ကားထုတ်လုပ်သူများ တရုတ်အစား အခြားနေရာမှ ယာဉ်ပစ္စည်းရယူရန် ကြိုးပမ်း


ကားထုတ်လုပ်သူများ တရုတ်အစား အခြားနေရာမှ ယာဉ်ပစ္စည်းရယူရန် ကြိုးပမ်း

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


လွန်ခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်နိုင်ငံသည် ကားပစ္စည်းလုပ်ငန်းတွင် မထင်မရှားမှ ကမ္ဘာ့ဦးဆောင်သူအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ 
ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရန်နှင့် ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်ဖြစ်သည့် တရုတ်ပြည်တွင်းကားဈေးကွက်နှင့် ချိတ်ဆက်ရန်အတွက် လိုအပ်သည့် ယာဉ်အစိတ်အပိုင်းများကို တရုတ်နိုင်ငံမှာ ထုတ်လုပ်စေခဲ့သဖြင့် တရုတ်နိုင်ငံ ကားပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍ ကြီးထွားလာခဲ့သည်။ 

သို့သော် ယခုအခါတွင် နိုင်ငံတကာလုပ်ငန်းစုကြီးများသည် တရုတ်နိုင်ငံ၏ ကျယ်ပြောလှသော အစိတ်အပိုင်းများ ထုတ်လုပ်သည့်ကွန်ရက်အပေါ် ၎င်းတို့၏ မှီခိုအားထားမှုကို ဖြတ်တောက်ရန် သိုသိုသိပ်သိပ်ဖြင့် ကြိုးပမ်းနေကြသည်ဟု ပစ္စည်းပေးသွင်းကွင်းဆက် ကျွမ်းကျင်သူများနှင့် ကားလုပ်ငန်းကဏ္ဍမှ အလုပ်အမှုူဆောင်များက ပြောကြားကြသည်။ 
"ကားလုပ်ငန်းကဏ္ဍမှာ ပစ္စည်းပေးသွင်းကွင်းဆက်ကို အကြီးအကျယ် ပြန်စဉ်းစားနေကြတယ်။ လာမယ့် တစ်ဆယ်နှစ်အတွင်း အဲဒီကိစ္စကို စူးစိုက်ကြလိမ့်မယ်" ဟု Ford ၏အကြီးတန်းအမှုဆောင်အရာရှိ Ted Cannis က ပြောကြားသည်။
၎င်းအရွေ့သည် ဖြစ်ပေါ်နေသော အခြေအနေ ၂ ရပ်ကြောင့် ဖြစ်သည်။
အခြေအနေတစ်ရပ်မှာ တရုတ်အစိုးရ၏ ကိုဗစ်မူဝါဒအရ လိုအပ်လျှင် စက်ရုံများကို ချက်ချင်း ပိတ်ထားခိုင်းခြင်း ဖြစ်သည်။ 
"ကပ်ရောဂါက ဆက်လက်ရှည်ကြာနေတော့ မရေရတာက ပိုများလာနေတယ်" ဟု ဟု Volvo Car အကြီးအကဲ Jim Rowan က ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။
Geely ကျောထောက်နောက်ခံပြု Volvo Car သည်  တရုတ်ပြည်မှ မဟုတ်သော အစိတ်အပိုင်းများ အသုံးပြုမှု ပိုများလာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ထပ် အခြေအနေတစ်ရပ်မှာ တရုတ်နှင့် ဆက်ဆံရေးသည် ရုရှားနည်းတူ အချိန်မရွေး ပြတ်တောက်သွားနိုင်သည်။ ဥပမာ တရုတ်ပြည်မကြီးက ထိုင်ဝမ်ကျွန်းကို စစ်ရေးအရ ကျူးကျော်သည်ဆိုပါက ရုရှားတွင် ဖြစ်ကြုံခဲ့ကြရသည့်အတိုင်း ကုမ္ပဏီများ ဖြစ်ကြုံကြရလိမ့်မည်ဖြစ်သည်။
ယခုလို အရွေ့စတင်ဖြစ်ပေါ်နေသော်လည်း တရုတ်ဈေးကွက်ထဲမှ လုံးလုံးလျားလျား ထွက်ခွာရန် စိတ်ကူး မရှိကြချေ။ ဈေးကွက်က ကျောခိုင်းဖို့ ခက်နေအောင် အရွယ်အစားကြီးမားနေသည်။ ယာဉ်အစိတ်အပိုင်းများကို တရုတ်ပြည်မှ ရယူခြင်းအပြင် အခြားနေရာများမှ ရယူရန်အတွက်သာ ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ 
လက်ရှိအနေအထားတွင် တရုတ်ပြည်တွင်းဈေးကွက်တွင် ရောင်းချရန် ထုတ်လုပ်သည့် ကားများအတွက်သာ တရုတ်ပြည်တွင်းမှ ယာဉ်ပစ္စည်းများ ရယူရန် ရည်မှန်းထားသည်။ အခြားဈေးကွက်အတွက် ထုတ်လုပ်သည့် ကားများအတွက် တရုတ်ပြည်ပြင်ပ အခြားနေရာများမှ ရယူကြမည် ဖြစ်သည်။ 

လက်ရှိတွင် တရုတ်နိုင်ငံမှ တင်ပို့သော ယာဉ်ပစ္စည်းများတွင် လေးပုံတစ်ပုံသည် အမေရိကန်နိုင်ငံရှိ ကားစက်ရုံများအတွက် ဖြစ်သည်။ 


ဆက်စပ်ဖတ်ရှုရန် 

တရုတ်သုည လျှို့ဝှက် စီမံကိန်းမှာ အရေးပေါ်အတွက်သာဖြစ်ကြောင်း Honda ပြောကြား

https://www.automobiledirectory.com.mm/article/-honda-china-zero-secret-project.html


Source ft.com

O GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 8019 times