BYD ဒေါ်လာ ၁ ဘီလီယံစက်ရုံ အဆိုပြုချက် အိန္ဒိယ အစိုးရ ပယ်ချ


BYD ဒေါ်လာ ၁ ဘီလီယံစက်ရုံ အဆိုပြုချက် အိန္ဒိယ အစိုးရ ပယ်ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဟိုင်ဒရာဘက်ပြည်နယ် အခြေစိုက် Megha Engineering and Infrastructure Ltd နှင့် ပူးပေါင်း၍ အိန္ဒိယတွင် ဒေါ်လာ ၁ ဘီလီယံ စက်ရုံတည်ထောင်ရန် တရုတ်ကားထုတ်လုပ်သူ BYD Co ၏ အဆိုပြုချက်ကို အိန္ဒိယက ပယ်ချခဲ့ကြောင်း Economic Times က စနေနေ့(ဇူလိုင် ၂၂)တွင် ဖော်ပြခဲ့သည်။


BYD သည် အိန္ဒိယတွင် လျှပ်စစ်ကားများနှင့် ဘက်ထရီများထုတ်လုပ်ရန်  စက်ရုံအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ဇူလိုင်လ ၁၄ ရက်တွင် အိန္ဒိယအာဏာပိုင်များထံ  တင်သွင်းခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဌာန၊ စက်မှုနှင့်ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဌာန (DPIIT) သည် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်အပေါ် အခြားဌာနများမှ သဘောထားအမြင်များကို တောင်းခံခဲ့သည်ဟု  Economic Times သတင်းတွင် ဖော်ပြထားသည်။

"အိန္ဒိယမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနှင့် စပ်လျဉ်းပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို အစည်းအဝေးမှာ တင်ပြခဲ့ကြပါတယ်" ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။ 
“လက်ရှိ စည်းမျဉ်းတွေက ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်မပြုပါဘူး” ဟု အစည်းအဝေးမှာ ပါဝင်သည့် အခြားအရာရှိတစ်ဦးက ပြောသည်။


BYD ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အီးဗီအစီအစဉ် အိန္ဒိယအစိုးရ မလိုလားကြောင်း Myanmar Automobile Guide တွင် တင်ပြခဲ့ပါသည်။ 

https://www.automobiledirectory.com.mm/article/byd-1-billion.html


 

BYD သည် အိန္ဒိယတွင် BYD အမှတ်တံဆိပ် အီးဗီမော်ဒယ်များ အားလုံးကို Hatchbacks မှ ဇိမ်ခံမော်ဒယ်များအထိ တည်ဆောက်ရန် အစီအစဉ် ရေးဆွဲထားသည်၊

ကုမ္ပဏီနှစ်ခုတို့မှ အိန္ဒိယအာဏာပိုင်များထံ တင်ပြသော အဆိုပြုချက်တွင် ၎င်းစက်ရုံတွင် တစ်နှစ်လျှင်  အီးဗီ တသိန်းမှ တသိန်းခွဲအထိ ထုတ်လုပ်မည်ဟု ကတိပြုထားသည်။

Megha သည် အရင်းအနှီးကို ပံ့ပိုးပေးမည်ဖြစ်ပြီး နည်းပညာနှင့် တတ်ကျွမ်းမှုများကို BYD ထံမှ ရရှိမည်ဖြစ်သည်။

BYD သည် လက်ရှိ အိန္ဒိယဈေးကွက်တွင် လည်ပတ်လျက်ရှိပြီး လျှပ်စစ်ကားစစ်စစ်များဖြစ်သည့် Atto 3 နှင့် e6 တို့ကို ရောင်းချလျက် ရှိသည်။   
BYD သည် 2022 ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံတွင် Atto 3 ကို မိတ်ဆက်ခဲ့သည်။ Atto 3  ကို SKD (Semi Knocked Down) ဖြင့် တင်သွင်းပြီး အိန္ဒိယတွင် အပြီးသတ် ထပ်ဆင်ထုတ်လုပ်သည်။ 

Seal EV ကို ယခုနှစ်ကုန်တွင် အိန္ဒိယဈေးကွက်တွင် စတင်ရောင်းချရန် စီစဉ်ထားသည်။

Source   Economic Times 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 325 times