၂၀၂၂ စင်ကာပူကားဈေးကွက် ရောင်းအားအကောင်းဆုံးကားများ ထိပ်တန်း(၁၀)
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
စင်ကာပူကားဈေးကွက် ရောင်းအားအကောင်းဆုံးကားများ ထိပ်တန်း(၁၀)စာရင်းသို့ Tesla ဝင်ရောက်လာသည်။
တရုတ်ပြည်မမှ ဘီလျံနာများ၊ မီလျံနာများ အပါအဝင် သူဌေးများ စင်ကာပူသို့ ပြောင်းရွှေ့နေထိုင်ကြပြီး တန်းမြင့် စည်းစိမ်ကားများ ဝယ်ယူကြသောကြောင့် စည်းစိမ်ကားများ ရောင်းအား မြင့်တက်နေသည်။
၂၀၂၂ စင်ကာပူကားဈေးကွက်တွင် စင်ဒေါ်လာ ၂၅၀,၀၀၀ ကျော်သည့် Mercedes-Benz သည် အမြဲတမ်း ထိပ်ဆုံးမှာ ရှိနေသည့် Toyota ထက် ရောင်းအားပိုကောင်းပြီး ပထမနေရာကို ရရှိသည်။ ပြိုင်ဘက် BMW ထက်လည်း ရောင်းအားပိုများခဲ့သည်။လျှပ်စစ်ကားမော်ဒယ် အသစ် EQE350+ ကို လူကြိုက်များသည်။
၁၉၉၅ ခုနှစ်တွင် ဂျာမန်ကား Mercedes-Benz ရောင်းအားသည် Toyota ရောင်းအားကို မီလုမီခင် ဖြစ်ခဲ့ဖူးပြီး Toyota ရောင်းအားထက် ၂၁ စီးသာ လျော့နည်းခဲ့သည်။
ကုန်လမ်းပို့ဆောင်ရေး အာဏာပိုင် Land Transport Authority မှ ထုတ်ပြန်သော ကနဦးမှတ်ပုံတင်သည့် ကားစာရင်းအရ ရောင်းအား အကောင်းဆုံးကားများ ထိပ်တန်း (၁၀) စာရင်းတွင် Tesla ပါဝင်လာသည်။ စင်ကာပူတွင် ကားများ တရားဝင်စတင်ရောင်းချခဲ့သည်မှာ တစ်နှစ်သာသာ ကြာပြီးချိန်တွင် Tesla သည် ထိပ်တန်း (၁၀) စာရင်းတွင် ဆဋ္ဌမနေရာကို ရရှိသည်။
BMW က ၂၀၂၂ တွင် စင်ကာပူကားဈေးကွက်မှာ အရောင်းကိုယ်စားလှယ် တစ်ဦး ထပ်တိုးပြီး အရောင်းကိုယ်စားလှယ် ၂ ဦး ထားရှိသည်။ ထိပ်တန်း (၁၀) စာရင်းတွင် တတိယနေရာကို ရရှိသည်။
၂၀၂၂ တွင် ကနဦးမှတ်ပုံတင်ခဲ့သည့် ကားစီးရေ ၃၀,၉၃၉ ရှိခဲ့ပြီး ၂၀၂၁ ထက် စီးရေလျော့နည်းသည်။ ၂၀၂၁ တွင် ၄၅,၄၄၂ စီး ရှိခဲ့ပါသည်။
ထိပ်တန်း(၁၀) စာရင်းတွင် ပါဝင်သည့် ကား brand ၆ ခုသည် ဈေးကွက်ဝေစု လျော့ကျခဲ့သည်။ ဈေးကွက်ဝေစု တိုးသည့်အထဲတွင် Mercedes သည် အများဆုံးဖြစ်ပြီး ၄.၇% တိုးခဲ့သည်။
အောက်တွင် ဖော်ပြထားသည့် စာရင်းမှာ တရားဝင် အရောင်းကိုယ်စားလှယ်မှ ရောင်းချသည့် ကားအရေအတွက်နှင့် အရောင်းကိုယ်စားလှယ် မဟုတ်သူတို့က အပြိုင်တင်သွင်းသည့် ကားအရေအတွက်တို့ကို ဖော်ပြပေးထားပါသည်။
အပြိုင်တင်သွင်းသူတို့ ကြုံရသည့် အခက်အခဲမှာ မှာကြားထားသည့် ကား ရရှိဖို့ ကြန့်ကြာခြင်းဖြစ်သည်။
အပြိုင်တင်သွင်း ရောင်းချသည့် Prime မှ ဥက္ကဋ္ဌ Mr Neo Nam Heng က နေရာတိုင်းမှာ ကားထုတ်လုပ်ရေးတွေ နှောင့်နှေးနေကြသဖြင့် မှာကြားထားသည့်ကားကို ရဖို့ အချိန်အတော်ကြာအောင် စောင့်ရကြောင်း ပြောကြားသည်။ "Toyota Alphard တွေ ၂၀၂၂ မတ်လတုန်းက မှာထားတာ နှစ်ကုန်မှ အသုတ်ခွဲပြီး စရောက်လာတယ်" ဟု သူက ပြောကြားသည်။
အပြိုင်တင်သွင်းသည့်ကားများ ၂၀၂၂ တွင် ၆,၃၆၅ စီး ကနဦးမှတ်ပုံတင်ခဲ့သည်။ ၂၀၂၁ တွင် ၁၀,၂၃၆ စီးကနဦးမှတ်ပုံတင်ခဲ့သည်။ ၂၀၂၂ တွင် ၂၂.၅% လျော့ကျခဲ့သည်။
Mercedes အပြိုင်တင်သွင်းသူများ၏ ကားများ ၉၂၆ စီးမျှသာ ကနဦး မှတ်ပုံတင်ခဲ့သည်။ ၂၀၂၁ တွင် ၂,၂၀၁ စီး ကနဦး မှတ်ပုံတင်ခဲ့သည်။
Mercedes တရားဝင်ကိုယ်စားလှယ် Cycle & Carriage က ရောင်းအားတက်ခဲ့ပြီး အဓိကပြိုင်ဘက် BMW ထက် ပိုသာခဲ့သည်။
Honda သည် ယခင်အတိုင်း အပြိုင်တင်သွင်းခြင်း များပြားခဲ့ပြီး အပြိုင်တင်သွင်းခြင်း အများဆုံး ဖြစ်သည်ယ
Toyota ကားများ အပြိုင်တင်သွင်းခြင်း ဒုတိယ အများဆုံးဖြစ်သည်။
တတိယအများဆုံးမှာ Mercedes ဖြစ်သည်။
BYD သည် ထိပ်တန်း(၁၀) စာရင်းတွင် မပါချေ။ ၇၈၆ စီး လမ်းများပေါ်သို့ ရောက်လာခဲ့ရာ ထိပ်တန်း(၁၀) စာရင်း ဝင်လုနီးပါး ဖြစ်ခဲ့သည်။ BYD လျှပ်စစ်တက္ကဆီကား ၁၀၀ တင်သွင်းခဲ့သည်ကို ထိပ်တန်း(၁၀) စာရင်းတွင် ထည့်မတွက်ထားချေ။ အကယ်၍ ကိုယ်ပိုင်ကားများအပြင် တက္ကဆီကို ထည့်စဉ်းစားလျှင် BYD သည် ထိပ်တန်း(၁၀) စာရင်းတွင် ပါဝင်မည် ဖြစ်သည်။
အီးဗီ ထိပ်တန်း(၁၀) စာရင်းတွင် ပထမနေရာမှ Tesla ကို BYD က မီလုမီခင် ဖြစ်ခဲ့သည်။ အကယ်၍ BYD လျှပ်စစ်တက္ကဆီများကို ထည့်တွက်ခဲ့လျှင် BYD ပထမ ရမည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်လင့်
စင်ကာပူ ၂၀၂၂ အီးဗီအရောင်း ထိပ်ဆုံးမှ Tesla ကို BYD မီလုမီခင် ဖြစ်ခဲ့
https://www.automobiledirectory.com.mm/article/-tesla-byd-2022-spore-sale.html
Aston Martin, Bentley, Lamborghini, Ferrari, McLaren, Rolls-Royce စသည်တို့ ပါဝင်သော စည်းစိမ်ကား ထိပ်ဆုံး အတန်းအစား အုပ်စုသည် ၂၀၂၁ တွင် စီးရေ ၃၆၀ ရောင်းချခဲ့ပြီး ၂၀၂၂ တွင် ၃၄၈ စီး ရောင်းချခဲ့သည်။ စီးရေ အနည်းငယ် လျော့ကျခဲ့သော်လည်း ၎င်းအုပ်စု၏ ဈေးကွက်ဝေစုသည် ၂၀၂၁ တွင် ၀.၈% ဖြစ်ခဲ့ရာမှ ၂၀၂၂ တွင် ၁.၁% သို့ ကြီးထွားခဲ့ပါသည်။
Source straitstimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U