စင်ကာပူ ၂၀၂၂ အီးဗီအရောင်း ထိပ်ဆုံးမှ Tesla ကို BYD မီလုမီခင် ဖြစ်ခဲ့


စင်ကာပူ ၂၀၂၂ အီးဗီအရောင်း ထိပ်ဆုံးမှ Tesla ကို BYD မီလုမီခင် ဖြစ်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla သည် ၂၀၂၂  ခုနှစ်တွင် ၎င်း၏ နံပါတ်(၁)  နေရာကို ဆက်ထိန်းထားခဲ့သည်။ BYD ရောင်းအားက Tesla ကို မီလုမီခင် ဖြစ်လာခဲ့သည်။

၂၀၂၂  ခုနှစ်တွင် စင်ကာပူမှာ အီးဗီအသစ်များ ကနဦး မှတ်ပုံတင်ကြရာတွင် Tesla အီးဗီများ အများဆုံး ဖြစ်သည်။ 

 ၂၀၂၂  ခုနှစ်တွင် စင်ကာပူမှာ အီးဗီအသစ်များ စီးရေ ၃,၆၃၄ ကနဦး မှတ်ပုံတင်ခဲ့ကြသည်။ 
ကနဦး မှတ်ပုံတင်ခဲ့ကြသည့် ကားများ အားလုံး၏ ၁၁.၇% သည် အီးဗီများ ဖြစ်ကြသည်။ ၂၀၂၀ တွင် အီးဗီစီးရေ ၁၀၀ ဝန်းကျင်သာ ကနဦး မှတ်ပုံတင်ခဲ့ကြပြီး ကနဦး မှတ်ပုံတင်ခဲ့ကြသည့် ကားများ အားလုံး၏ ၀.၂% မျှသာ ရှိခဲ့သည်။ ၂၀၂၁ တွင် ၃.၈% ရှိခဲ့ပြီး အီးဗီစီးျရ ၁,၇၄၀ ကနဦး မှတ်ပုံတင်ခဲ့ကြသည်။

၂၀၂၁ တွင် Tesla သည် စင်ကာပူဈေးကွက်တွင် တရားဝင် စတင်ရောင်းချခဲ့ပြီး ၎င်းနှစ်တွင် နံပါတ်(၁) နေရာကို ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ကနဦး မှတ်ပုံတင်သော အီးဗီများ စုစုပေါင်း၏ ၅၃.၁% သည် Tesla ၏ အီးဗီများ ဖြစ်သည်။ ၂၀၂၂ တွင် ၂၄.၁% သို့ ကျဆင်းသွားသည်။

စီးရေ မြင့်တက်မှု အကြီးမားဆုံးမှာ BYD ဖြစ်သည်။ ၂၀၂၂ ရောင်းအားသည် Tesla နှင့် မီလုမီခင် ဖြစ်လာသည်။ ၈၉ စီးမျှသာ ကွာခြားသည်။
(အသေးစိတ် နှိုင်းယှဉ်ချက်ဇယားကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်) 
BYD စီးရေ ၇၈၆ စီး ကနဦး မှတ်ပုံတင်ခဲ့ပြီး ကနဦး မှတ်ပုံတင်သော အီးဗီများ စုစုပေါင်း၏ ၂၁.၆% သည် BYD ၏ အီးဗီများ ဖြစ်ပါသည်။
၂၀၂၁ တွင် ၅.၁% မျှသာ ရှိခဲ့ပါသည်။

Shwe Lamin

Advertisement

Click Here >>> Shwe Lamin Electrical Trading

ဆွီဒင်နိုင်ငံမှ brand ဖြစ်ပြီး တရုတ်နိုင်ငံမှ ကားလုပ်ငန်းစု Geely က ပိုင်ဆိုင်သည့် Polestar သည် စင်ကာပူတွင် ပရီမီယံတန်းကို ခြေကုပ်ရယူနိုင်ခဲ့သည်။ ၂၀၂၂ သည်။ တစ်နှစ်အပြည့် ရောင်းချခဲ့သည့် ပထမဆုံးနှစ် ဖြစ်သည်။ 
ထိပ်တန်း(၁၀) စာရင်းများမှ အခြား brand များသည် မော်ဒယ်တစ်ခုမက ရောင်းချခဲ့သည်။ Polestar က Polestar 2 မော်ဒယ် တစ်မျိုးတည်းကိုသာ ရောင်းချခဲ့ပြီး သတ္တမ နေရာကို ရရှိခဲ့သည်။

BMW က  အီးဗီ ၄၉၂ စီး ရောင်းချခဲ့ပြီး တတိယနေရာကို ရရှိသည်။  ၂၀၂၁ တွင် ၁၂၁ စီး ရောင်းချခဲ့သည်။ ၂၀၂၂ တွင် ရောင်းချစီးရေ ၄ ဆ ကျော် မြင့်တက်ခဲ့ပါသည်။

ကနဦး မှတ်ပုံတင်ခဲ့ကြသည့် ကားများ အားလုံး အနေဖြင့် Mercedes-Benz သည် စီးရေအများဆုံး နံပါတ်(၁) ဖြစ်ခဲ့ပြီး အီးဗီ အရောင်းရဆုံး ထိပ်တန်း(၁၀) တွင် စတုတ္ထနေရာကို ရရှိသည်။


ဆက်စပ်ဖတ်ရှုရန်
၂၀၂၂ စင်ကာပူကားဈေးကွက် ရောင်းအားအကောင်းဆုံးကားများ ထိပ်တန်း(၁၀)
https://www.automobiledirectory.com.mm/article/best-selling-car-in-spore-2022.html


 

Source straitstimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3315 times