တရုတ်သုည လျှို့ဝှက် စီမံကိန်းမှာ အရေးပေါ်အတွက်သာဖြစ်ကြောင်း Honda ပြောကြား


တရုတ်သုည လျှို့ဝှက် စီမံကိန်းမှာ အရေးပေါ်အတွက်သာဖြစ်ကြောင်း Honda ပြောကြား

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

ဂျပန်ကားထုတ်လုပ်သူ  Honda က တရုတ်နိုင်ငံအပေါ်  မှီခိုအားထားမှုကို လျှော့ချနိုင်မယ့် ယာဉ်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်အခြေခံ တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းပါတယ်။ 
 .
 တရုတ်နိုင်ငံ COVID နှင့် ပတ်သက်၍ လုံးဝသည်းမခံသော ကိုဗစ်သုည မူဝါဒ တင်းကျပ်သောကြောင့် နိုင်ငံတွင်းရှိ ယာဉ်အစိတ်အပိုင်း အမျိုးမျိုး ထုတ်လုပ်ရေး စက်ရုံများတွင် ထုတ်လုပ်မှုကို နှောင့်နှေးစေပါတယ်။ ရလဒ်အဖြစ် ယာဉ်ပစ္စည်း အစိတ်အပိုင်းများ အချိန်မီ လုံလုံလောက်လောက် မရတဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ကားထုတ်လုပ်သူများ အပါအဝင် ဂျပန်ကုမ္ပဏီများ ထုတ်လုပ်မှု မကြာခဏ ယာယီရပ်ဆိုင်းထားကြရပါတယ်။
သို့ဖြစ်ရာ တရုတ်နိုင်ငံအပေါ်  မှီခိုအားထားမှုကို လျှော့ချနိုင်ဖို့ လျှို့ဝှက် စီမံကိန်းတစ်ခုကို Honda က လုပ်ကိုင်ခဲ့ကြောင်း Sanki သတင်းမီဒီယာက သတင်းဖော်ပြပါတယ်။ 
အဆိုပါသတင်းအပေါ် မှတ်ချက်ပြုဖို့ Honda က ငြင်းဆိုပါတယ်။
ဒါပေမဲ့ ယာဉ်ပစ္စည်းများ ထောက်ပံ့ရေးကွင်းဆက်ကို ယေဘုယျအားဖြင့် ဆန်းစစ်သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါတယ်။
ဂျပန်အစိုးရက ကုမ္ပဏီများကို ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့ပြီး ထုတ်လုပ်ရန် မက်လုံးများပေးခဲ့ဖူးပါတယ်။ ဂျပန်ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်ကို ရုတ်တရက် စွန့်ခွာဖို့ ခဲယဉ်းပါတယ်။ တရုတ်ပြည်မှာ ပစ္စည်းထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ကို အခိုင်အမာ ထူထောင်ထားတဲ့အပြင် တရုတ်ပြည်တွင်းဈေးကွက်ထံမှ ရရှိနေတဲ့ ဝင်ငွေကလည်း များပြားနေပါတယ်။
.
ဟွန်ဒါသည် တရုတ်နိုင်ငံတွင် ၎င်း၏ ကားအစီးရေ ၄၀ ရာခိုင်နှုန်းခန့်ကို  ထုတ်လုပ်လျက် ရှိပါတယ်။ တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်မှာ  Honda Motor ရောင်းအားက တစ်ကမ္ဘာလုံးရောင်းအားရဲ့  ၃၀% ကျော် ရှိပါတယ်။ တရုတ်ပြည်ကို ကျောခိုင်းပြှီး ဂျပန်မှာ ပြောင်းရွှေ့လုပ်ကိုင်ဖို့အတွက် ရုန်းထွက်ဖို့ ခက်လှပါတယ်။
.
တရုတ်နိုင်ငံနှင့် အမေရိကန်တို့အကြား ကြီးထွားလာနေတဲ့ ပဋိပက္ခကြောင့်  တရုတ်နိုင်ငံအပေါ် မမှီခိုဘဲ ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ရန် ကြိုးပမ်းနေကြပါတယ်။
.
"zero-China" တရုတ်ပြည်ဖြစ်ပစ္စည်း သုည တစ်နည်းပြောရရင် တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ပစ္စည်း တစ်ခုမှမပါဘဲ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်စေဖို့ နည်းလမ်းများ စူးစမ်းရှာဖွေကြပါတယ်။
.
Honda Motor သည် တရုတ်နိုင်ငံလုပ် အစိတ်အပိုင်းများကို တတ်နိုင်သမျှ အနည်းဆုံး အသုံးပြုပြီး အိမ်စီးကားများနှင့် ဆိုင်ကယ်များ တည်ဆောက်နိုင်ခြေကို ရရှိရန်  ပြန်လည်ဖွဲ့တည်မှု အကြီးစားအစီအစဉ်ကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ပါတယ်။
Honda Motor မှာ ထိပ်တန်းလျှို့ဝှက် အဆင့်သတ်မှတ်ပြီး တရုတ်သုည စီမံကိန်းကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်ကို စွန့်ခွာဖို့တော့ အစီအစဉ် မရှိပါဘူး။ 
.
တကယ်လို့ ထိုင်ဝမ်အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ရင် တရုတ်နိုင်ငံတွင် စီးပွားရေးဆက်လက်လုပ်ကိုင်မှာလား၊ ကျောခိုင်းမှာလား ဆိုတာကို ကုမ္ပဏီများသည် ရွေးချယ်ရရင် တရုတ်နိုင်ငံမှာ ဆက်လက်လုပ်ကိုင်ဖို့ကိုပဲ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ "တရုတ်သုည" ဖြင့် ကုန်ထုတ်လုပ်မှု လုပ်ကိုင်နိုင်ဖို့ လိုရမည်ရ ပြင်ဆင်ထားကြတာ ဖြစ်ပါတယ်။ 
သေချာတာကတော့ တရုတ်ပစ္စည်း မသုံးရင် ပစ္စည်းဖိုး ကုန်ကျစရိတ်များ သိသိသာသာ မြင့်မားနေမှာ ဖြစ်ပါတယ်။
.
အကယ်၍ ကုန်ကြမ်းနှင့် အစိတ်အပိုင်းများ အပါအဝင် တရုတ်နိုင်ငံမှ တင်သွင်းမှု တန်ဖိုးအားဖြင့် ယန်း ၁.၄ ထရီလီယံ (ကန်ဒေါ်လာ ၉.၄ ဘီလီယံ)ရဲ့ ၈၀% နှစ်လကြာ ရပ်တန့်နေပါက ဂျပန်နိုင်ငံမှာ အိမ်သုံးပစ္စည်းများ၊ ကား၊ ကော်စေ့၊ အဝတ်အထည်နှင့် စားသောက်ကုန်များ အပါအဝင် ထုတ်ကုန် အများအပြားကို ထုတ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
.
Honda Motor ရဲ့ မူဝါဒက တရုတ်နိုင်ငံကို ၎င်း၏ ၀င်ငွေအတွက် အဓိကကျသော ဘူမိနက်သန်အဖြစ် ခံယူထားတာကို ပြောင်းလဲမှာ မဟုတ်ပါ။
.
Honda Motor တရုတ်နိုင်ငံမှ မကြာမီ ထွက်ခွာရန် ရည်ရွယ်ချက်မရှိသော်လည်း ကုမ္ပဏီအနေဖြင့် အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ဆင်ထားကြောင်း သေချာစေရန်အတွက် "တရုတ်သုည" စီမံကိန်းကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
.
အရှေ့တောင်အာရှ ကဲ့သို့သော အခြားဒေသများမှ အစိတ်အပိုင်းများ ဝယ်ယူမှုကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ခြင်း၊ ဂျပန်ပြည်မှ ပစ္စည်းထုတ်လုပ်သူများထံမှ ဂျပန်ပြည်ဖြစ် ပစ္စည်းများ ဝယ်ယူမှုကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ခြင်း အစရှိသည်တို့ကို ပစ္စည်း ဝယ်ယူရရှိနိုင်မယ့် နိုင်ငံများ၊ ကုမ္ပဏီများ၊ အချိတ်အဆက်များကို စူးစမ်းလေ့လာပါတယ်။ ကုန်ကျစရိတ်၊ ကြာမြင့်ချိန် အစရှိသည်တို့ကို တွက်ချက်ခန့်မှန်းပါတယ်။
ယခုလို လုပ်ဆောက်တာဟာ အရေးပေါ်အတွက်သာဖြစ်ကြောင်း Honda ပြောရေးဆိုခွင့်ရှိသူက Nikkei သတင်းဌာနသို့ပြောကြားခဲ့ပါတယ်။
Source carguide, Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

Read 1122 times