တရုတ်ပြည်ဖြစ် မော်တော်ယာဉ်များ အများဆုံးတင်ပို့သည့် (၁၀)နိုင်ငံ
တရုတ်နိုင်ငံတွင် ထုတ်လုပ်သော မော်တော်ယာဉ်များ ပြည်ပို့တင်ပို့ရာတွင် အများဆုံးတင်ပို့သည့် နိုင်ငံမှာ ချီလီနိုင်ငံဖြစ်သည်။ ဒုတိယနေရာတွင် ဆော်ဒီအာရေဗျနိုင်ငံ ရှိနေပြီး ရုရှားနိုင်ငံက တတိယအများဆုံးနိုင်ငံ ဖြစ်ပါသည်။
တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers (CAAM)မှ ထုတ်ပြန်သော စာရင်းအရ တရုတ်ပြည်တွင် ပြုလုပ်သည့် မော်တော်ယာဉ်များ အများဆုံး တင်ပို့သည့် ထိပ်တန်း (၁၀) နိုင်ငံမှာ
၁။ ချီလီ
၂။ ဆော်ဒီအာရေဗျ
၃။ ရုရှား
၄။ ဘယ်လ်ဂျီယံ
၅။ ဩစတြေးလျ
၆။ မက္ကဆီကို
၇။ အီဂျစ်
၈။ ဘင်္ဂလားဒေ့ရှ်
၉။ ယူနိုက်တက်ကင်းဒမ်း
၁၀။ ဖိလစ်ပိုင်
၂၀၂၀ ဇန်နဝါရီလ
တရုတ်မော်တော်ယာဉ် brand များ ဖြစ်ကြသည့်
BYD, Changan, Chery, Geely, Great Wall အစရှိသည်တို့ အဖွဲ့ဝင်များဖြစ်ကြသည့် CAAM မှ ထုတ်ပြန်ချက်အရ ၂၀၂၂ ဇန်နဝါရီလတွင် စီးရေ ၂၃၁,၀၀၀ တင်ပို့ခဲ့သည်။
အိမ်စီးကား စီးရေ ၁၈၅,၀၀၀ ဝန်းကျင် တင်ပို့ခဲ့သည်။
လုပ်ငန်းသုံးယာဉ် စီးရေ ၄၆,၀၀၀ ဝန်းကျင် တင်ပို့ခဲ့ပါသည်။
စွမ်းအင်သစ်
တရုတ်နိုင်ငံမှ ပြည်ပဈေးကွက်များသို့ တင်ပို့ခဲ့သော အိမ်စီးနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များတွင် စီးရေ ၅၆,၀၀၀ သည် စွမ်းအင်သစ် မော်တော်ယာဉ်များ ဖြစ်ပါသည်။
CAAM မှ ထုတ်ပြန်ချက်တွင် ထို့ထက်ပို၍ အမျိုးအစားတစ်ခုချင်းအရ အသေးစိတ် ဖော်ပြပေးထားခြင်း မပြုပါ။
စွမ်းအင်သစ် မော်တော်ယာဉ်များဟု ဆိုရာတွင် အပြည့်အဝ လျှပ်စစ်ကား၊ ပလပ်ထိုး ဓာတ်ဆီ ဘက်ထရီ နှစ်မျိုးစပ် ဟိုင်ဘရစ် အစရှိသည့် စွမ်းအင်သစ် သုံးစွဲထားသော မော်တော်ယာဉ်များ ဖြစ်ပါသည်။
တရုတ်နိုင်ငံတွင် ထုတ်လုပ်သော စွမ်းအင်သစ် မော်တော်ယာဉ် အများဆုံးတင်ပို့ခဲ့သည့် ၁၀ နိုင်ငံ အကြောင်းကို Myanmar Automobile Guide (MAG) တွင် တင်ပြခဲ့ပါသည်။
ဖတ်ရှုလိုပါက အောက်ပါခေါင်းစဉ်ကို ထိပါ။
တရုတ်စွမ်းအင်သစ် မော်တော်ယာဉ် အများဆုံးတင်ပို့ခဲ့သည့် ၁၀ နိုင်ငံ
၂၀၂၀ နှင့် ၂၀၂၁ နှိုင်းယှဉ်
တရုတ်ပြည်ဖြစ် မော်တော်ယာဉ် တင်ပို့သည့် စီးရေသည် ၂၀၂၁ တွင် ၂၀၂၀ ထက် နှစ်ဆ နီးပါး ရှိပြီး စီးရေစုစုပေါင်း ၂ သန်းဝန်းကျင် ရှိပါသည်။
၂၀၂၀ တွင် အိမ်စီးကား စီးရေ ၁.၆၁ သန်းတင်ပိုခဲ့သည်။ ၂၀၂၁ တွင် ၂၀၂၀ ထက် ၁၁၀% ပိုများခဲ့ပါသည်။
၂၀၂၀ တွင် လုပ်ငန်းသုံးယာဉ် စီးရေ ၄၀၂,၀၀၀ တင်ပို့ခဲ့သည်။ ၂၀၂၁ တွင် ၂၀၂၀ ထက် ၇၁% ပိုများခဲ့ပါသည်။
စွမ်းအင်သစ်မော်တော်ယာဉ်စီးရေ ၃၁၀,၀၀၀ နီးပါးရှိပြီး ၂၀၂၀ ထက် တင်ပို့မှု ၃ဆ ဖြစ်ပါသည်။
ဖိလစ်ပိုင်
မော်တော်ယာဉ်များ အများဆုံး တင်ပို့သည့် ထိပ်တန်း (၁၀) နိုင်ငံစာရင်းတွင် နံပါတ် (၁၀) နေရာတွင် ပါဝင်သည့် ဖိလစ်ပိုင်ကားဈေးကွက်တွင် MG Philippines အဖို့ ၂၀၂၁ သည် ရောင်းအားအကောင်းဆုံးနှစ် ဖြစ်ခဲ့ပါသည်။ စီးရေ ၆,၃၄၃ ရောင်းရသည်ယ ၂၀၂၀ ထက် စီးရေ ၈၅% တိုးခဲ့ပါသည်။
Geely လည်း ရောင်းအား တိုးခဲ့သည်။ ၂၀၂၁ တွက် ၂၀၂၀ ထက် ရောင်းအား ၁၆၂% တိုးခဲ့ပြီး စီးရေ ၆,၂၇၂ ရောင်းချခဲ့ပါသည်။
တရုတ် brand မဟုတ်သော တောင်ကိုရီးယား ကား brand ဖြစ်သည့် Kia ၏ တရုတ်ပြည်တွင် ထုတ်လုပ်သော Stonic နှင့် Soluto မော်ဒယ်နှစ်မျိုး ရောင်းအားကောင်းခဲ့ပြီး စီးရေ ၂,၁၇၃ ရောင်းရသည်။ Kia မှ ရောင်းချသောကားမော်ဒယ်အားလုံးအတွက် ရောင်းအားစုစုပေါင်း၏ ၅၈% သည် ၎င်းမော်ဒယ်နှစ်မျိုး၏ ရောင်းအားဖြစ်ပါသည်။
အမေရိကန်ကားထုတ်လုပ်ရေးလုပ်ငန်း Ford က တရုတ်ပြည်တွင် ထုတ်လုပ်သော မော်တော်ယာဉ်များအနက် Territory စီးရေ ၆,၈၈၁ နှင့် EcoSport SUV စီးရေ ၁,၅၀၀ တို့ကို ၂၀၂၁ တွင် ရောင်းချခဲ့ပါသည်။
CAAM
တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automotive Manufacturers (CAAM) သည် အမြတ်အစွန်း မရှာသော အဖွဲ့အစည်းဖြစ်သည်။
၁၉၈၇ မေလတွင် တရုတ်နိုင်ငံ မြို့တော် ဘီဂျင်းတွင် စတင်ထူထောင်သည်။
CAAM သည် မော်တော်ယာဉ် ထုတ်လုပ်သူများ၏ အပြည်ပြည်ဆိုင်ရာအဖွဲ့တွင် အမြဲတမ်း အဖွဲ့ဝင် ဖြစ်ပါသည်။
Source: CAAM, carguide.ph