တရုတ်နိုင်ငံ တစ်နှစ်တာ အရောင်းရဆုံး ကားအမှတ်တံဆိပ် အဖြစ်သို့ BYD ပထမဆုံးအကြိမ် ရောက်ရှိ


တရုတ်နိုင်ငံ တစ်နှစ်တာ အရောင်းရဆုံး ကားအမှတ်တံဆိပ် အဖြစ်သို့ BYD ပထမဆုံးအကြိမ် ရောက်ရှိ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် တရုတ်ဈေးကွက်မှာ ကားအသစ် အစီးရေ ၂၁,၇၀၆ သန်း ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ရောင်းအား ၅.၆% ပိုများခဲ့သည်။
 
ကားအသစ်ဈေးကွက် တခုလုံးအနေဖြင့် ရောင်းအား ၅% မြင့်တက်ခဲ့သည်။ အီးဗီစစ်စစ်နှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီတို့ ရောင်းအားတက်သည်။ အင်ဂျင်ကားများ ရောင်းအားကျသည်။ 
အင်ဂျင်ကားများ ရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် အစီးရေ ၁၄.၈၇၀ သန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အစီးရေ ၁၃.၉၅၈ သန်းသို့ လျော့ကျသည်။ ရာခိုင်နှုန်းအားဖြင့် ၆.၁% ကျဆင်းသည်။
အီးဗီစစ်စစ်နှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီတို့ နှစ်မျိုး စုစုပေါင်းရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် အစီးရေ ၅.၆၇၉ သန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အစီးရေ ၇.၇၄၈ သန်းသို့ မြင့်တက်သည်။ ရာခိုင်နှုန်းအားဖြင့် ၃၆.၅%  မြင့်တက်သည်။

အီးဗီစစ်စစ်နှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီတို့၏ ရောင်းအားစုစုပေါင်းသည် ကားအမျိုးမျိုး စုစုပေါင်းရောင်းအား၏ ၃၅.၇%  ရှိသည်။

 CPCA မှ ထုတ်ပြန်သော ရောင်းအား စာရင်းသည် တရုတ်ပြည်တွင် ထုတ်လုပ်ပြီး လက်လီရောင်းချသည့် အိမ်စီးကားများသာ အကျုံးဝင်သည်။ ပြည်ပမှ တင်သွင်းသည့်ကားများ၊ လုပ်ငန်းသုံးယာဉ်များ မပါဝင်ပါ။


အမှတ်တံဆိပ်တို့၏ ဈေးကွက်ကြီးစိုးမှု

၂၀၂၃ ခုနှစ်တွင် အစီးရေ ၁ သန်းကျော် ရောင်းချခဲ့သည့် အမှတ်တံဆိပ် ၄ ခုသာ ရှိသည်။ ၎င်းတို့သည် ၂၀၂၂ ခုနှစ်တွင်လည်း အစီးရေ ၁ သန်းကျော် ရောင်းချခဲ့ကြသည်။ ၎င်းတို့မှာ
•  BYD
•  Volkswagen
•  Toyota
•  Honda
တို့ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ် ထိပ်တန်းရောင်းအားကောင်းသည့် ကားကုမ္ပဏီများတွင် BYD ထိပ်ဆုံး ရောက်ရှိခဲ့သည်။ အစီးရေ ၂၅ သိန်းကျော် ရောင်းချခဲ့သည်။
BYD သည် ၂၀၂၃ ခုနှစ်တွင် သုံးလပတ် ၄ ခုစလုံး ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေခဲ့သည်။ ဈေးကွက်ဝေစု ၁၁.၈၅% ရရှိသည်။

Volkswagen သည်  ၂၀၂၂ ခုနှစ်တွင် သုံးလပတ် ၄ ခုစလုံး ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်  သုံးလပတ် ၄ ခုစလုံး ဆက်တိုက် ဒုတိယနေရာမှာ ရှိနေခဲ့သည်။ အစီးရေ ၂၂ သိန်းကျော် ရောင်းချခဲ့သည်။ ဈေးကွက်ဝေစု ၁၀.၂၇% ရရှိသည်။

Toyota သည် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၁၇ သိန်းကျော် ရောင်းချပြီး တတိယနေရာ ရရှိသည်။ ဈေးကွက်ဝေစု ၇.၈၄% ရရှိသည်။

Honda သည် အစီးရေ ၁၂ သိန်းနီးပါး ရောင်းချပြီး စတုတ္ထနေရာ ရရှိသည်။

Changan သည် အစီးရေ ၉ သိန်းကျော် ရောင်းချပြီး ပဉ္စမနေရာ ရရှိပါသည်။


စွမ်းအင်သစ်သုံး မော်တော်ယာဉ် နယ်ပယ်တွင် BYD ကြီးစိုးထားသည်။ အီးဗီစစ်စစ် ဈေးကွက်တွင် ဈေးကွက်ဝေစု ၂၆% ရရှိသည်။ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီ ဈေးကွက်တွင် ဈေးကွက်ဝေစု ၄၈% ရရှိသည်။


၂၀၂၃ ခုနှစ် ဘက်ထရီသုံးလျှပ်စစ်ကား ရောင်းအား ကမ္ဘာ့အများဆုံး သရဖူ Tesla ဆက်လက် ရရှိ
https://www.automobiledirectory.com.mm/article/-tesla-crown-2023-sale.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ



တရုတ်ပြည် လျှပ်စစ်ကားစစ်စစ် ဈေးကွက်

လျှပ်စစ်ကားစစ်စစ် ဈေးကွက်တွင် BYD သည် အစီးရေ ၁၃ သိန်းကျော် ရောင်းချပြီး ပထမနေရာ ရရှိသည်။ ဈေးကွက်ဝေစု ၂၅.၅၈% ရရှိသည်။

Tesla သည် ဒုတိယနေရာ ရရှိသည်။ အစီးရေ ၆ သိန်းကျော် ရောင်းချခဲ့ပြီး အများစုမှာ Model Y ရောင်းအားဖြစ်သည်။ Model Y အစီးရေ ၄၅၆,၀၀၀ ကျော် ရောင်းချခဲ့သည်။

လျှပ်စစ်ကားစစ်စစ် ရောင်းအားတွင် Aion က တတိယ၊ Wuling က စတုတ္ထနှင့် Nio က ပဉ္စမ နေရာအသီးသီး ရရှိပါသည်။

 


အရောင်းရဆုံး မော်ဒယ် ၃ ခု


၂၀၂၃ ခုနှစ်တွင် တရုတ်ဈေးကွက်မှာ အရောင်းရဆုံး မော်ဒယ် ၃ ခုနှင့် ရောင်းအားမှာ

•  Tesla Model Y:  ၄၅၆,၃၉၄ စီး
•  BYD Qin Plus: ၄၃၄,၂၁၃ စီး
•  BYD Song Plus: ၃၉၀,၂၁၃

Source: Dongchedi;Yiche
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 197 times