BYD အမြတ် ၅ ဆ ခုန်တက်


BYD အမြတ် ၅ ဆ ခုန်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ် အီးဗီကုမ္ပဏီကြီး BYD ၏ ပထမသုံးလပတ်အမြတ်ငွေသည် ငါးဆ ခုန်တက်သွားသည်။

 ပြည်တွင်းဈေးကွက်တွင် ဦးဆောင်သူနေရာကို အခိုင်အမာ ရယူထားသည့် တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD သည် ပထမသုံးလပတ်အမြတ်ငွေ ငါးဆခုန်တက်သွားခဲ့ကြောင်း ကြာသပတေးနေ့ (ဧပြီ ၂၆)တွင် ကြေညာခဲ့သည်။

ယခုနှစ် ပထမသုံးလအတွက် အသားတင်အမြတ်မှာ ယွမ် ၄.၁၃ ဘီလီယံ (ဒေါ်လာ ၅၉၆.၅၆ သန်း) ဖြစ်ပြီး ယမန်နှစ်က ယွမ် ၈၀၈.၄၁ သန်း ရရှိခဲ့သည်။  
ရှန်ကျန်းမြို့အခြေစိုက် ကုမ္ပဏီ BYD သည် တရုတ်နိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်တွင် Volkswagen အမှတ်တံဆိပ် ကားများထက် ရောင်းချစီးရေ  သာလွန်ခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများအသင်းChina Association of Automobile manufacturers မှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။


BYD က Volkswagen ကို ကျော်တက်နိုင်ခဲ့ပြီး တရုတ်နိုင်ငံမှာ အရောင်းရဆုံး ကားအမှတ်တံဆိပ် ဖြစ်လာ
https://www.automobiledirectory.com.mm/article/byd-volkswagen.html


 

BYD ၏ Dynasty စီးရီးမှ မော်ဒယ်များနှင့် Ocean စီးရီးမှ မော်ဒယ်များ ပလပ်ထိုး ဟိုက်ဘရစ်နှင့် လျှပ်စစ်ကားစစ်စစ် ၂ မျိုးစလုံး ရောင်းအား ကောင်းခဲ့သည်။ 
BYD သည် ယခုနှစ် ပထမသုံးလပတ်တွင်  ၅၅၂,၀၇၆ စီး ရောင်းချခဲ့သည်။ 

၂၀၂၂ ခုနှစ် တစ်နှစ်တာတွင် စီးရေ ၁.၈၆ သန်း ရောင်းချခဲ့သည်။ အားလုံးနီးပါး တရုတ်ပြည်တွင်းဈေးကွက်တွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ 

BYD သည် မတ်လတွင် ၎င်း၏ Song Plus နှင့် Seal အီးဗီမော်ဒယ်များအတွက် လျှော့စျေးများကမ်းလှမ်းခြင်းဖြင့် Tesla မှစတင်ခဲ့သည့် စျေးနှုန်းစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။


ဈေးချ ရောင်းခြင်းကြောင့် အမြတ်ဝင်ငွေကျဆင်းသည်။ Tesla သည် ပထမသုံးလပတ်တွင် အသားတင်ဝင်ငွေ ၂၄% ကျဆင်းသည်။

BYD သည် Shanghai autoshow တွင် Seagull လျှပ်စစ် hatchback ကို ထုတ်ဖော်ပြသခဲ့သည်။ အံ့ဩစရာ ဈေးနှုန်းဖြင့် ရောင်းချသည်။ ယွမ် ၇၈,၀၀၀ ဖြင့် ဈေးဖွင့်ခဲ့သည်။ 


ရှန်ဟိုင်းကားပြပွဲကြီးမှာ BYD Seagull စိတ်ဝင်စားသူ များပြား
https://www.automobiledirectory.com.mm/article/-byd-seagull.html



 

Read 269 times