BYD ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အီးဗီအစီအစဉ် အိန္ဒိယအစိုးရ မလိုလား


BYD ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အီးဗီအစီအစဉ် အိန္ဒိယအစိုးရ မလိုလား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အိန္ဒိယအစိုးရသည် အိန္ဒိယနိုင်ငံတွင် တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး BYD က ပြည်တွင်းလုပ်ငန်း Megha Engineering and Infrastructures နှင့် ဖက်စပ်လုပ်ကိုင်မည့် အစီအစဉ်အပေါ်  အမျိုးသားလုံခြုံရေး စိုးရိမ်မှုများ ရှိနေသဖြင့် လိုလားခြင်း မရှိကြောင်း Economic Times က သတင်းဖော်ပြသည်။ 

ပထမတစ်ချက်မှာ နည်းပညာပိုင်းတွင် တရုတ်ကုမ္ပဏီက ထိန်းချုပ်ထားသည့်အရေး ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းမှာ အမည်ခံ သက်သက်မျှသာ ဖြစ်နေမည်။
ဒုတိယတစ်ချက်မှာ ဖက်စပ်လုပ်ငန်းများတွင် ပြည်ပလုပ်ငန်းများကသာ ကြီးစိုးခြယ်လှယ်နေခြင်း ဖြစ်သည်။ 

ယခင်က တရုတ်နိုင်ငံမှ Great Wall Motors ၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို အိန္ဒိယအစိုးရက သဘောမတူသဖြင့် အစီအစဉ် ပျက်သွားခဲ့ရသည်။ အလားတူအဖြစ်မျိုးကို တရုတ်နိုင်ငံမှ MG Motors လည်း ကြုံခဲ့ရသည်။ 

စွမ်းအင်သစ်သုံး မော်တော်ယာဉ် အုပ်စုဝင် အီးဗီများနှင့် ပလပ်ထိုးဟိုက်ဘရစ် မော်တော်ယာဉ်များ ထုတ်လုပ်မှုတွင် BYD သည် ကမ္ဘာ့အကြီးမားဆုံး ကားလုပ်ငန်း ဖြစ်သည်။ BYD  က အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်ကို အဆိုပြုခဲ့သည်။ ၎င်းအစီအစဉ်တွင် လျှပ်စစ်ကားများ ထုတ်လုပ်လုပ်ခြင်းနှင့် လျှပ်စစ်ကားများအတွက် ဘက်ထရီများ ထုတ်လုပ်ခြင်းတို့အတွက် အိန္ဒိယနိုင်ငံတွင် စက်ရုံများ ထူထောင်လုပ်ကိုင်မည်ဟု ဖော်ပြထားသည်။ 

Times of India က သတင်းဖော်ပြရာ၌ တရုတ်နှင့် ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်းများတွင် ပြည်တွင်းကုမ္ပဏီများသည် အမည်ခံမည်ကမတ္တ ဖြစ်နေသည့်အတွက် နည်းပညာ၊ ဆုံးဖြတ်ချက်ချခြင်း၊ တတ်ကျွမ်းမှု စသည်တို့ လုပ်ကိုင်နိုင်ခြင်း မရှိချေ။ ဟန်ပြသက်သက်သာ ဖြစ်နေသဖြင့် အစိုးရက ဘဝင်မကျချေ။  BYD ၏ အစီအစဉ်တွင်လည်း အလားတူ စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။ 

BYD နှင့် ပုဂ္ဂလိကပိုင် ဟိုက်ဒရာဘတ်ပြည်နယ်အခြေစိုက် Megha Engineering and Infrastructures တို့သည် အီးဗီဖက်စပ်လုပ်ငန်းဖွဲ့စည်းရန် အိန္ဒိယ ကြီးကြပ်ရေးအဖွဲ့ထံ အဆိုပြုချက်တစ်ခုတင်သွင်းခဲ့သည်ဟု Reuters သတင်းတွင်ဖော်ပြထားသည်။
BYD သည် အိန္ဒိယတွင် BYD အမှတ်တံဆိပ် အီးဗီမော်ဒယ်များ အားလုံးကို Hatchbacks မှ ဇိမ်ခံမော်ဒယ်များအထိ တည်ဆောက်ရန် အစီအစဉ် ရေးဆွဲထားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

အိန္ဒိယအစိုးရသည် တရုတ်ကုမ္ပဏီများအတွက်  ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI စည်းမျဉ်းများကို တင်းကျပ်လိုက်သည်။  ပြည်ပလုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်သော လုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ပြည်ပလုပ်ငန်းထက် ပိုများရမည် ဖြစ်ပြီး ရှယ်ယာပိုင်ဆိုင်မှုတွင်လည်း ရှယ်ယာအများစု ပိုင်ဆိုင်သူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းလိုက်သည်။ 
ထိုသို့ တင်းကျပ်လိုက်သဖြင့် အိန္ဒိယတွင် ကားရောင်းချနေသည့် MG Motors သည် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဖို့ အခက်ကြုံနေသည်။ ပြည်တွင်းမှ ရှယ်ယာအများစုအတွက် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မည့် လုပ်ငန်းကို ရှာဖွေနေဆဲဖြစ်သည်။ 

Source ET
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 329 times