BYD ဈေးချခြင်းမှာ အရောင်းကိုယ်စားလှယ်များ အရောင်းမြှင့်တင်ခြင်းသာဖြစ်ကြောင်း BYD ပြောကြား


BYD ဈေးချခြင်းမှာ အရောင်းကိုယ်စားလှယ်များ အရောင်းမြှင့်တင်ခြင်းသာဖြစ်ကြောင်း BYD ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်ပြည်တွင်း ကားဈေးကွက်မှ မြို့ကြီးအချို့တွင် BYD ၏ ကားမော်ဒယ်အချို့ ဈေးလျှော့ချပြီး ရောင်းချနေကြခြင်းသည် အရောင်းကိုယ်စားလှယ်များ အရောင်းမြှင့်တင်ခြင်းသာဖြစ်ကြောင်း၊ BYD အနေဖြင့် ယခုအခါ ဈေးလျှော့ချရန် စိတ်ကူးမရှိသေးကြောင်း ကုမ္ပဏီ သတင်းရင်းမြစ်က ပြောကြားသည်။

အဆိုပါကိစ္စရပ်သည် သီတင်းပတ်ကုန် စနေ တနင်္ဂနွေက လူပြောသူပြော များခဲ့ပြီး တနင်္လာနေ့တွင် BYD မှ ရှင်းလင်းချက်ဖြင့် တုံ့ပြန်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ BYD ကုမ္ပဏီမှ တရားဝင် လုပ်ဆောင်ချက်များ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုမှာလည်း ပုံမှန်  တည်တည်ငြိမ်ငြိမ်ဖြစ်ကြောင်းလည်း ပြောကြားသည်။


ယခင်ဖော်ပြချက်
BYD မော်ဒယ် အချို့ စျေးနှုန်းနှင့်  ပေးပို့မှု စောင့်ဆိုင်းချိန် လျှော့ချ
https://www.automobiledirectory.com.mm/article/byd-cuts-prices-on-some-models.html


 

 

Source CnEVPost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1670 times