အီးဗီ လျှော့စျေးနှုန်းစစ်ပွဲ အဆုံးသတ်ရန် တရုတ်ကားထုတ်လုပ်သူများ၏ ကတိကဝတ်  ၂ရက်အကြာတွင် ရုပ်သိမ်း


အီးဗီ လျှော့စျေးနှုန်းစစ်ပွဲ အဆုံးသတ်ရန် တရုတ်ကားထုတ်လုပ်သူများ၏ ကတိကဝတ်  ၂ရက်အကြာတွင် ရုပ်သိမ်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်ပြည်တွင်းဈေးကွက်မှာ လျှော့ဈေးနှုန်း စစ်ပွဲအဆုံးသတ်ရန် အစိုးရဝန်ကြီးဌာန ကမကထပြုပြီး ကားကုမ္ပဏီ ၁၆ ခုကို ပုံမှန်မဟုတ်သော အီးဗီ လျှော့စျေးနှုန်းများဖြင့် မရောင်းချဖို့ ကတိကဝတ်ပြုတဲ့ သဘောတူညီချက်ဟာ နှစ်ရက် အကြာမှာ ပျက်ပြယ်သွားခဲ့ပါတယ်။
ကားကုမ္ပဏီ ၁၆ ခု ကတိကဝတ် ၄ ချက် လက်မှတ်ထိုးကြတဲ့အကြောင်း Myanmar Automobile Guide မှာ ဖော်ပြခဲ့ပါတယ်


BYD, Tesla အပါအဝင် ကားလုပ်ငန်း ၁၆ ခု တရုတ်ပြည်မှာ အလွန်အကျွံ မပြိုင်ကြဖို့  သဘောတူ

https://www.automobiledirectory.com.mm/article/no-more-china-price-war.html



လက်မှတ်ရေးထိုးခဲ့ကြသည့် ကုမ္ပဏီများမှာ

• Dongfeng Motor, 
• China FAW, 
• SAIC, 
• BAIC, 
• Changan Automobile, 
• GAC, Chery, 
• JAC, 
• Geely, 
• China National Heavy Duty Truck, 
• Great Wall Motor, 
• BYD, 
• Nio, 
• Li Auto, 
• Xpeng, 
• Tesla
တို့ဖြစ်ပါတယ်။

.
လက်မှတ်ရေးထိုးခဲ့ကြပြီး ၂ ရက်အကြာမှာ Nio၊ Xpeng နှင့် Tesla ကဲ့သို့သော EV ထုတ်လုပ်သူများ ပါဝင်တဲ့ တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers(CAAM)က  "ပုံမှန်မဟုတ်သော လျှော့ဈေးနှုန်းများကို ရှောင်ရှားရန်" ဆိုတဲ့အချက်ကို ပယ်ဖျက်လိုက်ပါတယ်။

ယခုလို လုပ်ငန်းတွေ သဘောတူညီချက် ရယူပြီး ဈေးနှုန်းထိန်းတာဟာ လက်ဝါးကြီးအုပ်ဆန့်ကျင်ရေး ဥပဒေနှင့် ငြိစွန်းနေတဲ့အတွက် ပြန်ရုပ်သိမ်းလိုက်ရပါကြောင်း CAAM က ပြောကြားပါတယ်။

ကားထုတ်လုပ်သူ ၂၆ ခုတို့က ကြာသပတေးနေ့မှာ ကတိကဝတ်ပြုခဲ့ပြီး စနေနေ့မှာ အဆိုပါအချက်ကို ပြန်လည်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

CAAM က ၎င်းရဲ့ဝဘ်ဆိုက်မှာ အဆိုပါအချက် ရုပ်သိမ်းကြောင်း အသိပေးကြေညာခဲ့ပါတယ်။ ကုမ္ပဏီ ၁၆ ခုတို့ လက်ဝါးကြီးအုပ် ဆန့်ကျင်တိုက်ဖျက်ရေးဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာကြဖိူ့ကိုလည်း တိုက်တွန်းထားပါတယ်။ မိမိစိတ်ကြိုက် စျေးနှုန်းများဖြင့် မျှတစွာ ယှဉ်ပြိုင်ကြဖိူ့ကိုလည်း တိုက်တွန်းထားပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်မှာ ဈေးချရောင်းတဲ့ လျှော့ဈေးနှုန်းစစ်ပွဲ ပြန်လည်စတင်နေပါပြီ။ အီးဗီဝယ်စီးမယ့်သူများ ယခင်ကထက် သက်သာတဲ့ ဈေးနှုန်းများဖြင့် ရနိုင်မှာ ဖြစ်ပါတယ်။

Source insideev
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 362 times