ရှန်ဟိုင်းကားပြပွဲကြီးမှာ BYD Seagull စိတ်ဝင်စားသူ များပြား


ရှန်ဟိုင်းကားပြပွဲကြီးမှာ BYD Seagull စိတ်ဝင်စားသူ များပြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရှန်ဟိုင်း မော်တော်ကားပြပွဲတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သူ BYD ၏ ပြခန်းတွင် ပြသထားသော အဝါရောင်တောက်တောက် Hatchback မော်ဒယ်တစ်စီး၏ အနီးတစ်ဝိုက်တွင် လူများပြားနေသည်ကို တွေ့ကြရသည်။
၎င်းမော်ဒယ်မှာ BYD နောက်ဆုံးထွက်ရှိသည့် လျှပ်စစ်ကား "Seagull" ဖြစ်သည်။ ယခုပြပွဲမှာ စတင်ပွဲထုတ်လိုက်ခြင်း ဖြစ်သည်။ လူအများ စိတ်ဝင်စားမှုရေချိန် မြင့်မားစေသည့်  ထူးခြားချက်မှာ ရောင်းဈေးနှုန်း ဖြစ်သည်။ အခြေခံ ဈေးနှုန်း ယွမ် ၇၈,၀၀၀ ($11,300) ဖြင့် ဈေးဖွင့်ထားသည်။ စွမ်းအင်သစ်မော်တော်ယာဉ်များအကြား ဈေးက ခေါက်ချိုးနီးပါး သက်သာသည်။

 

 "ကျွန်တော့အတွက် ဒီလိုကားမျိုး အဆင်ပြေတယ်။  အလုပ်သွား၊ အလုပ်အပြန် စီးဖို့ သင့်တော်တယ်၊ ဘာမှ စီမံစရာ မလိုဘူး၊ ဘက်ထရီကို သုံးရုံပဲ။ ပြီးတော့ စျေးသက်သာတယ်" ဟု အသက် ၂၈ နှစ်ရှိသူ Fan Yuhong က ကားပြပွဲတွင် မီဒီယာတစ်ခုကို ပြောကြားသည်။ 

Seagull ကို ခရီးတာ ဗားရှင်း ၂ မျိုးဖြင့် ထုတ်လုပ်သည်။ ၃၀၅ ကီလိုမီတာ (မိုင် ၁၉၀) နှင့် ၄၀၅ ကီလိုမီတာ(၂၅၂ မိုင်)တို့ ဖြစ်သည်။
အမြန်အားသွင်းစနစ်က ၃၀% မှ ၈၀% သို့ အားပြည့်ရန် နာရီဝက် ကြာသည်။
BYD ၏ lithium iron phosphate Blade ဘက်ထရီ သုံးထားသည်။

ရှန်ဟိုင်းအခြေစိုက် မဟာဗျူဟာအကြံပေးကုမ္ပဏီ Automobility ၏တည်ထောင်သူနှင့် စီအီးအို Bill Russo က Seagull သည် စတင်ရောင်းချပြီး ခြောက်လအတွင်း တရုတ်နိုင်ငံတွင် ရောင်းအားအကောင်းဆုံး ကားဖြစ်လာမည်ဟု ဟောကိန်းထုတ်ထားသည်။
ဈေးနှုန်းထိုက်တန်မှု သတ်မှတ်ဆုံးဖြတ်ပုံကို ကားဈေးကွက်တစ်ခွင်လုံးမှာ ပြောင်းလဲသွားစေနိုင်သည်ဟု ၎င်းက မ‌ှတ်ချက်ပြုသည်။ 
Seagull ၏  ဈေးနှုန်းထိုက်တန်ပုံကို ပြည်ပတွင်လည်း သ‌ဘောကျကြလိမ့်မည်ဟု Russo က ပြောကြားသည်။
"ဝယ်စီးဖို့ တတ်နိုင်တဲ့ လက်လှမ်းမီတဲ့ ဈေးနှုန်းရဲ့ ဆွဲဆောင်မှုက လူတိုင်း နေရာတိုင်းမှာ ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ထွန်းသစ်စစျေးကွက်မှာ ဖြစ်ဖြစ်၊ အမေရိကန် ဒါမှမဟုတ် ဥရောပမှာပဲဖြစ်ဖြစ်၊ ဒီလိုတန်ဖိုးမျိုးနဲ့ ဒီကားမျိုးက ရောင်းရ
မှာပါ” ဟု ၎င်းက ဆိုသည်။

BYD က Seagull ကို ရှန်ဟိုင်းကားပြပွဲတွင် ပထမဆုံးအကြိမ် ပွဲထုတ်ပြသခြင်းဖြစ်ပြီး ပြည်ပတင်ပို့မည် အစီအစဉ်ကို မကြေညာရသေးပါ။

Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 450 times