BYD မော်ဒယ် အချို့ စျေးနှုန်းနှင့်  ပေးပို့မှု စောင့်ဆိုင်းချိန် လျှော့ချ


BYD မော်ဒယ် အချို့ စျေးနှုန်းနှင့်  ပေးပို့မှု စောင့်ဆိုင်းချိန် လျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


BYD ၏ ယခုနှစ်တွင် ပထမဆုံးအကြိမ် စျေးနှုန်း လျှော့ချခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဈေးကွက်ဝေစု တည်ငြိမ်ရေးသည် အမြတ်အစွန်း ရရှိရေးထက် ပိုအရေးပါနေသဖြင့် ဈေးလျှော့ချပြီး ရောင်းအား မြှင်တင်ခြင်းဖြင့် ဈေးကွက်ဝေစု ဆက်ထိန်းထားရန် ကြိုးပမ်းမှုဟု ရှုမြင်ကြသည်။ 

တရုတ်နိုင်ငံ၏ အကြီးမားဆုံး စွမ်းအင်သစ်မော်တော်ယာဉ်  new energy vehicle(NEVထုတ်လုပ်ရေး လုပ်ငန်း BYD မှ ထုတ်လုပ်သော Dynasty  ခေါင်းစဉ်အောက်မှ မော်ဒယ်များကို ဈေးနှုန်း လျှော့ချပေးခြင်းအပြင် မှာကြားပြီးပါက ကားပေးပို့ရန် စောင့်ဆိုင်းရချိန်ကိုလည်း လျှော့ချသတ်မှတ်လိုက်သည်ဟု Jiemian  မီဒီယာက သတင်းဖော်ပြသည်။ 

မင်းဆက် Dynasty  ခေါင်းစဉ်အောက်မှ မော်ဒယ်များဖြစ်ကြသည့် Han, Tang, Qin, Song ,Yuan မော်ဒယ်များ၊ သမုဒ္ဒရာ Ocean ခေါင်းစဉ်အောက်မှ မော်ဒယ်များဖြစ်ကြသည့် Seal, Dolphin, Frigate အစရှိသည့် မော်ဒယ်များတွင် မော်ဒယ်အချို့ ဈေးလျှော့ချပေးခဲ့သည်ကို Jiemian မီဒီယာက ပေကျင်းမြို့တော်ရှိ ကားအရောင်းပြန်ခန်းများတွင် ဖေဖော်ဝါရီလ ၂၄ ရက်တွင်မေးမြန်းစုံစမ်းခဲ့သည်။

မော်ဒယ်အဟောင်းများသည် ယွမ် ၁ သောင်း ($1,440) သို့မဟုတ် ထို့ထက်ပို၍ လျှော့စျေးများရှိသည်။ အချို့သော နာမည်ကြီးမော်ဒယ်များသည် ယွမ်ထောင်ဂဏန်းဖြင့် လျှော့စျေး ရှိသည်၊

2021 Han EV ကို ယွမ် ၂ သောင်း ဈေးလျှော့ပေးသည်။ 
2021 Qin EV ကို ယွမ် ၁ သောင်းခွဲ ဈေးလျှော့ပေးသည်။
မော်ဒယ်အသစ်များသည် ယွမ် ၆,၀၀၀ မှ ၈,၀၀၀ အထိ ဈေးလျှော့ထားသည်။ 

၎င်းလျှော့ဈေးများသည် ပေကျင်းမြို့တော်အတွက်သာဟု ကန့်သတ်ထားသည်။ မတ်လအထိ ဈေးချပေးထားမည် ဖြစ်သည်။ 
ရှန်ဟိုင်းနှင့် ရှန်ကျန်း မြို့များတွင်လည်း ဈေးလျှော့ပေးထားသည်။ အများဆုံး ယွမ် ၁ သောင်းအထိ လျှော့ပေးသည်။

BYD ၏ Ocean ခေါင်းစဉ်အောက်မှ မော်ဒယ်များ ဈေးလျှော့ပေးသည့်အထဲ မပါကြောင်း သိရသည်။  ပေကျင်း၊ ရှန်ဟိုင်းနှင့် ရှန်ကျန်းတို့ရှိ  အရောင်းဆိုင်များမှ ဝန်ထမ်းများသည် ကုမ္ပဏီထံမှ Ocean ခေါင်းစဉ်အောက်မှ မော်ဒယ်များ ဈေးချရန် ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိကြောင်း ပြောကြားကြသည်။ 

ကားရဖို့ စောင့်ဆိုင်းရချိန်သည် ယခင်နှစ် ၆ လ ကြာမြင့်ခဲ့သည်။ ယခု ၂ လမှ ၃ လအထိဟု လျှော့ချလိုက်သည်။ 

BYD ၏ NEV ရောင်းအားသည် ၂၀၂၃ ဇန်နဝါရီလတွင် အစီးရေ 151,341 စီး ရောင်းချခဲ့သည်၊ ၂၀၂၂ ဒီဇင်ဘာလထက် ၃၅.၆၅ ရာခိုင်နှုန်း ကျဆင်းသည်။ ၁၀ လကြာ ဆက်တိုက်ကြီးထွားခဲ့ခြင်း အဆုံးသတ်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလတွင် တရုတ်နှစ်သစ်ကူး အားလပ်ရက်ရှည် ရှိနေသဖြင့် ဆိုင်များ ပိတ်ထားကြသောကြောင့် ရောင်းချရက် နည်းပါးခဲ့သဖြင့် ရောင်းအား ကျဆင်းခဲ့သည်။

၂၀၂၃ ဇန်နဝါရီလတွင် BYD ၏ တရုတ် NEV စျေးကွက်ဝေစုသည် ၄၀ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။

ယမန်နှစ် ၂၀၂၂ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် BYD သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ Dynasty နှင့်  Ocean စီးရီးမှ မော်ဒယ်များ၏ တရားဝင်စျေးနှုန်းများအပြင် Denza အမှတ်တံဆိပ်ရှိ မော်ဒယ်များကို ယွမ် ၂,၀၀၀ မှ ၆,၀၀၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။


တရုတ်နိုင်ငံ အစိုးရက  NEV ဝယ်ယူမှုအတွက် ပေးအပ်သည့် ထောက်ပံ့ကြေးများသည်  ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘက်ထရီများ အပါအဝင် အဓိကကုန်ကြမ်းများ၏ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းကြောင့် ကားရောင်းဈေး တက်ရခြင်း ဖြစ်ကြောင်း BYD မှ ပြောကြားခဲ့ပါသည်။


ယခုလို BYD က ဈေးတက်သည့် အစီအစဉ် မစတင်ခင် တစ်လအလိုတွင်Tesla သည် တရုတ်နိုင်ငံ ဈေးကွက်တွင် ၎င်း၏ Model 3 နှင့် Model Y မော်ဒယ်များအားလုံး၏ ဈေးနှုန်းများကို အောက်တိုဘာ ၂၄ ရက်က သိသိသာသာ လျှော့ချခဲ့သည်။
ဇန်နဝါရီ ၆ ရက်တွင် Tesla သည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားစျေးကွက်ဖြစ်သည့် တရုတ်ဈေးကွက်တွင် Tesla ကားများ၏ ဝယ်လိုအားကို မြှင့်တင်ရန်အတွက် Model 3 နှင့် Model Y တို့၏ စျေးနှုန်းများကို ထပ်မံလျှော့ချခဲ့သည်။


Tesla ၏စျေးနှုန်းလျှော့ချမှုနှင့် ကာလတိုအတွင်း ရောင်းအားကျဆင်းမှုတို့မှ ဖိအားများသည်  BYD ၏ ဈေးကွက်ဝေစု လျော့ကျရန် သက်ရောက်မှု ပေးနေကြသဖြင့်  BYD သည် မဖြစ်မနေ ဈေးလျှော့ချခြင်း ဖြစ်မည်ဟု ယူဆကြသည်။ 

ယွမ် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ လွန်ခဲ့သည့်လများအတွင်း စျေးနှစ်ခုလျှော့ချပြီးနောက် Tesla ၏ မော်ဒယ်များသည် BYD ၏ အဓိကရောင်းအားဖြစ်သည့် Han နှင့် Tang မော်ဒယ်များနှင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Source cnevpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1790 times