသူ LEAL Group နှင့် BYD ဖြန့်ဖြူးရေးအတွက် စာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။

Source cleantechnica

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 9029 times