BYD, Tesla အပါအဝင် ကားလုပ်ငန်း ၁၆ ခု တရုတ်ပြည်မှာ အလွန်အကျွံ မပြိုင်ကြဖို့  သဘောတူ


BYD, Tesla အပါအဝင် ကားလုပ်ငန်း ၁၆ ခု တရုတ်ပြည်မှာ အလွန်အကျွံ မပြိုင်ကြဖို့  သဘောတူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


 BYD၊ Tesla နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီကြီးများ၊ ဂျပန်၊ အမေရိကန်နှင့် ဥရောပ ကားထုတ်လုပ်သူများနှင့် ပြည်တွင်း ကားထုတ်လုပ်သူများ၏ ဖက်စပ်လုပ်ငန်းများ အပါအဝင် ကားထုတ်လုပ်ရေး ကုမ္ပဏီ ၁၆ ခုတို့သည် 'ပုံမှန်မဟုတ်သော လျှော့စျေးနှုန်း' အပါအဝင် တရုတ်စျေးကွက်တွင် အလွန်အကျွံ ပြိုင်ဆိုင်မှု မဖန်တီးရန် ကြာသပတေးနေ့ (ဇွန် ၆)တွင် သဘောတူညီခဲ့ကြသည်။
.
အာရှ၏အကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံ စီးပွားရေးသည် နှေးကွေးနေသဖြင့် လျှပ်စစ်ကားများ အပါအဝင် ကားအသစ်ရောင်းချမှုတွင် မော်တော်ကားထုတ်လုပ်သူများအကြား စျေးနှုန်းများ လျှော့ခပေးပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာစေသည်။

အထူးသဖြင့် အီးဗီများကို တရုတ်ပြည်တွင်းဈေးကွက်တွင် အဝယ်များကြသဖြင့် မိမိကုမ္ပဏီမှ အီးဗီကို ရွေးချယ်ဝယ်ယူအောင် ဈေးလျှော့ချရောင်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာသည်။

အချို့သော အဓိက ကားထုတ်လုပ်သူများသည် ကားရောင်းဈေးကို လျှော့ချနိုင်ရန် ယာဉ်အစိတ်အပိုင်း ဝယ်ယူသည့် စျေးနှုန်းများကို  လျှော့ချမည်ဖြစ်ကြောင်း ပစ္စည်းပေးသွင်းသူများကို ကြိုတင်အသိပေး အကြောင်းကြားခဲ့ကြသည်။ ထိုအခါ ပစ္စည်းပေးသွင်းသူများက ချက်ချင်း ကန့်ကွက်ကြသည်။ အစိုးရက ကြားဝင်ကြပ်မတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့ဖြစ်ရာ အစိုးရက ကားထုတ်လုပ်သူများကို အကြံပြုခဲ့သည်။

ကားထုတ်လုပ်သူများသည် တရုတ်အစိုးရမှ အကြံပြုသည်ကို လိုက်နာသောအားဖြင့် ရှန်ဟိုင်းတွင် ကြာသပတေးနေ့က ကျင်းပသည့် နိုင်ငံတကာ ညီလာခံတစ်ခုမှာ "မော်တော်ကားလုပ်ငန်းကဏ္ဍတွင် သင့်တင့်သော စျေးကွက် စနစ်တကျရှိခြင်းကို ထိန်းသိမ်းရန် သဘောတူလက်ခံပါကြောင်း စာချွန်လွှာ"ကို ကုမ္ပဏီ ၁၆ ခုက  လက်မှတ်ရေးထိုးခဲ့ကြသည်။
.
မော်တော်ယာဉ်မူဝါဒရေးရာ တာဝန်ယူထားသည့် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် မျက်မြင်သက်သေအဖြစ် ပါဝင်ခဲ့သည်။

 အဆိုပါ စာချွန်လွှာတွင် ကတိကဝတ် လေးချက်ပါရှိသည်။

(၁) ပုံမှန်မဟုတ်သော လျှော့ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း သင့်တင်လျောက်ပတ်သော ယှဉ်ပြိုင်မှု စနစ်တကျ ရှိခြင်းကို မနှောင့်ယှက်ရန်၊

(၂) ပုံကြီးချဲ့ ကြော်ငြာခြင်းဖြင့် စားသုံးသူများကို လှည့်စားခြင်း မပြုရန်

(၃) အရည်အသွေးမြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပေးရန်၊
 
 (၄) လူမှုရေး တာဝန်ယူခြင်း တာဝန်ခံခြင်းများကို တက်ကြွစွာ ထမ်းဆောင်ဖြည့်ဆည်းပေးရန်၊

ကုမ္ပဏီ ၁၆ ခုသည်  ပြည်တွင်းဈေးကွက် ကားသစ်ရောင်းချမှုတွင် ကားအများစုကို ရောင်းချနေသည့် ကုမ္ပဏီများ ဖြစ်သည်။
၎င်းကုမ္ပဏီ ၁၆ ခုတွင် Zhejiang Geely Holding Group ၊ BYD ၊ Li Auto ၊ Tesla တို့ ပါဝင်သည်။

နိုင်ငံပိုင်လုပ်ငန်းကြီးများ ဖြစ်ကြသည့် SAIC Motor နှင့် China FAW Group တို့ လည်း ပါဝင်သည်။ 
၎င်းတို့သည် Toyota ၊ Volkswagen တို့နှင့် ဖက်စပ်လုပ်ငန်းများ ထူထောင်ထားသည့်  ကုမ္ပဏီကြီး နှစ်ခု ဖြစ်ပါသည်။

ယခု သဘောတူညီချက်အရ တရုတ်ပြည်တွင်း ကားအသစ် ဈေးကွက်ထဲ ပြင်းထန်နေသည့် ဈေးလျှော့စစ်ပွဲ  price war  အဆုံးသတ်သွားပြီဟု ယူဆနိုင်ပါသည်။

.

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 236 times